ဆောင်းဝတ်ဂျက်ကက် အမှာစာ အများအပြား ဘင်္ဂလားဒေ့ရှ် ရရှိ


08 April, 2023

ဆောင်းဝတ်ဂျက်ကက် အမှာစာ အများအပြား ဘင်္ဂလားဒေ့ရှ် ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဆောင်းဝတ်ဂျက်ကက်များ ချုပ်လုပ်ရန် ယခင်က တရုတ်နိုင်ငံသို့ အမှာစာ ပေးပို့ခဲ့ကြသော်လည်း ယခုအခါ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှုစရိတ်မြင့်မားမှုနှင့် ကျွမ်းကျင်လုပ်သားရှားပါးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့မှာကြားကြသည်။ 
တရုတ်နိုင်ငံအပြင် တန်ဖိုးကြီး  ဆောင်းဝတ်ဂျက်ကက် မှာယူမှုများသည် ဗီယက်နမ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်ဝမ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့မှုများရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အနွေးထည်အဖြစ် အပေါ်ထပ်ဝတ်သည့် ဆောင်းဂျက်ကက်များ ထုတ်လုပ်ရန် အဓိကအချက်အချာကျသည့်နေရာအဖြစ်သုိ့ တဖြည်းဖြည်း ပြောင်းလဲရောက်ရှိလာခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  အ၀တ်အထည်ထုတ်လုပ်သူများသည် ၎င်းတို့၏ထုတ်ကုန်များကို တန်ဖိုးဖြည့်ထည့်ထားသည့် တန်ဖိုးမြှင့်အထည်ချုပ်ပစ္စည်းအမျိုးအစားကုိ ထုတ်လုပ်လာကြရာ ဆောင်းဝတ်ဂျက်က်သည် ပို့ကုန်ကဏ္ဍအသစ်တစ်ခု ဖြစ်လာခဲ့သည်။

 ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများကြားတွင်ပင် ဘင်္ဂလားဒေ့ရှ်၏ အထည်တင်ပို့မှုသည် ကြီးထွားလာသည်မှာ အကြောင်းရင်းနှစ်ရပ်ဖြစ်သည့် တရုတ်နိုင်ငံမှ အလုပ်အမှာစာပြောင်းခြင်းနှင့် တန်ဖိုးမြှင့်အထည်များ တင်ပို့မှု တိုးလာခြင်းတို့ကြောင့် ဖြစ်သည်။
သာဓကအားဖြင့်၊ ပြည်တွင်းထုတ် အ၀တ်အထည် တင်ပို့သူ ၅၀ နီးပါးသည် လက်ရှိတွင် ဆောင်းဝတ်ဂျက်ကက်များကို  ကန်ဒေါ်လာ ၃၀ မှ ဒေါ်လာ ၅၀ ကြား စျေးနှုန်းဖြင့် ထုတ်လုပ်လျက်ရှိသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့်က ဆောင်းဝတ်ဂျက်ကက် ချုပ်သည်ကို မကြားဖူးပေ။ ထိုအချိန်က အခြေခံ တီရှပ်များ၊ ရှပ်အင်္ကျီများနှင့် ဘောင်းဘီများသာ အဓိက ချုပ်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထုတ်လုပ်သော ဆောင်းဝတ်ဂျက်ကက်များကို ဥရောပရှိ စကင်ဒီနေးဗီးယား (ဆွီဒင်၊ နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံ )နိုင်ငံများ၊ ရုရှား၊ အမေရိကန် နှင့် ကနေဒါ နိုင်ငံများသို့ ပေးပို့လျက်ရှိသည်။
 
ဂျက်ကက် ထိပ်တန်းတင်ပို့ရောင်းချသူ Snowtex ၏မန်နေးဂျင်းဒါရိုက်တာ SM Khaled က သူ့ကုမ္ပဏီသည် နိုင်ငံတကာလက်လီရောင်းချသူများနှင့် အမှတ်တံဆိပ်များထံမှ အလုပ်အမှာစာများစွာကို ရရှိထားကြောင်း ပြောကြားသည်။

Snowtex သည် လစဉ် ကန်ဒေါ်လာ ၂၅ သန်းနှင့် သန်း ၃၀ အကြား တန်ဖိုးရှိ ဂျက်ကက်များ တင်ပို့နိုင်သည့် စွမ်းရည်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း Bangladesh Garment Manufacturers and Exporters Association(BGMEA) ဥက္ကဋ္ဌ Faruque Hassan က ဘင်္ဂလားဒေ့ရှ် ရရှိသည့် ပမာဏသည် အကြောင်းကြောင်းကြောင့် ဗီယက်နမ်၏ တစ်ဝက်သာ ရရှိသည်ဟု ပြောကြားသည်။

နိုင်ငံတကာ ဝယ်လက်များသည် ဗီယက်နမ်တွင် တစ်ထည်ကို ကန်ဒေါ်လာ ၁၀ ပေးသည်ဆိုပါက ဘင်္ဂလားဒေ့ရှ်တွင် ၅ ကန်ဒေါ်လာသာ ပေးသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၃ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂ လတွင် ချုပ်ထည်များ စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၈.၃၆ ဘီလီယံ တင်ပို့ခဲ့ပါသည်။
Source japannews
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Global News Read 309 times