၂၀၃၀ မှာ ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံတွေရဲ့ ထိပ်ဆုံးမှာ ရှိနေနိုင်တဲ့ နိုင်ငံ (၁၀) နိုင်ငံ


27 February, 2023

လာမယ့် ၂၀၃၀ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာ့စီးပွားရေး အကောင်းဆုံး နိုင်ငံတွေ ဖြစ်လာနိုင်တဲ့ နိုင်ငံ ( ၁၀ ) နိုင်ငံရဲ့ စာရင်းကို လန်ဒန်မှာရှိတဲ့ Standard Chartered ( 2030 Projections ) Multinational Bank က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

 

  • တရုတ်နိုင်ငံ - အမေရိကန်ဒေါ်လာ (၆၄.၂) ထရီလီယံ
  • အိန္ဒိယနိုင်ငံ - အမေရိကန်ဒေါ်လာ (၄၆.၃) ထရီလီယံ
  • အမေရိကန်နိုင်ငံ - အမေရိကန်ဒေါ်လာ (၃၁) ထရီလီယံ
  • အင်ဒိုနီးရှားနိုင်ငံ - အမေရိကန်ဒေါ်လာ (၁၀.၁) ထရီလီယံ
  • တူရကီနိုင်ငံ - အမေရိကန်ဒေါ်လာ (၉.၁) ထရီလီယံ
  • ဘရာဇီးနိုင်ငံ - အမေရိကန်ဒေါ်လာ (၈.၆) ထရီလီယံ
  • အီဂျစ်နိုင်ငံ - အမေရိကန်ဒေါ်လာ (၈.၂) ထရီလီယံ
  • ရုရှားနိုင်ငံ - အမေရိကန်ဒေါ်လာ (၇.၉) ထရီလီယံ
  • ဂျပန်နိုင်ငံ - အမေရိကန်ဒေါ်လာ (၇.၂) ထရီလီယံ
  • ဂျာမနီနိုင်ငံ - အမေရိကန်ဒေါ်လာ (၆.၉) ထရီလီယံ

 

ထိပ်ဆုံးမှာ ရပ်တည်နေတာတော့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ GDP ဟာ ၂၀၃၀ ရောက်တဲ့အခါ (၅) ရာခိုင်နှုန်းထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားပြီး အမေရိကန်ဒေါ်လာ (၆၄.၂) ထရီလီယံထိ ရရှိလာနိုင်ပါတယ်။

 

ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အရပ်မှာ တည်ရှိနေတဲ့ အိန္ဒိယနိုင်ငံပါ။ နိုင်ငံအားလုံးထဲမှာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ GDP ဟာ ၂၀၃၀ ရောက်တဲ့အခါ (၇.၈) ရာခိုင်နှုန်းထိ တိုးတက်လာနိုင်ပြီး အမေရိကန်ဒေါ်လာ (၄၆.၃) ထရီလီယံထိ ရရှိလာနိုင်ပါတယ်။

 

တတိယနေရာမှာ ရပ်တည်နေတာကတော့ အမေရိကန်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ် ရောက်တဲ့အခါမှာ အမေရိကန်ဒေါ်လာ (၃၁) ထရီလီယံထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

Advertisement

Click Here > GK General Trading

 

နံပါတ် (၄) နေရာမှာ ရပ်တည်နေတာကတော့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၀.၁) ထရီလီယံထိ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် နံပါတ် (၅) နေရာမှာ ရပ်တည်နေတာကတော့ တူရကီနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ (၉.၁) ထရီလီယံထိ ရရှိလာနိုင်တယ်လို့ သိရပါတယ်။ 

 

နံပါတ် ( ၆ ) နေရာမှာ ရပ်တည်နေတဲ့ ဘရာဇီးနိုင်ငံက အမေရိကန်ဒေါ်လာ (၈.၆) ထရီလီယံ၊ 

နံပါတ် ( ၇ ) နေရာမှာ ရပ်တည်နေတဲ့ အီဂျစ်နိုင်ငံက အမေရိကန်ဒေါ်လာ (၈.၂) ထရီလီယံ၊ 

နံပါတ် ( ၈ ) နေရာမှာ ရပ်တည်နေတဲ့ ရုရှားနိုင်ငံက အမေရိကန်ဒေါ်လာ (၇.၉) ထရီလီယံ၊ 

နံပါတ် ( ၉ ) နေရာမှာ ရပ်တည်နေတဲ့ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ (၇.၂) ထရီလီယံ၊ 

နံပါတ် ( ၁၀ ) နေရာမှာ ရပ်တည်နေတဲ့ ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ (၆.၉) ထရီလီယံ စသဖြင့် GDP တန်ဖိုးတွေ အသီးသီး ရရှိပြီး ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်နိုင်လိမ့်မယ်လို့ Multinational Bank က မျှော်မှန်းထားတာ ဖြစ်ပါတယ်။

 

အင်ဒိုနီးရှား၊ တူရကီ၊ ဘရာဇီး၊ အီဂျစ်နိုင်ငံတွေဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု တစ်နှစ်ထက် တစ်နှစ် ပိုပြီး မြန်လာနေတာကို တွေ့ရတယ် ဆိုပါတယ်။

 

အပေါ်မှာ ဖော်ပြထားခဲ့တဲ့ နိုင်ငံ (၁၀) နိုင်ငံရဲ့ ၂၀၂၂ ခုနှစ်အထိ Gross Domestic Product (GDP) တန်ဖိုးတွေနဲ့ လာမယ့် ၂၀၃၀ ခုနှစ်မှာ ရှိလာနိုင်တဲ့ Multinational Bank ရဲ့ ခန့်မှန်း လျာထားချက် GDP တန်ဖိုးတွေကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။

