ကမ္ဘာ့ဖလားပွဲ ပထမဆု ဆုကြေး ယခင်ထက် ဒေါ်လာ ၄ သန်း ပိုများ


21 December, 2022

ကမ္ဘာ့ဖလားပွဲ ပထမဆု ဆုကြေး ယခင်ထက် ဒေါ်လာ ၄ သန်း ပိုများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဘောလုံးအသင်းများကို FIFA က စုစုပေါင်း ဆုကြေး ကန်ဒေါ်လာ သန်း၄၄၀ ချီးမြှင့်ပါတယ်။
အသင်းတစ်ခုချင်းလိုက် ရရှိခဲ့တဲ့ ဆုကြေး(အမေရိကန်ဒေါ်လာ)များမှာ- 

ချန်ပီယံ (အာဂျင်တီးနား) - ၄၂ သန်း
ဒုတိယဆု (ပြင်သစ်) - ၃၀ သန်း
တတိယနေရာ – (ခရိုအေးရှား) –၂၇ သန်း
စတုတ္ထနေရာ- (မော်ရိုကို)- ၂၅ သန်း
အဆင့် ၅-၈ (နယ်သာလန်၊ ဘရာဇီး၊ ပေါ်တူဂီနှင့် အင်္ဂလန်)- ၁၇ သန်းစီ
နံပါတ် ၉ မှ ၁၆ (အမေရိကန်၊ ဩစတြေးလျ၊ ပိုလန်၊ ဆီနီဂေါ၊ ဂျပန်၊ တောင်ကိုရီးယား၊ စပိန်နှင့် ဆွစ်ဇာလန်) - ၁၄ သန်းစီ
အုပ်စုအဆင့်အသင်းများ (အီကွေဒေါ၊ ကာတာ၊ အီရန်၊ ဝေးလ်၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျ၊ တူနီးရှား၊ ဒိန်းမတ်၊ ဂျာမနီ၊ ကော်စတာရီကာ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ကင်မရွန်း၊ ဆားဘီးယား၊ ဥရုဂွေးနှင့် ဂါနာ) - ၉ သန်းစီ
.
FIFA က ၁၉၈၂ ခုနှစ်မှစ၍ ဆုကြေးများကို လူသိရှင်ကြား ထုတ်ပြန်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံအသင်း အသီးသီး ရရှိခဲ့ကြတဲ့ ဆုကြေး(အမေရိကန်ဒေါလာ)များမှာ- 

၁၉၈၂ : အီတလီ – ၂.၂ သန်း
 ၁၉၈၆ - အာဂျင်တီးနား - ၂.၈ သန်း
 ၁၉၉၀- အနောက်ဂျာမနီ – ၃.၅ သန်း
 ၁၉၉၄ - ဘရာဇီး – ၄ သန်း
 ၁၉၉၈ - ပြင်သစ် – ၆ သန်း
 ၂၀၀၂ - ဘရာဇီး – ၈ သန်း
 ၂၀၀၆ - အီတလီ – သန်း ၂၀
 ၂၀၁၀: စပိန် – သန်း ၃၀
 ၂၀၁၄ - ဂျာမနီ – ၃၅ သန်း
 ၂၀၁၈ - ပြင်သစ် – ၃၈ သန်း
 ၂၀၂၂ - အာဂျင်တီးနား – ၄၂ သန်း

ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ဖို့အတွက် ပြင်ဆင်စရိတ် ထောက်ပံ့ကြေး ကန်ဒေါ်လာ ၁.၅ သန်းကို အသင်းတိုင်း ရရှိကြပါတယ်။
Source: Associated Press

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 533 times