ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားစွမ်းအင်စက်ရုံ စီးပွားဖြစ် စတင်လည်ပတ် 


07 December, 2023

ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားစွမ်းအင်စက်ရုံ စီးပွားဖြစ် စတင်လည်ပတ် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေရှိ ကမ္ဘာ့ပထမဆုံး စတုတ္ထမျိုးဆက် နျူကလီးယားစွမ်းအင်စက်ရုံဖြစ်သော Shidaowan အပူချိန်မြင့်ဓာတ်ငွေ့အအေးပေးစနစ် ဓာတ်ပေါင်းဖို (HTGR) နျူကလီးယားစွမ်းအင်စက်ရုံသည် စီးပွားဖြစ်လည်ပတ်မှု တရားဝင်စတင်ပြီဖြစ်ကြောင်း အမျိုးသား စွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် China Huaneng Group တို့က ဒီဇင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။

တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်တွင် တည်ရှိသော Shidaowan  နျူးကလီယား ဓာတ်ပေါင်းဖိုသည် ဓာတ်ငွေ့ဖြင့် အအေးပေးသည့် အပူချိန်မြင့် ဓာတ်ပေါင်းဖို  high temperature gas-cooled reactor (HTGR)  အမျိုးအစားဖြစ်ပြီး တပတ်ကြာ ၁၆၈ နာရီ စမ်းသပ်လည်ပတ်ခဲ့ပြီးနောက် ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခဲ့သည်ဟု နိုင်ငံပိုင်  China National Nuclear Corporation (CNNC) က ဗုဒ္ဓဟူးနေ့ ( ဒီဇင်ဘာ ၆) တွင် ကြေညာချက် ထုတ်ပြန်သည်။ 

စတုတ္ထမျိုးဆက် နျူကလီယားဓာတ်ပေါင်းဖိုများသည် ကမ္ဘာတစ်ဝှမ်းတွင် လက်ရှိသုံးစွဲနေသော များသောအားဖြင့် ရေဖြင့် အအေးပေးသည့် နျူကလီးယားဓာတ်ပေါင်းဖိုများကို အစားထိုးသုံးစွဲရန် ဒီဇိုင်းထုတ်ထားသည်။

အပူချိန်မြင့်မားသည့် ဓာတ်ပေါင်းဖိုကို ရေဖြင့် အအေးပေးခြင်းအစား ဟီလီယမ်ဓာတ်ငွေ့ကို သုံးစွဲထားသည်။ သို့ဖြစ်ရာ ရေပေါပေါ်များများ မရနိုင်သည့် နေရာဒေသများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ 


CNNC, Tsinghua နှင့် China Huaneng Group တို့ ပူးပေါင်းလုပ်ကိုင်ခဲ့ကြပြီး လုပ်ငန်းလည်ပတ်ရန်အတွက်လည်း ဆက်လက်ပူးပေါင်းလုပ်ကိုင်သွားကြမည် ဖြစ်သည်။ 

Shidaowan နျူးကလီးယား ပါဝါ စက်ရုံ
Photo: Weibo

 

အဆိုပါ ဓာတ်ပေါင်းဖိုကို ၂၀၁၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။ 250 megawatt အပူစွမ်းအင်သုံး ဓာတ်ပေါင်းဖို ၂ လုံး ပါဝင်သည်။ Shidaowan HTGR  တွင် သုံးစွဲထားသော ပစ္စည်းများတွင် ၉၃.၄ ရာခိုင်နှုန်းသည် တရုတ်ပြည်တွင်းမှ ရယူထားသည်ဟု CNNC က ပြောကြားသည်။ 

ဓာတ်ပေါင်းဖို၏ ထူးခြားချက်မှာ ပင်ကိုအားဖြင့် ဘေးကင်းသည့် ဒီဇိုင်းကို သုံးစွဲထားသည်။ ဓာတ်ပေါင်းဖို့ ရုတ်တရက် ထိခိုက်ချို့ယွင်းလျှင် ဖြစ်စေ၊ ငလျင်လှုပ်ခြင်းကဲ့သို့သော ပြင်ပမှ သက်ရောက်မှုကြောင့် ထိခိုက်ပျက်စီးလျှင် ဖြစ်စေ အူတိုင် အပူလွန်ပြီး အရည်ပျော်ကျခြင်း မဖြစ်ပွားချေ။ 


စတုတ္ထမျိုးဆက် ဓာတ်ပေါင်းဖိုများသည် ယနေ့ခေတ် ကမ္ဘာတစ်ဝှမ်းရှိ ဓာတ်ပေါင်းဖိုအများစုထက် အပူချိန်ပိုမိုမြင့်မားစွာ လည်ပတ်နိုင်ရန် ရည်ရွယ်ထားသည်၊ လျှပ်စစ်ဓာတ်အားအပြင် ဟိုက်ဒရိုဂျင်ကိုလည်း ထုတ်လုပ်ပေးသည်။  

ဓာတ်ပေါင်းဖိုမှထုတ်လုပ်သော ဟိုက်ဒရိုဂျင်ကို လောင်စာအဖြစ်သာမက စက်မှုလုပ်ငန်းအမျိုးမျိုးတွင် အသုံးပြုနိုင်သည်။


 နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အဆိုအရ အခြားသော စတုတ္ထမျိုးဆက် နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်'များကို အမေရိကန်၊ ဂျပန်နှင့် ကနေဒါတို့တွင် သုတေသနနှင့် ဒီဇိုင်းရေးဆွဲ လုပ်ဆောင်နေသော်လည်း စတင်တည်ဆောက်ခြင်း မရှိသေးပေ။


တရုတ်နိုင်ငံသည် ၂၀၃၅  ခုနှစ်တွင် နျူကလီးယားမှ ပြည်တွင်း ဓာတ်အားသုံးစွဲမှုအတွက် ထုတ်လုပ်သည့် ဓာတ်အား စုစုပေါင်း၏ ၁၀% နှင့် ၂၀၆၀ ခုနှစ်တွင် ၁၈% ထုတ်လုပ်ရန် ရည်မှန်းချက်ထားရှိပါသည်။ 
Source SCMP
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Energy News Read 302 times