ကမ္ဘာ့ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ  ၂၀၂၂  ထုတ်ပြန် 


21 March, 2022

ကမ္ဘာ့ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ  ၂၀၂၂  ထုတ်ပြန် 


နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့ပျော်ရွှင်ချမ်းမြေ့ အညွှန်းကိန်း  World Happiness Index ကို ယခုနှစ်အတွက်  ကမ္ဘာ့ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ  ၂၀၂၂ World Happiness Report 2022  မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆင့်စာရင်းမှာ နိုင်ငံနှင့် ပိုင်နက်နယ်မြေ ၁၄၆ ခု ပါဝင်ပြီး မြန်မာနိုင်ငံက အဆင့် (၁၂၆) ရရှိပါတယ်။ 

ကမ္ဘာ့ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ ၂၀၂၁ မှာလည်း အဆင့် (၁၂၆) ရရှိခဲ့တာကြောင့် အဆင့် အပြောင်းအလဲ မရှိပါ။

ယခုနှစ်ဟာ ကမ္ဘာ့ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာရဲ့ ၁၀ နှစ်မြောက်ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား နိုင်ငံနှင့် ပိုင်နက်နယ်မြေ ၁၄၆ ခုမှ လူအများတို့ မိမိဘဝအခြေအနေ ဘယ်လိုအကဲဖြတ်ကြသလဲဆိုတာ စစ်တမ်းကောက်ယူပြီး အစီရင်ခံစာ ထုတ်ပြန်ပေးပါတယ်။ 

အဆိုပါ အစီရင်ခံစာအရ ဖင်လန်နိုင်ငံက အပျော်ရွှင် အချမ်းမြေ့ဆုံး နိုင်ငံအဖြစ် ၅ နှစ်ဆက်တိုက် ပထမနေရာကို ရရှိပါတယ်။

ကမ္ဘာ့ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ ၂၀၂၁ မှာ အဆင့်(၂) မှာ ဒိန်းမတ်၊ သူ့နောက်မှာ အိုက်စလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ လူဇင်ဘတ်၊ ဆွီဒင်၊ နော်ဝေး၊ အစ္စရေးနှင့် နယူးဇီလန် တို့ အစဉ်အတိုင်း အဆင့် ရရှိကြပါတယ်။

 

အရှေ့တောင်အာရှမှာ စင်ကာပူက ပထမ ဖြစ်ပြီး ကမ္ဘာ့အဆင့်မှာ (၂၇) ဖြစ်ပါတယ်။
ဒုတိယက ဖိလစ်ပိုင် ကမ္ဘာ့အဆင့် (၆၀) ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့်မှာ ဖိလစ်ပိုင်နှင့် ၁ ဆင့်ပဲ ကွာပြီး အဆင့် (၆၁) ဖြစ်တဲ့ ထိုင်းက တတိယ ဖြစ်ပါတယ်။

သူ့နောက်မှာ  မလေးရှား (၇၀)၊ ဗီယက်နမ် (၇၇)၊ အင်ဒိုနီးရှား (၈၇)၊ လာအို (၉၅)၊ ကမ္ဘောဒီးယား (၁၁၄) နှင့် မြန်မာ (၁၂၆) တို့ အစဉ်အတိုင်း ရှိနေကြပါတယ်။

ဘရူနိုင်းသည် စာရင်းတွင် မပါဝင်ပါ။ 

 

Industry Reviews Read 339 times