ဆန်ပိုးမထိုးအောင် မူပိုင်ခွင့် ယူထားသည့် ကိုယ်ပိုင် နည်းပညာသုံးစွဲ


19 December, 2022

ဆန်ပိုးမထိုးအောင် မူပိုင်ခွင့် ယူထားသည့် ကိုယ်ပိုင် နည်းပညာသုံးစွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ဆန်ပိုးများကဲ့သို့သော အင်းဆက်ပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ၎င်း၏ မူပိုင်ခွင့်နည်းပညာကို အသုံးပြုမှု အရှိန်မြှင့်ရန် ရည်ရွယ်ထားကြောင်း စင်ကာပူမှ အဓိက ဆန်သိုလှောင်ကန်ထရိုက်တာများထဲမှ တစ်ခုဖြစ်သည့် Singapore Storage & Warehouse က ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ၎င်း၏ Pasir Panjang ဂိုဒေါင်တွင် သမားရိုးကျ မီသိုင်းဘရိုမိုက်ဆေးဖြင့် ပိုးသတ်သည့် နည်းလမ်းကို သုံးစွဲခြင်းမပြုပါ။

၎င်းအစား သိုလှောင်ထားသော ဆန်ပတ်ဝန်းကျင်ရှိ လေထုဖွဲ့စည်းမှုကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သော သုံးနှစ်အတွင်း ပြည်တွင်း၌ တီထွင်ခဲ့သော နည်းပညာကို မှီခိုအားထားပါသည်။

၎င်းနည်းပညာ လုပ်ငန်းစဉ်သည် လက်လီ စားသောက်ကုန်အထုပ်များ  ထုပ်ပိုးခြင်းလုပ်ငန်းစဉ်နှင့် ဆင်ဆင်တူပါသည်။ 

Modified Atmosphere Packaging (MAP) ပုံးခွံ နည်းပညာကို ၂၀၁၉ တွင် စတင်သုံးစွဲခဲ့ပြီး ပိုမိုကောင်းမွန်အောင် မွမ်းမံခဲ့ပါသည်။ 

 

 

ဆန်အိတ်များကို အောက်ခံဆင့်ပြားတစ်ခုပေါ်တွင် ထားရှိကာ အံကိုက်လုပ်ပေးထားသည့် သေတ္တာပုံးခွံဖြင့် ဖုံးအုပ်ပြီး သေတ္တာပုံးခွံကို အလုံပိတ်ထားလိုက်ပါသည်။ ထို့နောက် သေတ္တာပုံးထဲမှ အောက်ဆီဂျင်ကို ထုတ်ယူပြီး တစ်ချိန်တည်းမှာ အခြားဒြပ်စင်များနှင့် လွယ်ကူစွာ ဓာတ်မပြုသော ဓာတ်ငွေ့ဒြပ်စင် inert gas ကို မှုတ်သွင်းပေးပါသည်။ သို့ဖြစ်ရာ ဆန်အိတ်များ ရှိနေသည့် သေတ္တာပုံးထဲ အောက်ဆီဂျင် မရှိသလောက် နည်းပါးသွားပါသည်။ အရွယ်ရောက်ပြီး ဆန်ပိုးသည် ၎င်းအခြေ‌အနေတွင် မရှင်သန်နိုင်ပါ။ 

သေတ္တာပုံးတစ်လုံးလျှင် ဆန်တန်ဝက်ခန့် ထည့်သိုနိုင်ပါသည်။

ကုမ္ပဏီ၏ ဆန်သိုလှောင်ရုံရှိ ဆန် ထက်ဝက်ကျော်ကို ယခုအခါ MAP သေတ္တာပုံးများတွင် ထည့်သွင်းထားသည်။

ထိုနည်းဖြင့် သိုလှောင်ထားပါက ဆန်ကို နှစ်ပေါက်အောင် သိုလှောင်ထားနိုင်ပါသည်ဟု Singapore Storage & Warehouse အမှုဆောင် အရာရှိချုပ် Ong Swee Keong က ပြောကြားပါသည်။ 

ဆန်ပိုး၏ ပျမ်းမျှသက်တမ်းမှာ သီတင်းပတ် ၄ ပတ်မှ ၅ ပတ်အထိ ဖြစ်ပါသည်။ 

ယခင်က ဆန်အိတ်များ တင်ထားသည့် စင်အထပ်ထပ်ကို သီတင်းပတ် ၅ ပတ်လျှင် တစ်ကြိမ် ပိုးသတ်ပေးရပါသည်။ 

 

မီသိုင်းဘရိုမိုက်ဆေးဖြင့် ပိုးသတ်သည့်အတွက် ဆန်တွင်  ဘရိုမိုက်အကြွင်းအကျန်အချို့ ရှိနေသည့် ဆိုးကျိုးရှိပါသည်။

Source CNA

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Agriculture & Livestock Read 3570 times