ကမ္ဘာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင်  လေနှင့် နေရောင်ခြည် သုံးစွဲမှု မြင့်တက်


13 April, 2023

ကမ္ဘာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင်  လေနှင့် နေရောင်ခြည် သုံးစွဲမှု မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

လေနှင့် နေရောင်ခြည်စွမ်းအင်သည် ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာတစ်လွှား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၏ ၁၂% အထိ ရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၁၀% ရှိခဲ့သည်ထက် ပိုများလာကြောင်း ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာ အမှီအခိုကင်းသော တွေးခေါ်အဖွဲ့ Ember ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
.
Ember သည် ကမ္ဘာ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ၉၃ ရာခိုင်နှုန်းကို ဖြည့်တင်းသည့် နိုင်ငံပေါင်း ၇၈ နိုင်ငံမှ ဓာတ်အားထုတ်လုပ်မှုကဏ္ဍဆိုင်ရာများ၏ အချက်အလက်များကို လေ့လာခဲ့သည်။
.
 ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များနှင့် နျူကလီးယားစွမ်းအင်တို့သည် ယမန်နှစ်တွင် ကမ္ဘာ့ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးခဲ့သည်။

ဆိုလာစွမ်းအင်သည် ၂၀၂၁ ခုနှစ်ထက် ၂၄% ပိုများလာခဲ့ပြီး လေအားလျှပ်စစ်သည် ၁၇% ပိုများလာသည်။

ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်မှုသည် ၁.၁% မြင့်တက်ခဲ့သည်။ 

သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်မှုသည် ၀.၂% ကျဆင်းသည်။ 

သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မတန်တဆ မြင့်တက်ခဲ့ခြင်းကြောင့် ကျောက်မီးသွေးဖြင့် ထုတ်လုပ်မှုကို ပြန်လည်သုံးစွဲကြသဖြင့် ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်မှု များခဲ့ရသည်။

သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်မှုကို လျှော့ချကြသဖြင့် သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျ‌သွားသည်။ 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍမှ ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှု ၁.၃% ပိုများခဲ့သည်။ 
.
ယခုနှစ်တွင် ရုပ်ကြွင်းလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၀.၃%  လျော့ကျမည်ဟု Ember က ခန့်မှန်းထားသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 454 times