ရုရှားရေနံ မရဘဲ ဥရောပ နေထိုင်ရမည်ဟု ရုရှား ပြောကြား


05 December, 2022

ရုရှားရေနံ မရဘဲ ဥရောပ နေထိုင်ရမည်ဟု ရုရှား ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ရုရှားနိုင်ငံသည် ၎င်း၏ ရေနံစိမ်းအပေါ် ဈေးနှုန်းသတ်မှတ်ပြဋ္ဌာန်းခြင်းအပေါ် လက်ခံမည်မဟုတ်ကြောင်းနှင့် မည်သို့တုံ့ပြန်ရမည်ကို ဆန်းစစ်နေကြောင်း ရုရှားက ပြောကြားခဲ့သည်။
အနောက်နိုင်ငံများက ယူကရိန်းစစ်ပွဲအတွက် ပင်မရင်းမြစ်ဖြစ်သည့် ရေနံဝင်ငွေကို ကန့်သတ်ရန် ရည်ရွယ်ချက်ဖြင့် ရုရှးရေနံစိမ်း ဈေးနှုန်းကို အနောက်နိုင်ငံတို့က သတ်မှတ်ပြဋ္ဌာန်းခြင်း ဖြစ်သည်။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သောကြာနေ့တွင်Group of Seven G7 ၊ ဥရောပသမဂ္ဂ နှင့် ဩစတေးလျတို့က ရုရှားရေနံစိမ်းဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းခြင်းအတွက် ရုရှားက အသင့်ပြင်ထားကြောင်း ပြောကြားသည်။

"အမြင့်ဆုံးရောင်းဈေး သတ်မှတ်ပြဋ္ဌာန်းတာကို လက်မခံနိုင်ပါဘူး" ဟု ၎င်းက ပြောကြားသည်။ ရုရှားသည် ကိစ္စရပ်အပေါ် အလျင်အမြန် ဆန်းစစ်ပြီးသောအခါ တုံ့ပြန်သွားမည်ဟု ၎င်းက ပြောကြားသည်။

ရုရှားသည် အများဆုံးဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းခြင်းတွင် ပါဝင်နေသည့် နိုင်ငံများကို ရေနံစိမ်း ရောင်းချမည်မဟုတ်ကြောင်း ယခင်က အကြိမ်ကြိမ် ပြောကြားခဲ့သည်။ ၎င်းပြောဆိုချက်ကို စနေနေနေ့တွင် ဗီယင်နာမြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မော်စကို သံအမတ်ကြီး Mikhail Ulyanov က လူမှုကွန်ရက်ပေါ်တွင် ပို့စ်များ တင်ပြီး ထပ်မံအတည်ပြုခဲ့သည်။
“ဒီနှစ်ကစပြီး ဥရောပဟာ ရုရှားရေနံ မရဘဲ နေထိုင်ရလိမ့်မယ်"ဟု ၎င်းက ဆိုထားသည်။

အဆိုပါ အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းခြင်းသည် ပင်လယ်ရေကြောင်းမှ တင်ပို့သည့် ရုရှားရေနံစိမ်းအတွက် ဖြစ်သည်။ ဥရောပမီအပ ဖြစ်သော နိုင်ငံများငည် ရုရှားရေနံစိမ်းကို ဝယ်ယူခွင့် ရှိသည်။ သို့သော် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဈေးနှုန်း တစ်စည်လျှင် $60 ထက် ကျော်လွန်နေသော ဈေးနှုန်းဖြင့် ရုရှားက ရောင်းချသော ရေနံစိမ်း ဖြစ်နေလျှင် သယ်ယူပို့ဆောင်သည့် သင်္ဘောကို သပိတ်မှောက်မည်ဖြစ်ရာ အနောက်နိုင်ငံများမှ အာမခံကုမ္ပဏီများက ၎င်းသင်္ဘောနှင့် သင်္ဘောပေါ်မှ ရေနံစိမ်းတို့အတွက် အာမခံနှင့် ထပ်ဆင့်အာမခံကို ဝန်ဆောင်မှု ပေးခွင့်မရှိချေ။ တစ်စည်လျှင် $60 အောက်ဈေးနှုန်းဖြင့် ရောင်းချမှသာ ပုံမှန်အားဖြင့် ဝန်ဆောင်မှုများ ပေးအပ်ခွင့် ရရှိကြမည်။
ရုရှား Urals ရေနံစိမ်းသည် သောကြာနေ့တွင် တစ်စည်လျှင် ၆၇ ဒေါ်လာဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

အမေရိကန်ရှိ ရုရှားသံရုံးက အနောက်နိုင်ငံတို့က "အန္တရာယ်" ရှိသည့် အကွက်ကို ရွှေ့လိုက်ခြင်း ဖြစ်သည်ဟု Telegram တွင် ပြောကြားသည်။ ရုရှားသည် ဝယ်လက်များကို ဆက်လက်ရှာဖွေသွားမည်ဟု ၎င်းက ပြောကြားသည်။ 
Source: gcaptain 

Energy News Read 1541 times