လက်လီ/လက်ကားရောင်းချခွင့်ပြုသောကုန်စည်စာရင်းဖြည့်စွက်ထုတ်ပြန်


19 November, 2021

နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်း ဆောင်ရွက်သည့်ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကား ရောင်းချခွင့်ပြုသည့်  ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်စွဲဖြင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားပါသည်။

နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကားရောင်းချခွင့်ပြုသည့်  ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းကို ယခင်က ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်စွဲဖြင့် သတင်းလွှာ (၃/၂၀၁၈) ထုတ်ပြန်ခဲ့ပြီး ၎င်းကို ယခုထုတ်ပြန်သည့် စာရင်းဖြင့် အစားထိုး သတ်မှတ်ပြဌာန်းပါသည်။

ပြည်တွင်းစျေးကွက်အတွင်း ရောင်းချမှုဖြန့်ဖြူးရာတွင် ဝယ်လိုအားနှင့်စျေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရောင်းချခွင့်ပြုထားသည့် ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းတွင်

  • စားသောက်ကုန် ကုန်ကြမ်းပစ္စည်းများ၊
  •  တိရစ္ဆာန်အစာ ကုန်ကြမ်းပစ္စည်းများ၊
  •  စက်မှုလုပ်ငန်းသုံးပစ္စည်းများနှင့် စက်မှုကုန်ကြမ်းပစ္စည်းများ၊
  • မော်တော်ယာဉ်နှင့် ယန္တရားများ၏ အပိုပစ္စည်းများနှင့် ယင်းနှင့်ဆက်စပ်ပစ္စည်းများကို 


ဦးစားပေးကုန်ပစ္စည်းအုပ်စုစာရင်းတွင် ဖြည့်စွက်ထားပါသည်။


အဆိုပါ ထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
 

Local News Read 1521 times