၂၀၂၃ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာ မြန်မာ အဆင့် ၁၁၇ ရရှိ


22 March, 2023

၂၀၂၃ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာ မြန်မာ အဆင့် ၁၁၇ ရရှိ


ကုလသမဂ္ဂမှ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် United Nations Sustainable Development Solutions Network မှ ထုတ်ပြန်သော ၂၀၂၃ ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာ 2023 World Happiness Report မြန်မာနိုင်ငံသည် အဆင့် ၁၁၇ တွင် ရောက်ရှိနေပါသည်။
 







တနင်္လာနေ့ (မတ်၂၀)တွင် ထုတ်ပြန်သည့် ၎င်းအစီရင်ခံစာသည် သုံးနှစ်တာကာလအတွင်း ပျမ်းမျှဘဝအကဲဖြတ်မှုများအပေါ် အခြေခံ၍ ပျော်ရွှင်မှုကို တိုင်းတာရန်အတွက် နိုင်ငံနှင့် နယ်မြေပေါင်း ၁၅၀ ကျော်ရှိ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းအချက်အလက်များကို အခြေခံ၍ ပြုစုခဲ့ခြင်းဖြစ်သည်။

တစ်ဦးချင်း GDP၊ လူမှုရေးပံ့ပိုးမှု၊ ကျန်းမာသော လူ့သက်တမ်း၊ ဘဝရွေးချယ်ခွင့်များ လွတ်လပ်မှု၊ ရက်ရောမှု၊ အကျင့်ပျက်ခြစားမှု ခံယူချက်နှင့် မတရားဖိနှိပ်မှုဆိုင်ရာ ခံယူချက်တို့ကို ထည့်သွင်းစဉ်းစားပါသည်။

၎င်းအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့်အတူ ကုလသမဂ္ဂသည် ၎င်း၏ ၁၀ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ပျော်ရွှင်မှုနေ့ကို တနင်္လာနေ့တွင် ကျင်းပခဲ့ပါသည်။


ကမ္ဘာပေါ်တွင် အပျော်ဆုံးနိုင်ငံမှာ ဖင်လန်နိုင်ငံ ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် အပျော်ဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ ဖင်လန်၊ ဒိန်းမတ်၊ အိုက်စလန်၊ အစ္စရေး၊ နယ်သာလန်၊ ဆွီဒင်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ လူဇင်ဘတ်နှင့် နယူးဇီလန် အစဉ်လိုက် ဖြစ်ပါသည်။
 


အာဖဂန်နစ္စတန်နိုင်ငံသည် အဆင့် ၁၃၇ ဖြင့် နောက်ဆုံးဘိတ်တွင် ရောက်ရှိနေပါသည်။
ပျော်ရွှင်ဆုံးမှု အနည်းဆုံး နိုင်ငံများမှာ ဇမ်ဘီယာ၊ တန်ဇန်းနီးယား၊ ကိုမိုရော့စ်၊ မာလာဝီ၊ ဘော့ဆွာနာ၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ ဆီယာရာလီယွန်၊ လက်ဘနွန်နှင့် အာဖဂန်နစ္စတန်တို့ဖြစ်ပါသည်။

ဖင်လန်သည် ကမ္ဘာ့အပျော်ဆုံးနိုင်ငံ နံပါတ်(၁) နေရာကို ခြောက်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီး စစ်ဒဏ်ခံနေရသော အာဖဂန်နစ္စတန်သည် ၂၀၂၀ နောက်ပိုင်းတွင် ပျော်ရွှင်ဆုံးမှု အနည်းဆုံး နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါသည်။
 


အာရှနိုင်ငံများတွင် စင်ကာပူသည် ကမ္ဘာ့အဆင့် ၂၅ တွင် ရှိနေပြီး အာရှအပျော်ရွှင်ဆုံးနိုင်ငံဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုက ၂၆ နှင့် ထိုင်ဝမ်က ၂၇ တို့ဖြင့် ကပ်လျက် နေရာရရှိကြပါသည်။


အခြားအာရှနိုင်ငံအချို့ ရရှိသည့် အဆင့်များမှာ
ဂျပန် ၄၇၊
မလေးရှား ၅၅၊
ထိုင်း ၆၀၊
မွန်ဂိုလီးယား ၆၁၊
တရုတ် ၆၄၊
ဗီယက်နမ် ၆၅၊
ဖိလစ်ပိုင် ၇၆၊
နီပေါ ၇၈၊
ဟောင်ကောင် ၈၂၊
အင်ဒိုနီးရှား ၈၃၊
လာအို ၈၉၊
ပါကစ္စတန် ၁၀၈၊
မြန်မာ ၁၁၇၊
ဘင်္ဂလားဒေ့ရှ် ၁၁၈။
အိန္ဒိယ ၁၂၆
အသီးသီး ရရှိကြပါသည်။



Source 2023 World Happiness Report

Tips Read 393 times