တောင်ကိုရီးယားတွင် နိုင်ငံခြားသား ကျောင်းသား မိဘများအတွက် ကာလတို အလုပ်ပါမစ်များ ထုတ်ပေးမည်


27 February, 2024

တောင်ကိုရီးယားတွင် နိုင်ငံခြားသား ကျောင်းသား မိဘများအတွက် ကာလတို အလုပ်ပါမစ်များ ထုတ်ပေးမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကိုရီးယား အစိုးရသည် စမ်းသပ်သည့် အစီအစဉ်တခု အဖြစ် ကိုးရီးယားတွင် ပညာသင်ယူနေသော နိုင်ငံခြားသား ကျောင်းသူကျောင်းသားများသည် ၎င်းတို့ တက်ရောက်နေသည့် ကျောင်းနှင့် နီးသည့် ဒေသများတွင် တည်ရှိသော ရွာများမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် ၎င်းတို့၏ မိဘတို့ကို ကိုရီးယားသို့ ဖိတ်ခေါ်ရန် ခွင့်ပြုပေးမည်ဟု တရားရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ ကျောင်းသူကျောင်းသားသည် မဟာဆိုးလ် ဧရိယာ ပြင်ပရှိ တက္ကသိုလ်တွင် ပညာဆည်းပူးနေသည်မှာ  အနည်းဆုံး တစ်နှစ်ကျော်သူ ဖြစ်ရမည်။ 

‌၎င်း၏ မိဘသည် ရာသီလုပ်သားအဖြစ် လုပ်ကိုင်နိုင်မည်။ အများဆုံး ၈ လအထိ လုပ်ကိုင်နိုင်မည်။ သားသမီး ပညာသင်နေသည့် ဒေသအတွင်းမှာသာ လုပ်ကိုင်ရမည် ဖြစ်သည်။

မိဘ၏ အသက်သည် ၅၆ နှစ်မပြည့်သေးသူ ဖြစ်ရမည်။ ပြစ်မှု မကျူးလွန်ဖူးသူ ဖြစ်ရမည်။ ကျန်းမာရေး ကောင်းမွန်ရမည်။ 

သားသမီးသည်လည်း ကိုရီးယားနိုင်ငံမှ ဥပဒေများကို ချိုးဖောက်ဖူးခြင်း မရှိသူ ဖြစ်ရမည်။ တက်ရောက်ဆဲ တက္ကသိုလ်တွင် စာသင်ချိန် အနည်းဆုံး ၁ နှစ် ကျန်သေးသူ ဖြစ်ရမည်။ 

 

တက္ကသိုလ်တွင် ဘာသာစကားသင်တန်း စာရင်းသွင်းထားသော နိုင်ငံခြားကျောင်းသားများသည် အစီအစဉ်တွင် အကျုံးမဝင်ပါ။ 

 

ကိုရီးယားနိုင်ငံသည် လယ်ယာ အလုပ်များသောရာသီနှင့် ငါးဖမ်းရာသီများအတွင်း ကာလရှည်ကြာအလုပ်သမား ရှားပါးနေခြင်းကို ဖြေရှင်းရန်အတွက် နိုင်ငံခြားသား အလုပ်သမားများကို ကာလတို တရားဝင် အလုပ်ခန့်နိုင်စေရန် ရာသီလုပ်သား  အစီအစဉ်ကို လုပ်ဆောင်လျက်ရှိသည်။

 

Source koreatimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 166 times