ယခုနှစ် ကမ္ဘာ့လူဦးရေ ၇၅ သန်း တိုး


30 December, 2023

ယခုနှစ် ကမ္ဘာ့လူဦးရေ ၇၅ သန်း တိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ လူဦးရေ ၇၅ သန်း တိုးခဲ့သည်။
၂၀၂၄ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ ၈ ဘီလီယံကျော် ရှိမည်ဟု အမေရိကန် သန်းခေါင်စာရင်းဗျူရို Census Bureau က အချက်အလက် ထုတ်ပြန်သည်။

အိန္ဒိယသည် ယခုနှစ်ကုန်တွင် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂကပြောကြားသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ အသားတင်တိုးနှုန်းမှာ ၁% ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့တစ်လွှား ပျမ်းမျှအားဖြင့် တစ်စက္ကန့်တိုင်းမှာ ၄ ဒသမ ၃ ဦး မွေးဖွားပြီး ၂ ဦး သေဆုံးမည်ဟု Census Bureau က ခန့်မှန်းထားပါသည်။ 

Source AP

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 461 times