Wave Money မှ  တယ်လီနောရှယ်ယာများ ဝယ်ယူမည်ဟု Yoma Strategic  ကြေညာ


27 November, 2022

Wave Money မှ  တယ်လီနောရှယ်ယာများ ဝယ်ယူမည်ဟု Yoma Strategic  ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


Yoma Strategic သည် Wave Money တွင် Telenor Group ၏ ရှယ်ယာများကို ရယူရန် အစီအစဉ်ကို ကြေညာခဲ့သည်။
Telenor Group သည် Digital Money Myanmar Limited (Wave Money)တွင်  ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါသည်။ 
အဆိုပါ ရှယ်ယာများအားလုံးကို Yoma Strategic  က အမေရိကန်ဒေါ်လာ သန်း ၄၀ ဖြင့် ဝယ်ယူမည် ဖြစ်သည်။  ယခင်က အမေရိကန်ဒေါ်လာ ၅၃ သန်းဖြင့် ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီး ယခု အမေရိကန်ဒေါ်လာ သန်း ၄၀ သို့ လျှော့ချလိုက်ခြင်း ဖြစ်ပါသည်။ 
ဝယ်ယူရေး သဘောတူညီချက်တွင် ပြင်ဆင်ချက်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်တွင် Yoma Strategic  က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ 
.
Wave Money မှ Telenor Group အပြည့်အဝ ထွက်ခွာရန် Yoma Strategic နှင့် Telenor Group  တို့ သဘောတူညီချက် ရရှိကြကြောင်းကို ၂၀၂၀ ဇွန်လတွင် ကြေညာခဲ့ကြပါသည်။ 
.
Wave Money ၏ ကွန်ရက်တွင် မြို့နယ်စုစုပေါင်း ၂၉၅  အကျုံးဝင်ပြီး ကိုယ်စားလှယ်နှင့် ဆိုင်များ ၄၅,၀၀၀ ကျော် ရှိပါသည်။
.
၂၀၂၁ ဇွန်လနောက်ပိုင်းတွင် အခြေအနေ သိသိသာသာ ပြန်လည်ကောင်းမွန်ခဲ့ကြောင်း ၂၀၂၂ ဇန်နဝါရီလတွင် Yoma  က ပြောကြားခဲ့ပါသည်။ 
Source asiatechdaily

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 330 times