ကမ္ဘာ့အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် စုပ်ယူစက်ရုံ


03 October, 2021

 

လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးတဲ့ Iceland ကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး စက်ရုံတခုကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး လည်ပတ်နေပါပြီ။ ဆွစ်ဇာလန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ နည်းပညာကုမ္ပဏီ CLIMEWORKS က လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို အဓိကထားပြီး တိုက်ရိုက်စုပ်ယူနေတာပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ဖယ်ရှားပြီး ထာဝရသိုလှောင်ပေးနေတဲ့ ကုမ္ပဏီ CARBONFIX နဲ့ CLIMEWORKS AG ကုမ္ပဏီတို့ ပူးပေါင်းပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၄,၀၀၀ စုပ်ယူဖို့ သဘောတူထားပါတယ်။ 

လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးနေတဲ့ ORCA စက်ရုံမှာတော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသုံး ကုန်သေတ္တာတွေနဲ့ ပုံစံတူ သေတ္တာကြီး ၈ လုံး ရှိပါတယ်။ အဲဒီသေတ္တာကြီးတွေထဲမှာ အဆင့်မြင့်နည်းပညာသုံး လေစစ်ကိရိယာတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ စုပ်ယူမယ့် လေစုပ်ပန်ကာတွေ တပ်ဆင်ထားတာပါ။

လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးတဲ့ Iceland ကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး စက်ရုံတခုကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး လည်ပတ်နေပါပြီ။ ဆွစ်ဇာလန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ နည်းပညာကုမ္ပဏီ CLIMEWORKS က လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို အဓိကထားပြီး တိုက်ရိုက်စုပ်ယူနေတာပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ဖယ်ရှားပြီး ထာဝရသိုလှောင်ပေးနေတဲ့ ကုမ္ပဏီ CARBONFIX နဲ့ CLIMEWORKS AG ကုမ္ပဏီတို့ ပူးပေါင်းပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၄,၀၀၀ စုပ်ယူဖို့ သဘောတူထားပါတယ်။ 

လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးနေတဲ့ ORCA စက်ရုံမှာတော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသုံး ကုန်သေတ္တာတွေနဲ့ ပုံစံတူ သေတ္တာကြီး ၈ လုံး ရှိပါတယ်။ အဲဒီသေတ္တာကြီးတွေထဲမှာ အဆင့်မြင့်နည်းပညာသုံး လေစစ်ကိရိယာတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ စုပ်ယူမယ့် လေစုပ်ပန်ကာတွေ တပ်ဆင်ထားတာပါ။

အဲဒီလို စုပ်ယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ရေနဲ့ရောပြီး မြေကြီးအောက် အတော်နက်တဲ့နေရာထိ ပိုက်တွေနဲ့ ထိုးသွင်းလိုက်တာပါ။ အဲဒီရေတွေက နောက်ပိုင်းမှာ အစိုင်အခဲတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ ဒီလုပ်ငန်းအတွက် သုံးတဲ့ လျှပ်စစ်ဓာတ်အားကိုတော့ အနီးအနားမှာရှိတဲ့ GEOTHERMAL မြေတွင်းအပူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနေတဲ့ ပြန်ပြည့်မြဲစွမ်းအင် စက်ရုံကနေ ရယူပါတယ်။

“ORCA စက်ရုံ စပြီး လည်ပတ်နေပါပြီ။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးနေတဲ့ ကမ္ဘာပေါ်က အကြီးဆုံး စက်ရုံလည်း ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၄,၀၀၀ လောက် နှစ်စဉ် စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါ အကြီးအကျယ် စုပ်ယူနိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ နောက်တော့ အဲဒီလို စုပ်ယူထားတဲ့ ဓာတ်ငွေ့တွေကို ကျနော်တို့ရဲ့မိတ်ဘက် CARBFIX ကုမ္ပဏီက မြေကြီးထဲ ပို့လွှတ်ပါလိမ့်မယ်။ မြေကြီးထဲရောက်သွားတဲ့ အဲဒီ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေက မီးသင့်ကျောက်တွေအဖြစ် အသွင်ပြောင်းသွားပါလိမ့်မယ်။ ဒါတွေက ၂ နှစ်အတွင်း ဖြစ်လာမယ့် ဖြစ်စဉ်တွေပါ။ ဒါကြောင့်လည်း ဒီနည်းလမ်းက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ထာဝရ ဖယ်ရှားပေးမယ့် လက်ရှိ အထိရောက်ဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။”

ဒီပမာဏဟာ ကားအစီးပေါင်း ၇၉၀ လောက်က နှစ်စဉ်ထုတ်လွှတ်တဲ့ ညစ်ညမ်း လေထုပမာဏနဲ့လည်း ညီမျှပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝန်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၃၁.၅ ဘီလီယံထိ ရှိခဲ့ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ သူတို့ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ လေထုထဲက ဖယ်ရှားပစ်ချင်တယ်ဆိုရင် CLIMEWORKS ကုမ္ပဏီကို လစဉ်ကြေးပေးပြီး ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

“လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို စုပ်ယူပြီး မြေအောက်မှာ သိုလှောင်ပေးမယ့် ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေရော ကော်ပိုရေးရှင်းကြီးတွေ အတွက်ပါ လုပ်ကိုင်ပေးပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ဖောက်သည်တွေကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ဖယ်ရှားတဲ့နေရာမှာ စွန့်ဦးတီထွင်သူတွေအဖြစ် သတ်မှတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဖယ်ရှားပစ်ချင်ကြတဲ့ ပုဂ္ဂလိကပိုင်း ကုမ္ပဏီတွေအနေနဲ့ ကျနော်တို့ရဲ့ WEBSITE ဖြစ်တဲ့ CLIMEWORKS.COM ထဲကိုဝင်ပြီး လစဉ်ကြေးနဲ့ ဝန်ဆောင်မှု ရယူနိုင်ပါတယ်။ အဲဒီဓာတ်ငွေ့တွေကိုလည်း မြေအောက်မှာ ထာဝရ သိုလှောင်ပေးထားမှာ ဖြစ်ပါတယ်။”

လစဉ်ကြေးပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ စုပ်ယူခိုင်းကြတဲ့ အထဲက လက်ရှိ နာမည်ကြီး ဖောက်သည်တွေထဲမှာ MICROSOFT, STRIPE ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ၊ SHOPIFY အွန်လိုင်းဈေးဝယ်ကုမ္ပဏီ၊ AUDI ကားကုမ္ပဏီတို့လည်း ပါဝင်ပါတယ်။ ORCA စက်ရုံကနေ အဲဒီကုမ္ပဏီအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ စုပ်ယူ ဖယ်ရှားပေးနေတာ ဖြစ်ပါတယ်။

 

 

ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ခုလို တိုက်ရိုက်စုပ်ယူ ဖယ်ရှားပေးတဲ့ နည်းပညာကုမ္ပဏီ အနည်းအကျဉ်းပဲ ရှိပါသေးတယ်။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ သိပ်သည်းလာတာကြောင့် အပူလှိုင်းကြီးတွေ၊ တောမီးကြီးတွေနဲ့ ရေကြီးရေလျှံမှုအပြင် ပင်လယ်ရေ မြင့်တက်မှုတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့်လည်း အဲဒီ ညစ်ညမ်းလေထုကို စုပ်ယူမယ့်ကိစ္စက ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အလွန်ကို အရေးပါတယ်လို့ သိပ္ပံပညာရှင်တွေက ရှုမြင်ကြပါတယ်။

ဒီနည်းပညာတွေက အကုန်အကျ များလှပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်အောင် နည်းလမ်းရှာလာနေကြတဲ့ ကုမ္ပဏီတွေနဲ့ ဖောက်သည်တွေ တနေ့တခြား ပိုတိုးလာနေတာကြောင့် ဒီနည်းပညာအတွက် ကုန်ကျစရိတ်တွေ မကြာခင် ဈေးနှုန်းသက်သာလာမယ်လို့ နည်းပညာထုတ်လုပ်သူတွေက မျှော်လင့်နေပါတယ်။

CLIMEWORKS ကုမ္ပဏီကတော့ ORCA စက်ရုံထက် အရွယ်အစားပိုကြီးတဲ့ စက်ရုံ ထပ်ဆောက်ဖို့ ပြင်ဆင်ထားပါပြီ။

“ORCA ထက် ဆယ်ဆလောက်ပိုကြီးတဲ့ စက်ရုံ ဆောက်ဖို့လည်း လုပ်ကိုင်နေပါတယ်။ ဒီလို အလားတူ နည်းပညာမျိုးနဲ့ပဲ လာမယ့် ၂ နှစ်ကနေ ၃ နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ဆယ်ဆ ပိုပြီး စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဥတုရာသီဆိုင်ရာ သိပ္ပံပညာအရ ဒီရာစုနှစ်ဝက်လောက် အရောက်မှာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၉,၀၀၀ ကျော် နှစ်စဉ် စုပ်ယူထားရမှာ ဖြစ်ပါတယ်။”

ကမ္ဘာတဝန်း လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ တိုက်ရိုက်စုပ်ယူတဲ့ စက်ရုံပေါင်း ၁၅ ခုရှိပြီး အဲဒီကနေ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန် ၉,၀၀၀ လောက် စုပ်ယူနေတယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ပြောပါတယ်။ အမေရိကန် ရေနံထုတ်ယူရေးကုမ္ပဏီ OCCIDENTAL ကလည်း အလားတူ စက်ရုံ တည်ဆောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာရှိတဲ့ ရေနံတွင်းတွေအနီး လေထုထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တန်ချိန် ၁ သန်းလောက် နှစ်စဉ်စုပ်ယူဖို့ ပြင်ဆင်နေပါတယ်။

ORCA ကုမ္ပဏီကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ဖယ်ရှားပေးနေတယ် ဆိုပေမယ့် ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှု ပြဿနာတရပ်လုံးကို ဖြေရှင်းပေးမယ့် အဖြေတရပ် မဟုတ်ဘူးလို့လည်း သတိပေး ပြောဆိုနေတာပါ။ ခုလို ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်တွေ ပိုပြီး ပြင်းထန်ဆိုးရွားလာသလို လူမှုစီးပွားအပေါ် သက်ရောက်မှုတွေလည်း ပိုတွေ့လာနေရပါတယ်။ ဒါကြောင့်လည်း ဥတုရာသီ ပြောင်းလဲမှုအရေး နိုင်ငံစုံ တညီတညွတ်တည်း ဝိုင်းဝန်းလုပ်ကိုင်ကြဖို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း အပူတပြင်း တိုက်တွန်းနေတာ ဖြစ်ပါတယ်။

ဗီအိုအေ


 

 

How To Read 1150 times