လူမှုဘဝ စားဝတ်နေရေး စရိတ် အကြီးမားဆုံးနှင့် အနည်းပါးဆုံး မြို့ကြီးများ 


05 December, 2021

လူမှုဘဝ စားဝတ်နေရေး စရိတ် အကြီးမားဆုံးနှင့် အနည်းပါးဆုံး မြို့ကြီးများ 

ကိုဗစ်ကပ်ဘေးကြောင့် ဖြည့်သွင်းကွင်းဆက် ပုံမှန်မဖြစ်၊ စားသုံးသူတို့၏ လိုအပ်ပုံ ပြောင်းလဲခြင်းတို့က မြို့ကြီးများတွင် နေထိုင်စရိတ် မြင့်တက်စေခဲ့သည်။ 
Economist Intelligence Unit (EIU) မှ ထုတ်ပြန်သည့် ကမ္ဘာတစ်လွှားနေထိုင်စရိတ်အညွှန်းကိန်း  2021 Worldwide Cost of Living index တွင် လွန်ခဲ့သော ၅ နှစ်တာအတွင်း ငွေဖောင်းပွခြင်း အမြန်ဆုံး ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားပါသည်။

မြီု့ကြီးတစ်မြို့တွင် အပြောင်းအလဲ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေသည်ကို တွေ့ကြုံရသည်။ 
အစ္စရေးနိုင်ငံမှ တဲလ် အဗီး မြို့သည် နေထိုင်စရိတ် အမြင့်မားဆုံးမြို့ကြီးများ စာရင်းထဲ ပထမ နေရာတွင် ရောက်ရှိနေသည်။ ချက်ပြုတ်စားသောက်စရာ ကုန်စည် ဈေးတက်ခြင်း၊ သယ်ယူပို့ဆောင်ခ ဈေးတက်ခြင်း၊ အစ္စရေးနိုင်ငံသုံးငွေ ရှက်ကဲသည် အမေရိကန်ဒေါ်လာငွေလဲနှုန်းတွင် အားတောင့်တင်းနေခြင်းတို့ကြောင့် မြို့ပြနေထိုင်စရိတ် မြင့်မားနေသည်။

ယခင်နှစ်က ဦးဆောင်နေရာတွင် ရှိသည့် ပြင်သစ်နိုင်ငံ ပါရီမြို့ကြီးသည် ဒုတိယနေရာတွင် စင်ကာပူနှင့်အတူ ရောက်ရှိနေသည်။ 

 2021 Worldwide Cost of Living (WCOL) index သည် ကမ္ဘာတစ်လွှား မြို့ကြီး ၁၇၃ မြို့ရှိ နေထိုင်စရိတ်ကို စစ်တမ်းကောက်ထားသည်။ ယခင်နှစ်ထက် မြို့ပေါင်း ၄၀ ပိုများသည်။
နေ့စဉ်သုံး ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အမျိုးအမည် ၂၀၀ ကျော်တို့၏ ဈေးနှုန်းများကို နှိုင်းယှဉ်ထားသည်။ အချက်အလက်များကို မတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင် တစ်ကြိမ်၊ တစ်နှစ်လျှင် နှစ်ကြိမ် ကောက်ယူသည်။ ယခုလို စစ်တမ်းကောက်သည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်သည်။
 
လူမှုဘဝ စားဝတ်နေရေး နေထိုင်စရိတ် အသက်သာဆုံး မြို့ကြီး ၁၀ မြို့တွင် အများစုသည် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ အာရှ၏ နုံချာသောအပိုင်းများတွင် တည်ရှိသည်။

၁၇၃ ဒမတ်စကတ် ဆီးရီးယား
၁၇၂ ထရီပိုလီ လစ်ဗျား
၁၇၁  တက်ရှ်ကင့်  ဥဇဘက်ကစ္စတန်
၁၇၀ တူနစ် တူနီးရှား
၁၆၉ အယ်လ်မာတီ  ကာဇက်စတန်
၁၆၈  ကရာချီ ပါကစ္စတန်
၁၆၇ အမီဒဘက် အိန္ဒိယ
၁၆၆ အယ်လ်ဂျီးယား အယ်လ်ဂျီးရီးယား
၁၆၅ ဘွေးနိုးစ်အေးရီး အာဂျင်တီးနား
၁၆၄ လူဆာကာ ဇမ်ဘီယာ


လူမှုဘဝ စားဝတ်နေရေး နေထိုင်စရိတ် အကြီးမားဆုံး မြို့ကြီး ၁၀ မြို့မှာ အများစုသည် ဉရောပမှ မြို့ကြီးများ ဖြစ်သည်။ အာရှမှ ဖွံ့ဖြိုးပြီး နိုင်ငံများမှ မြို့ကြီးများလည်း ပါဝင်သည်။


၁ တဲ အဗီး အစ္စရေး

၂  ပါရီ ပြင်သစ်
၂  စင်ကာပူ စင်ကာပူ

၄  ဇူးရစ် ဆွစ်ဇာလန်
၅  ဟောင်ကောင် တရုတ်
၆  နယူးယောက် အမေရိကန်
၇   ဂျီနီဗာ ဆွစ်ဇာလန်
၈  ကိုပင်ဟေဂင် ဒိန်းမတ်
၉  လော့စ်အိန်ဂျယ်လိစ် အမေရိကန်
၁၀ အိုဆာကာ ဂျပန်
၁၁ အော်စလို နော်ဝေး
၁၂ ဆိုးလ် တောင်ကိုရီးယား
၁၃ တိုကျို ဂျပန်

၁၄  ဗီယင်နာ ဩစတီးယား
၁၄ ဆစ်ဒနီ ဩစတေးလျ

၁၆ မဲလ်ဘုံး ဩစတေးလျ 

၁၇ ဟယ်စင်ကီ ဖင်လန်
၁၇ လန်ဒန် ယူကေ

၁၉  ဒပ်ဘလင် အိုင်ယာလန်
၁၉  ဖရန့်ဖတ် ဂျာမနီ
၁၉  ရှန်ဟိုင်း တရုတ်

Global News Read 348 times