ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအဖြစ်သို့ တရုတ်နိုင်ငံ ရောက်ရှိ


20 November, 2021

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံထက် ကျော်လွန်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိကြောင်း အတိုင်ပင်ခံလုပ်ငန်းကြီး McKinsey က ပြောကြားပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ မှာ ကြွယ်ဝမှု သုံးဆ မြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် အိမ်ရာအဆောက်အအုံ ကဏ္ဍကြောင့် ဖြစ်ပါတယ်။

ကမ္ဘာ့အသားတင်ကြွယ်ဝပမာဏက ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၅၁၄ ထရီလီယံ ရှိပါတယ်။ ၂၀၀၀ ပြည့်နှစ်ထက် အမေရိကန်ဒေါ်လာ ၃၅၈ ထရီလီယံ မြင့်တက်ခဲ့ပါတယ်လို့ McKInsey အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကြွယ်ဝမှု မြင့်မားတာမှာ သုံးပုံတစ်ပုံဟာ တရုတ်နိုင်ငံကြောင့် ဖြစ်ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းကို မဝင်ခင်မှာ ကြွာ်ဝမှုက အမေရိကန်ဒေါ်လာ ၇ ထရီလီယံ ဖြစ်ပြီး ၂၀၂၁ မှာ အမေရိကန်ဒေါ်လာ ၁၂၀ ထရီလီယံသို့ ရောက်ရှိနေပါတယ်။
အမေရိကန်က ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၉၀ ထရီလီယံသို့ ရောက်ရှိလာခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးမှာ ကြွယ်ဝမှု စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက အချမ်းသာဆုံး အိမ်ထောင်စု ၁၀ စုရဲ့ လက်ထဲမှာ ရောက်ရှိနေပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ကမ္ဘာ့ကြွယ်ဝမှုမှာ အိမ်ရာအဆောက်အအုံက ၆၈% ပါဝင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကြွယ်ဝမှု တွက်ချက်ထားတာမှာ ငွေရေးကြေးရေး ပိုင်ဆိုင်မှုများ နဲ့ အသားတင်တန်ဖိုး
တို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုထားဘူးလို့ ဆိုပါတယ်။ အဲဒီပိုင်ဆိုင်မှုများကို ငွေရေးကြေးရေး ပေးဆပ်ရန်တာဝန်များက ဘဲစားဘဲချေး ဖြစ်နေလို့ ထည့်သွင်း တွက်ချက်ခြင်း မပြုကြောင်း ရှင်းပြထားပါတယ်။

 

 

Global News Industry Reviews Read 50432 times