ကမ္ဘာ့ဘဏ်က သီရိလင်္ကာကို  ရန်ပုံငွေအသစ် ပေးအပ်ရန် ငြင်းပယ်


31 July, 2022

ကမ္ဘာ့ဘဏ်က သီရိလင်္ကာကို  ရန်ပုံငွေအသစ် ပေးအပ်ရန် ငြင်းပယ်


ကမ္ဘာ့ဘဏ်က သီရိလင်္ကာအတွက် ရန်ပုံငွေအသစ် ထပ်မံပေးအပ်ရန် ငြင်းပယ်လိုက်ပါသည်။

ပြိုပျက်နေသော စီးပွားရေးကို တည်ငြိမ်စေရန် ဒေဝါလီခံသော သီရိလင်္ကာနိုင်ငံသည် ၎င်း၏ ပြိုကျနေသော စီးပွားရေးကို တည်ငြိမ်စေရန် “နက်နက်နဲနဲ ပြုပြင်ပြောင်းလဲ ဖွဲ့တည်မှုများ” မလုပ်ဆောင်ပါက ရန်ပုံငွေအသစ်များ ကမ်းလှမ်းမည်မဟုတ်ကြောင်း ကမ္ဘာ့ဘဏ်က သီရိလင်္ကာသို့ ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံရှိ လူ ၂၂ သန်းတို့သည်  စားနပ်ရိက္ခာနှင့် လောင်စာပြတ်လပ်မှု၊ မီးပျက်မှုနှင့် ပြင်းထန်သောငွေကြေးဖောင်းပွမှုတို့ကို   ကြုံတွေ့နေရသည်မှာ လအတန်ကြာခဲ့ပြီဖြစ်ပြီး   မကြုံစဖူး အဖက်ဖက်မှာ ကျဆင်းမှုဒဏ်ကို ခံစားနေရသည်။ 
ဧပြီလတွင် ၎င်း၏ အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံ နိုင်ငံခြားကြွေးမြီကို ပေးဆပ်ရန် ပျက်ကွက်ခဲ့သည်။ ယခင်သမ္မတ ဂိုတာဘာဟာ ရာဇပါစက တိုင်းပြည်မှ ထွက်ပြေးခဲ့သည်။ စင်ကာပူသို့ ရောက်ရှိနေပြီး နုတ်ထွက်စာ ပေးပို့ခဲ့သည်။

ကမ္ဘာ့ဘဏ်က သီရိလင်္ကာပြည်သူတွေအပေါ် အကျပ်အတည်းရဲ့ သက်ရောက်မှုကို စိုးရိမ်မိပါ ‌သော်လည်း အစိုးရက လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုတွေ မပြီးမချင်း ရန်ပုံငွေပေးဖို့ အဆင်သင့်မဖြစ်နိုင်ကြောင်း ပြောကြားပါသည်။

လုံလောက်တဲ့ မက်ခရိုစီးပွားရေးမူဝါဒ မူဘောင်တစ်ခု နေရာတကျ မဖြစ်သေးသရွေ့  ကမ္ဘာ့ဘဏ်က သီရိလင်္ကာကို ဘဏ္ဍာငွေအသစ်များ ပေးကမ်းဖို့ အစီအစဉ်မရှိကြောင်း  သောကြာနေ့(ဇူလိုင် ၂၉)က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က လတ်တလော လိုအပ်နေသည့် ဆေးဝါးများ၊ မီးဖိုချောင်သုံး ဓာတ်ငွေ့နှင့် ကျောင်းအစားအစာများကို ထောက်ပံ့ဖို့အတွက် လက်ရှိချေးငွေကနေ ဒေါ်လာ သန်း ၁၆၀ ကို လွှဲထားပြီးပြီဖြစ်ကြောင်း ပြောကြားပါသည်။ 


နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့International Monetary Fund (IMF) က သီရိလင်္ကာသည် တရုတ်နိုင်ငံမှ ရယူထားသည့်  ချေးငွေများ ပြမ်ဆပ်မည့် အစီအစဉ်အသစ်ကို ကြွေးရှင် တရုတ်နိုင်ငံနှင့် အရင်စတင်လုပ်ဆောင်ပြီးမှသာ IMF ထံမှ ချေးငွေရယူရန် ကြိုးပမ်းသင့်ကြောင်း ပြောကြားသည်။


"တရုတ်သည် ကြီးမားသည့် မြီရှင်ဖြစ်ပြီး သီရိလင်္ကာသည် ကြွေးမြီပြန်ဆပ်ရန် အစီအစဉ်အသစ်ကို ထက်ထက်သန်သန်ဖြင့် ဆွေးနွေးရမည်ဖြစ်ကြောင်း IMF ၏ အာရှနှင့် ပစိဖိတ်ရေးရာဌာန ဒါရိုက်တာ Krishna Srinivasan က Reuters နှင့် အင်္ဂါနေ့(ဇူလိုင် ၂၆)က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကယ်ထုတ်ပေးဖို့ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း လုပ်ငန်းစဉ်သည် လပေါင်းများစွာ ကြာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


Institute of International Finance (IFF) ၏ အချက်အလက်များအရ သီရိလင်္ကာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ချေးငွေနှင့် ဗဟိုဘဏ် ‌ေငွလဲလှယ်မှုအပါအဝင် အမေရိကန် ဒေါ်လာ ၆.၅ ဘီလီယံခန့် တရုတ်နိုင်ငံအပေါ် အကြွေးတင်လျက်ရှိသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်နိုင်ငံသည် အဝေးပြေးလမ်းများ၊ ဆိပ်ကမ်းတစ်ခု၊ လေဆိပ်နှင့် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံစသည့် စီမံကိန်းများ လုပ်ဆောင်ခဲ့သည်။ 
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
Source: Reuters 

Banking & Loan Global News Read 479 times