မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်းသာ ကြီးထွားမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း


01 April, 2023

မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်းသာ ကြီးထွားမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်းမှာ ဆိုးရွားစွာ ကျဆင်းနေပြီး  စက်တင်ဘာလအထိ ဘဏ္ဍာနှစ်တွင် GDP  ၃ ရာခိုင်နှုန်းသာ တိုးလာရန် မျှော်မှန်းထားကြောင်း၊ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် တိုင်းပြည်သည် ပဋိပက္ခများထဲ ဆက်မြှုပ်နေဆဲ ဖြစ်သဖြင့် စီးပွားရေး ဆက်လက်ဆုတ်ယုတ်နိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်တဲ့ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ 

နေရာအနှံ့  အကြမ်းဖက်မှုများ၊ ပိုမိုဆိုးရွားလာသော လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် မူဝါဒကျဆုံးမှုများက နဂိုကတည်းက  နိုင်ငံရေးနှင့် လူမှုရေးမတည်ငြိမ်မှုများကြောင့် ချိနဲ့နေသော စီးပွားရေးကို ဆက်လက်နှောင့်ယှက်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဒေသတွင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ 

"လျှပ်စစ်မီး မလုံလောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်မှုများ၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များ၊ စည်းမျဉ်းစည်းကမ်း မသေချာမရေရာမှုများ ဆက်လက်ရှိနေချိန်တွင် စီးပွားရေးပတ်ဝန်းကျင်သည် ရုပ်ပိုင်းဆိုင်ရာအရ ပိုမိုကောင်းမွန်လာဖွယ်မရှိကြောင်း" အစီရင်ခံစာက ဆိုပါတယ်။ 

မြန်မာ့စီးပွားရေး ထုတ်လုပ်မှုဟာ ၂၀၁၉ ခုနှစ်မှာ မြင်တွေ့ရတဲ့ ရေချိန်အောက်မှာပဲ ဆက်ရှိနေမယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ 

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ ဂျီဒီပီ ၂၀၂၁ ခုနှစ်မှာ ၁၈%ခန့် ကျုံ့သွားခဲ့ပြီး ၂၀၂၂ မှာ ၃% ကြီးထွားခဲ့ပါတယ်။ 

ဝယ်ယူနိုင်စွမ်းအား နိမ့်ကျနေချိန်မှာ ၊ စားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်းများ မြင့်မားခြင်းတို့ကြောင့် အိမ်ထောင်စုများသည် ပြင်းထန်သောဖိအားများနှင့် ကြုံတွေ့နေရပြီး ကျပ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ၃၁ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံခြားငွေလဲလှယ်ရေးမှာ နှုန်းရှင်ကနေ နိုင်ငံခြားငွေများ ကျပ်ဖြင့် မဖြစ်မနေ လဲခိုင်းခြင်း အပါအဝင် ချုပ်ကိုင်ထားခြင်းအပေါ် အားပြုတဲ့ဆီသို့ ရွှေ့ပြောင်း ရောက်ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ တင်ပြထားပါတယ်။ 

Source World Bank

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 209 times