မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် နှစ်အတန်ကြာဦးမည်ဟု ကမ္ဘာ့ဘဏ် ပြောကြား


28 June, 2023

 မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရန် နှစ်အတန်ကြာဦးမည်ဟု ကမ္ဘာ့ဘဏ် ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ယခုနှစ်တွင် မျှော်လင့်ချက်ထ ားနိုင်မည့် လက္ခဏာအချို့ရှိသော်လည်း ကိုဗစ်အကြိုအဆင့်သို့ ၂၀၂၇ သို့မဟုတ် ၂၀၂၈ ခုနှစ်အထိ ပြန်မရောက်နိုင်သေးပါဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။
နိုင်ငံခြားငွေ ပြတ်လပ်မှု၊ သွင်းကုန် ကန့်သတ်ချက်များနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတို့သည် မြန်မာ့စီးပွားရေး ပြန်လည် နာလန်ထူလာရန်အတွက် အဟန့်အတားများ ဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်မှ အင်္ဂါနေ့ (ဇွန် ၂၇)က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တည်ငြိမ်မှုလက္ခဏာများ ပြသခဲ့သည့် စီးပွားရေးသည် ပြန်ပျက်လွယ်သည့် အခြေအနေတွင် ဆက်ရှိနေသည်။
.
စီးပွားရေးလုပ်ငန်းဝန်းကျင်သည် စိန်ခေါ်မှုများရှိနေသေးပြီး ကုမ္ပဏီအများအပြားသည် နိုင်ငံခြားငွေ ရယူရန်၊ ပို့ကုန်သွင်းကုန် လိုင်စင်ရယူရန်၊ ကုန်ကြမ်းတင်သွင်းခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အကန့်အသတ်များကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရန် တို့အတွက် ခက်ခဲနေကြောင်း ကမ္ဘာ့ဘဏ်ကအစီရင်ခံစာတွင် ဖော်ပြထားသည်။
.
ကောင်းမွန်သည့် အချက်များမှာ ကျယ်ကျယ်ပြန့်ပြန့်  တည်ငြိမ်သော စျေးကွက် ငွေလဲနှုန်း၊ငွေကြေးဖောင်းပွမှု လျော့ကျခြင်းနှင့် စီးပွားရေးညွှန်းကိန်းများ အများအပြား မြင့်တက်လာခြင်း တို့ဖြစ်သည်။
သို့တိုင်အောင် ပို့ကုန်လုပ်ငန်းရှင်များသည် လျော့နည်းလာသော ပြည်ပမှ ဝယ်လိုအား၊ ဈေးကွက်ပေါက်ဈေးထက်  တန်ဖိုးကြီး‌ေနသော တရားဝင် ငွေလဲနှုန်းနှင့် ပိုမိုတင်းကျပ်သော ငွေကြေးလဲလှယ်မှု လိုအပ်ချက်များ ပေါင်းဆုံပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
.
ဗဟိုဘဏ်သည် ယမန်နှစ်တွင် ပုံသေငွေလဲနှုန်းစနစ်သို့ ပြောင်းလဲခဲ့ရာ၌ သတ်မှတ်သည့် တရားဝင် ငွေလဲနှုန်းထက် ပြင်ပပေါက်ဈေးနှုန်းက ၂၅-၃၀ % မြင့်မားခဲ့ပြီး စီးပွားရေးလုပ်ငန်းများကို ထိခိုက်ခဲ့သည်။
.
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှာ ယခုနှစ်အစောပိုင်းကတည်းက ပိုမိုဆိုးရွားလာခဲ့သည်။

စီးပွားရေးလုပ်ငန်းအားလုံး၏ ၄၂% နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ ထက်ဝက်ကျော်သည် မတ်လအတွင်း ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုအပေါ် သိသာထင်ရှားဆုံးသော ကန့်သတ်ချက်အဖြစ် လျှပ်စစ်မီးပြတ်တောက်မှုကို တင်ပြကြကြောင်း ကမ္ဘာ့ဘဏ်က  ပြောကြားသည်။
.
ကမ္ဘာ့ဘဏ်သည် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် တစ်နှစ်တာကာလအတွက် ကြီးထွားနှုန်း ၃% ရရှိမည်ဟု ယခင်ခန့်မှန်းချက်ကို ဆက်လက်အတည်ပြုထားသည်။ 
သို့သော် စီးပွားရေးသည် ၂၀၂၇ သို့မဟုတ် ၂၀၂၈ အထိ ကိုဗစ်အကြိုအဆင့်သို့ ပြန်‌ရောက်သွားဖွယ်မရှိဟု မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဘဏ်၏အကြီးတန်းစီးပွားရေးပညာရှင် Kim Alan Edwards က ပြောကြားသည်။
Source  Bloomberg News

 

အစီရင်ခံစာ လင့်
 
https://reliefweb.int/attachments/3b216825-c230-4219-844b-bead59d4d319/MyanmarEconomic-MonitorJune2023aFragileRecovery.pdf


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 347 times