တရုတ်စီးပွားရေး နှေးကွေးနေသဖြင့် ကမ္ဘာ့ဘဏ်က အရှေ့အာရှ တိုးတက်ကြီးထွားနှုန်း လျှော့ချ ခန့်မှန်း


02 October, 2023

တရုတ်စီးပွားရေး နှေးကွေးနေသဖြင့် ကမ္ဘာ့ဘဏ်က အရှေ့အာရှ တိုးတက်ကြီးထွားနှုန်း လျှော့ချ ခန့်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးဆဲ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ တိုးတက်ကြီးထွားနှုန်းကို  လျှေိာ့ချခန့်မှန်းသည်။ နောက်နှစ်အတွက် ခန့်မှန်းချက်ကိုလည်း လျှော့ချလိုက်သည်။ 
ကြီးထွားနှုန်းကို အနှောက်အယှက်ပြုနေသည်မှာ အစိုးရကြွေးမြီ၊ ကော်ပိုရိတ် ကြွေးမြီ၊ အိမ်ထောင်စု ကြွေးမြီတို့ ရေချိန် မြင့်မားနေခြင်း ဖြစ်သည်။ 


အတိုးနှုန်း မြင့်မားနေဆဲဖြစ်ပြီး ကုန်သွယ်မှု ကျဆင်းနေသည့်ကြားတွင် တရုတ်နိုင်ငံ၏ နှေးကွေးမှုနှင့် ကမ္ဘာ့ဝယ်လိုအား လျော့ကျခြင်းတို့ကြောင့် ကမ္ဘာ့ဘဏ်သည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် ခန့်မှန်းချက်ကို မဆိုစလောက် လျှော့ချလိုက်သည်။

ကမ္ဘာ့ဘဏ်က အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၅% တိုးလာရန် မျှော်မှန်းထားကြောင်း အာရှဒေသတွင်း တနင်္လာနေ့ (အောက်တိုဘာ ၂)က ထုတ်ပြန်သည့်  အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဧပြ‌ီလက ၅.၁% ဟု မျှော်မှန်းခဲ့သည်ကို ၅% ဟု မဆိုစလောက် လျှော့ချလိုက်ခြင်း ဖြစ်သည်။ 


နောက်နှစ် ၂၀၂၄ ခုနှစ်တွင် တိုးတက်ကြီးထွားနှုန်း ၄.၅% ဟု ခန့်မှန်းပါသည်။ 
ဧပြ‌ီလက ၄.၈% ဟု ခန့်မှန်းခဲ့သည်ကို ၄.၅% ဟု  လျှော့ချလိုက်ခြင်း ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံ  တိုးတက်ကြီးထွားနှုန်းကို ယခင်ခန့်မှန်းထားသည့်အတိုင်း ၅.၁% ဟု ဆက်လက်ထားရှိသော်လည်း ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းချက်ကို ယခင် ၄.၈% အစား ယခု ၄.၄% ဟု လျှော့ချခန့်မှန်းထားပါသည်။

အိမ်ရာတိုက်တာ ဖွံ့ဖြိုးရေးကဏ္ဍတွင် ကုမ္ပဏီကြီးများ အကုန်လုံး ကြွေးနွံနစ်နေကြသဖြင့် ကမ္ဘာ့ဘဏ်က လျှော့ချခန့်မှန်းလိုက်ခြင်း ဖြစ်ပါသည်။


Covid-19 ကူးစက်ရောဂါ အပါအဝင် ၂၀၂၀ ခုနှစ်ကတည်းက အရှေ့အာရှနိုင်ငံများ၏ စီးပွားရေးများသည် လှုပ်ခတ်မှုများ တသီတတန်း ကြုံခဲ့ကြရသော်လည်း အများစု ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။ ဆက်လက် တိုးတက်ကြီးထွားကြမည် ဖြစ်သော်လည်း ကြီးထွားနှုန်းမှာ နှေးနေမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

အရှေ့အာရှနှင် ပစိဖိတ်ဒေသတွင် ကော်ပိုရိတ်ကြွေးမြီများ၊ အစိုးရ ကြွေးမြီများ ရေချိန် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ အထူးသဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ် တို့တွင် ဖြစ်သည်။ 
ကြွေးမြီများ ရေချိန်မြင့်နေခြင်းကြောင့် အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု နှစ်ခုလုံးကို ထိခိုက်သည်။ အကန့်အသတ် ဖြစ်နေစေသည်။
ကမ္ဘာ့ဘဏ်၏ တွက်ချက်မှုများအရ အထွေထွေ အစိုးရကြွေးမြီ GDP အရ ၁၀ ရာခိုင်နှုန်း တိုးခြင်းသည် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်းတွင် ၁.၂ ရာခိုင်နှုန်း ကျဆင်းခြင်းနှင့် ဆက်စပ်နေသည်။
 
မြင့်မားသောကြွေးမြီများသည် အတိုးနှုန်း ပိုမိုမြင့်မားစေနိုင်ကြောင်း၊ အတိုးနှုန်း မြင့်သည့်အခါ
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ ရယူသည့်စရိတ်များ တိုးလာမည်ဖြစ်ကြောင်း ကမ္ဘာဘဏ်က ဆိုသည်။

တရုတ်နိုင်ငံ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် အခြားထွန်းသစ်စဈေးကွက်များနှင့် နှိုင်းယှဉ်ပါက အိမ်ထောင်စုကြွေးမြီများ မြင့်မားနေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ 
အိမ်ထောင်စုကြွေးမြီများ မြင့်မားပါက ဝင်ငွေကို အတိုးပေးခြင်း၊ ကြွေးဖဲ့ဆပ်ခြင်းတို့တွင်လည်း သုံးစွဲကြရသဖြင့် ဝယ်ယူသုံးစွဲမှုများ လျော့ကျစေသည်။ 

အိမ်ထောင်စုကြွေးမြီတွင် ၁၀ ရာခိုင်နှုန်းတိုးခြင်းသည် ဝယ်ယူသုံးစွဲမှုများ ကြီးထွားနှုန်းကို ၀.၄ ရာခိုင်နှုန်းအထိ လျော့ကျစေမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ဖွံ့ဖြိုးဆဲ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် သုံးစွဲမှုမှာ ကပ်ရောဂါအကြိုကာလ ရေချိန်အောက်တွင် ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ပြောကြားပါသည်။

တရုတ်ပြည်တွင် လက်လီအရောင်းများသည် ကပ်ရောဂါအကြိုကာလထက် လျော့နည်းနေဆဲ ဖြစ်သည်။ အိမ်ရာတိုက်ခန်းများ ဈေးပြုတ်ကျနေခြင်း၊ အိမ်တောင်စုဝင်ငွေ တိုးပွားမှု အားပျော့နေခြင်း၊ နောင်ရေးအတွက် ဆင်ခြင်ပြီး ငွေချွေတာစုဆောင်းခြင်း၊ အိမ်ထောင်စုကြွေးမြီ ရှိနေခြင်း၊ သက်ကြီးရွယ်အို လူဦးရေ စသည့်အချက်များကြောင့် လက်လီအ‌ေရာင်းကဏ္ဍ ဝယ်လိုအား ကျသည်ဟု ကမ္ဘာ့ဘဏ်က အစီရင်ခံစာတွင် သုံးသပ်ထားသည်။

Source World Bank
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 664 times