တရုတ်ကုမ္ပဏီ ဂျပန်တွင် လွန်ခဲ့သည့် ၂ နှစ်က ကျွန်းဝယ်ခဲ့သည်အပေါ် ပွဲဆူ


17 February, 2023

တရုတ်ကုမ္ပဏီ ဂျပန်တွင် လွန်ခဲ့သည့် ၂ နှစ်က ကျွန်းဝယ်ခဲ့သည်အပေါ် ပွဲဆူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရှန်ဒေါင်ပြည်နယ် ချင်ဒေါင်မှ အသက် ၃၄ နှစ်ရှိ တရုတ်အမျိုးသမီး Tina Zhang က ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုမှ ပင်မကျွန်းကြီးရဲ့ မြောက်ဘက်မှာ တည်ရှိသည့်  Yanaha Island သို့ သွားရောက်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတိုကို TikTok အလားတူ တရုတ်ပြည်တွင်း ဗီဒီယိုပလက်ဖောင်း Douyin မှာ တင်ပြခဲ့ပြီး ၎င်းကျွန်းရဲ့ မြေဧရိယာတစ်ဝက်ကို ၂၀၂၀ မှာ သူမရဲ့ ဆွေမျိုးက ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 


Yanaha တည်နေရာက Kadena ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းမှ ၆၀ ကီလိုမီတာခန့်သာ ဝေးကွားပြီး ဝယ်ယူသူက တရုတ်နိုင်ငံသား ဖြစ်နေတဲ့အတွက် သင်္ကာမကင်း ဖြစ်ကြပြီး ပွဲဆူသွားပါတယ်။

စုံစမ်းဖော်ထုတ်ခဲ့ကြရာမှာ တိုကျိုမြို့မှာ ဖွင့်လှစ်ထားတဲ့ တရုတ်ပြည်နှင့် အချိတ်အဆက်ရှိတဲ့ ကုမ္ပဏီတစ်ခုက ဝယ်ယူခဲ့ကြောင်း သိရှိရပါတယ်။
ကျွန်းကို အုပ်ချုပ်စီမံတဲ့ Izena ရွာက ဧရိယာ ၇၄၀,၀၀၀ စတုရန်းမီတာရှိတဲ့ ကျွန်းရဲ့ ၂၆% ကို ပိုင်ဆိုင်ပြီး ကမ်းခြေဧရိယာ အများစု ပါဝင်ပါတယ်။ 
အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုနှင့် အပန်းဖြေစခန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် လုပ်ကိုင်တဲ့ တရုတ်ကုမ္ပဏီက ကျွန်းပေါ်ရှိ မြေကွက်များကို ယခင်ပိုင်ရှင်ထံမှ ဝယ်ယူခဲ့ကြောင်း၊ ကျွန်းရဲ့ ၅၀%ကို ပိုင်ဆိုင်ကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောကြားပါတယ်။ 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပိုင်ရှင် ပြောင်းလဲကြောင်းကို ရွာမှ သိရှိခဲ့သော်လည်း ပိုင်ရှင်အသစ်မှာ တရုတ်ကုမ္ပဏီဖြစ်ကြောင်း ထိုအချိန်က  မသိခဲ့ပေ။
ကုမ္ပဏီဝဘ်ဆိုဒ်မှာ "လက်ရှိ အပန်းဖြေစခန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို လုပ်ဆောင်နေပါသည်။" လို့ ဖော်ပြထားပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ကက်ဘိနက်အတွင်းဝန်ချုပ် Hirokazu Matsuno က Yanaha ကျွန်းဟာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတဲ့ မြေယာအသုံးပြုမှုကို ထိန်းချုပ်တဲ့ ဥပဒေနဲ့ မသက်ဆိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
“ဆက်နွယ်နေတဲ့ တိုးတက်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ” လို့ Matsuno က ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဝယ်ခဲ့တာဖြစ်ပြီး အခုမှ လူမှုကွန်ရက်မှာ တင်လိုက်တဲ့အတွက် လူသိများပြီး ပွဲဆူသွားခဲ့တာ ဖြစ်ပါတယ်။ ပုဂ္ဂလိက မြေပိုင်ခွင့် မပေးတဲ့ တရုတ်ပြည်မှ ကုမ္ပဏီက မြေဝယ်ယူလိုက်တဲ့အတွက်ကြောင့်လည်း အရှိန်တက်နေတာ ဖြစ်ပါတယ်။
Source japannews
 

Global News Read 2227 times