တောင်ကိုရီးယား လုပ်ငန်းခွင်များ အမျိုးသမီးကဏ္ဍ ကျဉ်းမြောင်းနေဆဲ


19 October, 2023

တောင်ကိုရီးယား လုပ်ငန်းခွင်များ အမျိုးသမီးကဏ္ဍ ကျဉ်းမြောင်းနေဆဲ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အသက် ၅၂ နှစ်အရွယ် Hwang Ji-sun သည် လွန်ခဲ့သည့် ၂၂ နှစ်က တောင်ကိုရီးယား ကားထုတ်လုပ်ရေး Hyundai ၏ စက်ရုံတွင် တပ်ဆင်ထုတ်လုပ်ရေးလိုင်းမှာ အလုပ်စတင်ဝင်ရောက်ခဲ့စဉ်က သူမကဲ့သို့သော အမျိုးသမီး လုပ်သားများသည် အခက်တွေ့ခဲ့ရသည်။

အမျိုးသမီးများအတွက် ကိုယ်လက်သန့်စင်ခန်း လုံလုံလောက်လောက် မရှိချေ။ အမျိုးသမီး နည်းပညာရှင်များသည် အမျိုးသားများထက် လစာ နည်းသည်။ 
ကုမ္ပဏီများသည် အမျိုးသမီးများကို တိုက်ရိုက်ခေါ်ယူခန့်ထားခြင်း မပြုဘဲ ကြားခံ အလုပ်အကိုင်အေဂျင်စီမှတဆင့်သာ ခေါ်ယူလေ့ရှိသည်။

 Hyundai ကို ၁၉၆၇ ခုနှစ်မှာ စတင်တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားမှာ အမျိုးသမီး စက်ရုံအလုပ်သမားများ တိုက်ရိုက်ငှားရမ်းခြင်းကို ယခုမှ စတင်သည်။

ကိုရီးယား သတ္တုလုပ်သား သမဂ္ဂ Korea Metal Workers' Union အဆိုအရ ကုမ္ပဏီသည် ဇူလိုင်လတွင် အမျိုးသမီး နည်းပညာရှင် ခြောက်ဦးကို တိုက်ရိုက်ခေါ်ယူပြီး အလုပ်ခန့်ခဲ့သည်။

မော်တော်ယာဉ် ထုတ်လုပ်ရေး မဟာလုပ်ငန်းကြီးကို အမျိုးသမီးများကိုလည်း အလုပ်ခန့်ရန် သမဂ္ဂများ၊ တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။
နောက်ထပ် ပြဿနာမှာ ကျားမ လစာကွာဟမှု ဖြစ်သည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ Organisation for Economic Co-operation and Development (OECD) ဝင် နိုင်ငံများအကြား ကိုရီးယားသည် ကျားမ လစာကွာဟမှု အမြင့်မားဆုံး ဖြစ်သည်။
အမျိုးသမီးများသည် အမျိုးသားများထက် လစာပိုနည်းနေသည့်အပြင် အမြင့်ပိုင်းရာထူးများ ရဖို့လည်း ခဲယဉ်းသည်။ အချို့သောအလုပ်များသည် အမျိုးသားများသာလျှင် လုပ်သင့်သည်ဟု လူနေမှုဓလေ့ သဘောထား ရှိနေသည်။

Hwang သည် ရှူးဖိနပ်ချုပ်သည့် စက်ရုံတွင် လုပ်ကိုင်ခဲ့ပြီးနောက် ကမ်းခြေမြို့ အူဆန်ရှိ Hyundai ကားစက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ သူမ အလုပ်မှာ ကားတံခါး ဘောင်တွင် တိပ်အမည်း လိုက်ကပ်ပေးရသည်။ 
အလုပ်အကိုင်အေဂျင်စီမှတဆင့် အလုပ်ဝင်ခဲ့ခြင်း ဖြစ်ပြီး အချိန်ပို အလုပ်ဆင်းခ အပါအဝင် လစာ ဝမ် ၁.၄-၁.၅ သန်း (ကန်ဒေါ်လာ ၁,၀၀၀-၁,၁၀၀) ရရှိသည်။  သူမနှင့် အဆင့်တူ၊ အလုပ်တူ အမျိုးသား အလုပ်သမားက အချိန်ပို အလုပ်ဆင်းခ အပါအဝင် လစာ ဝမ် ၂ သန်း (ကန်ဒေါ်လာ ၁,၅၀၀) ဝန်းကျင် ရရှိသည်။ 
၂၀၁၂ ခုနှစ်တွင် တရားရုံးချုပ်က အလုပ်အကိုင်အေဂျင်စီမှတဆင့် အလုပ်ဝင်သည့် ဝန်ထမ်းများကို ကုမ္ပဏီ၏ အချိန်ပြည့် အမြဲတမ်းဝန်ထမ်းအဖြစ် မသတ်မှတ်ခြင်းသည် တရားမဝင်ဟု စီရင်ချက်ချသည်။ Hwang အပါအဝင် အလုပ်အကိုင်အေဂျင်စီမှတဆင့် အလုပ်ဝင်သူများ အချိန်ပြည့် အမြဲတမ်း ဝန်ထမ်းအဖြစ် သတ်မှတ်ခံရသည်။
Hwang ရာထူးတိုးဖို့ သမဂ္ဂများနှင့် ကုမ္ပဏီ စီမံခန့်ခွဲမှုတို့အကြား ၅ နှစ်တိုင်တိုင် ဆွေးနွေးညှိနှိုင်းခဲ့ကြရသည်။ 
ယခုအခါ သူမသည် အမျိုးသားများ ရရှိသည့် လစာနှင့် ခံစားခွင့်များကို တန်းတူ ရရှိနေပြီ ဖြစ်သည်။ အမျိုးသမီးများအတွက် ကိုယ်လက်သန့်စင်ခန်းအပြင် ရေချိုးခန်းလည်း ရှိနေပြီ ဖြစ်သည်။
လုပ်သား ၃,၆၀၀ ဝန်းကျင်ရှိသောစက်ရုံတွင် အမျိုးသမီး လုပ်သား ၉၀ ဦးခန့် ရှိလာပြီ ဖြစ်သည်။

Source cnn
 

Labour Affairs Read 170 times