ယခုနှစ်အတွင်း  ဖိလစ်ပိုင် စီးပွားကြီးထွားနှုန်း ပိုမိုမြန်ဆန်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း


12 January, 2024

 ယခုနှစ်အတွင်း  ဖိလစ်ပိုင် စီးပွားကြီးထွားနှုန်း ပိုမိုမြန်ဆန်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး ကြီးထွားနှုန်းသည် ၂၀၂၃ ခုနှစ်ထက် ယခုနှစ်တွင် ပိုမိုမြန်ဆန်မည်ဟု ခန့်မှန်းထားပြီး အရှိန်အဟုန်မှာ ဖိလစ်ပိုင်အစိုးရ ရည်မှန်းထားသည်ထက် နည်းမည်ဟု ကမ္ဘာ့ဘဏ်က အစီရင်ခံစာတွင် ဖော်ပြထားသည်။
  

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ကမ္ဘာ့စီးပွားရေးအလားအလာ အစီရင်ခံစာတွင် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် gross domestic product(GDP)ကြီးထွားနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ယခုနှစ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။


ကမ္ဘာ့ဘဏ်၏  ဖိလစ်ပိုင်နိုင်ငံအတွက် စီးပွားရေး ကြီးထွားမှု ခန့်မှန်းချက်သည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များအတွက် ဖိလစ်ပိုင်အစိုးရမှ ချမှတ်ထားသော ရည်မှန်းချက်များထက် လျော့နည်းပါသည်။
သမ္မတမားကို့စ် ဦးဆောင်သော ဖိလစ်ပိုင်အစိုးရသည် ယခုနှစ်အတွက် ဂျီဒီပီ ကြီးထွားနှုန်းကို ၆.၅ မှ ၇.၅% ဟု ရည်မှန်းထားပါသည်။ 
၂၀၂၃ ခုနှစ်အတွက် ဖိလစ်ပိုင် အစိုးရ၏ ကြီးထွားနှုန်းမှာ ၆ မှ ၇% ဟု ရည်မှန်းပါသည်။

ဖိလစ်ပိုင်နိုင်ငံအတွက် ယခုနှစ်အတွက် ကမ္ဘာ့ဘဏ်၏ ကြီးထွားနှုန်း ခန့်မှန်းချက် တကယ်ဖြစ်လာပါက  ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ အရှေ့တောင်အာရှတွင် အလျင်မြန်ဆုံး ကြီးထွားလာမည်ဖြစ်ပါသည်။
ကမ္ဘာဘဏ်က ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်တွင် ဂျီဒီပီ ကြီးထွားနှုန်း။ ၅ ဒသမ ၈ ရာခိုင်နှုန်း ရရှိလိမ်မည်ဟု ခန့်မှန်းထားပါသည်။

အခြား အရှေ့တောင်အာရှ နိုင်ငံများအတွက် ခန့်မှန်းချက် အသီးသီးမှာ
• အင်ဒိုနီးရှား ၄.၉ ရာခိုင်နှုန်း
• လာအို ၄.၁ ရာခိုင်နှုန်း
• မလေးရှား ၄.၃ ရာခိုင်နှုန်း
• မြန်မာ ၂ ရာခိုင်နှုန်း
• ထိုင်း ၃.၂ ရာခိုင်နှုန်း
• ဗီယက်နမ် ၅.၅ ရာခိုင်နှုန်း။

 

ထုတ်လုပ်မှုသည် ကပ်ရောဂါအကြိုအဆင့်၏ အောက်တွင် ရှိနေသည်မှာ  မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခနှင့် နိုင်ငံရေး မတည်ငြိမ်ခြင်းတို့၏ သက်ရောက်မှုများကို ထင်ဟပ်နေပါသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်းသည် ၂၀၂၄ ခုနှစ်တွင် နှေးမည်ဖြစ်ပြီး ၂.၄% ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ 
၂၀၂၃ ခုနှစ်တွင်လည်း ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်းသည် နှေးခဲ့ပြီး ၂.၆% ရှိခဲ့ပါသည်။ ၂၀၂၄ တွင် ၂၀၂၃ ထက် ပိုနှေးမည် ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂၄ ခုနှစ်သည် ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း နှေးနေသည်မှာ ၃ နှစ်ဆက်တိုက် ရှိသွားမည့် တတိယမြောက်နှစ် ဖြစ်လာမည်။

Source world bank

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 262 times