နေထိုင်စရိတ် ကမ္ဘာ့ဈေးအကြီးဆုံး မြို့ကြီးများတွင် အာရှမြို့ကြီး ၂ မြို့ ပါဝင် 


01 December, 2023

နေထိုင်စရိတ် ကမ္ဘာ့ဈေးအကြီးဆုံး မြို့ကြီးများတွင် အာရှမြို့ကြီး ၂ မြို့ ပါဝင် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


စင်ကာပူနှင့် ဇူးရစ် တို့သည် ယခုနှစ်တွင် နေထိုင်စရိတ် ကမ္ဘာ့စျေးအကြီးဆုံးမြို့ကြီးများအဖြစ် Economist Intelligence Unit (EIU) က ကြာသပတေးနေ့ (နိုဝင်ဘာ ၃၀) တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းမြို့ကြီးများနောက်တွင် ဂျနီဗာ၊ နယူးယောက်နှင့် ဟောင်ကောင်တို့ အစဉ်အတိုင်း ရှိနေပါသည်။ 

 

 မြို့ပြနေထိုင်စရိတ်သည် ပျမ်းမျှအားဖြင့် ယမန်နှစ်ကထက် ၇.၄% မြင့်တက်သည်။ 
အသုံးများသော ကုန်စည်နှင့် ဝန်ဆောင်မှု ၂၀၀ ကျော်တို့၏ ဈေးန‌ှုန်းများကို နိုင်ငံသုံးငွေအသီးသ‌ီးဖြင့် နိုင်ငံအလိုက် တွက်ချက်ပြီးမှ နိုင်ငံအားလုံး၏ ပျမ်းမျှရာခိုင်နှုန်းကို အဖြေထုတ်ထားခြင်း ဖြစ်ပါသည်။ 

စင်ကာပူသည် လွန်ခဲ့သည့် ဆယ့်တစ်နှစ်တာကာလအတွင်း ထိပ်ဆုံးမ‌ှာ ၉ ကြိမ်တိုင်တိုင် ရပ်တည်ခဲ့သည်။
ဇူးရစ်သည် စင်ကာပူနှင့်အတူ ပထမနေရာတွင် ရပ်တည်ပါသည်။ 
ဂျနီဗာနှင့် နယူးယောက်တို့သည် တတိယနေရာတွင် ပူးတွဲရပ်တည်ပါသည်။ 
ဟောင်ကောင်က ပဉ္စမ၊ လော့အိန်ဂျယ်လိစ်က ဆဋ္ဌမ နေရာအသီးသီး ရရှိပါသည်။

 

 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 334 times