 

 

၂၀၂၂ ( အမေရိကန် ဒေါ်လာ )

၂၀၃၀  ( အမေရိကန် ဒေါ်လာ )

တရုတ်နိုင်ငံ

၁၄.၇ ထရီလီယံ

၆၄.၂ ထရီလီယံ

အိန္ဒိယနိုင်ငံ

၂.၇ ထရီလီယံ

၄၆.၃ ထရီလီယံ

အမေရိကန်နိုင်ငံ

၂၀.၉ ထရီလီယံ

၃၁ ထရီလီယံ

အင်ဒိုနီးရှားနိုင်ငံ

၁.၁ ထရီလီယံ

၁၀.၁ ထရီလီယံ

တူရကီနိုင်ငံ

၂.၈ ထရီလီယံ

၉.၁ ထရီလီယံ

ဘရာဇီးနိုင်ငံ

၁.၄ ထရီလီယံ

၈.၆ ထရီလီယံ

အီဂျစ်နိုင်ငံ

၁.၃ ထရီလီယံ

၈.၂ ထရီလီယံ

ရုရှားနိုင်ငံ 

၁.၅ ထရီလီယံ

၇.၉ ထရီလီယံ

ဂျပန်နိုင်ငံ

၅.၁ ထရီလီယံ

၇.၂ ထရီလီယံ

ဂျာမနီနိုင်ငံ

၄.၅ ထရီလီယံ

၆.၉ ထရီလီယံ

 

Advertisement

Click Here > Golden Myanmar

 

၂၀၂၂ ခုနှစ် နှစ်ကုန်အထိ GDP တန်ဖိုး အမြင့်ဆုံးဖြစ်ခဲ့တဲ့ နိုင်ငံ (၁၀) နိုင်ငံကိုလည်း နှိုင်းယှဉ် သုံးသပ်နိုင်အောင် ဖော်ပြပေးချင်ပါတယ်။

 

  • အမေရိကန်နိုင်ငံ - အမေရိကန်ဒေါ်လာ (၂၀.၉) ထရီလီယံ
  • တရုတ်နိုင်ငံ - အမေရိကန်ဒေါ်လာ (၁၄.၇) ထရီလီယံ
  • ဂျပန်နိုင်ငံ - အမေရိကန်ဒေါ်လာ (၅.၁) ထရီလီယံ
  • ဂျာမနီနိုင်ငံ - အမေရိကန်ဒေါ်လာ (၃.၆) ထရီလီယံ
  • ဗြိတိန်နိုင်ငံ - အမေရိကန်ဒေါ်လာ (၂.၇) ထရီလီယံ
  • အိန္ဒိယနိုင်ငံ - အမေရိကန်ဒေါ်လာ (၂.၇) ထရီလီယံ
  • ပြင်သစ်နိုင်ငံ - အမေရိကန်ဒေါ်လာ (၂.၆) ထရီလီယံ
  • အီတလီနိုင်ငံ - အမေရိကန်ဒေါ်လာ (၁.၉) ထရီလီယံ
  • ကနေဒါနိုင်ငံ - အမေရိကန်ဒေါ်လာ (၁.၆) ထရီလီယံ
  • တောင်ကိုရီးယားနိုင်ငံ - အမေရိကန်ဒေါ်လာ (၁.၆) ထရီလီယံ

 

ဖော်ပြပါ စာရင်းထဲမှာ ဆိုရင်တော့ ထိပ်ဆုံး (၁၀) နေရာမှာ အင်ဒိုနီးရှား၊ တူရကီ၊ ဘရာဇီး၊ အီဂျစ်နဲ့ ရုရှား နိုင်ငံတွေ မပါရှိသေးပဲ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ကနေဒါနဲ့ တောင်ကိုရီးယား နိုင်ငံတွေက နေရယူထားတာကို တွေ့ရှိရမှာပါ။

 

ဒီတော့ လက်ရှိအချိန်ကနေ နောက် (၇) နှစ်အကြာမှာ ဘယ်နိုင်ငံတွေက ကမ္ဘာ့စီးပွားရေးအကောင်းဆုံး နိုင်ငံတွေ ဖြစ်လာနိုင်သလဲ၊ ထိပ်ဆုံးနေရာကို တရုတ်နိုင်ငံ (ဒါမှမဟုတ်) အိန္ဒိယနိုင်ငံက အမေရိကန်ကို ကျော်ပြီး ရောက်ရှိသွားမလား၊ ဒါမှမဟုတ် မထင်ထားတဲ့ နိုင်ငံက ကမ္ဘာ့စီးပွားရေး အကောင်းဆုံးနိုင်ငံအဖြစ် ပန်းဝင်သွားမလား၊ Multinational Bank ရဲ့ ခန့်မှန်း လျာထားချက်အတိုင်း ဖြစ်လာမလား၊ ဘယ်နိုင်ငံတွေက အဆင့်တက်လာပြီး ဘယ်နိုင်ငံတွေက စာရင်းကနေ ထွက်သွားရမလား ဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမှာပါ။

 

အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့ စီးပွားရေး ပြိုင်ဆိုင်မှုကတော့ အရင်ကထက် ပိုမို ပြင်းထန်ပြီး နေရာလုကြမှာကတော့ ပြေးကြည့်စရာ မလိုတော့ပါဘူး။

Global News Read 558 times