စွန့်ပစ်ရေသန့်ဘူးများဖြင့် တံမြက်စည်းများ ထုတ်လုပ်


17 February, 2024

စွန့်ပစ်ရေသန့်ဘူးများဖြင့် တံမြက်စည်းများ ထုတ်လုပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ရှိ ဂိုဒေါင်ငယ်တစ်ခုတွင် အလုပ်သမားတစ်စု ထိုင်ပြီး ရေနွေးပူပူဖြင့် ပျော့ပျောင်းအောင် လုပ်ပေးထားသည့် စွန့်ပစ်ရေသန်းဘူးခွံများကို ညီညီညာညာ အစရှည်ရှည်များ ဖြစ်သွားအောင် ခွဲကြသည်။ ရရှိလာသော အချောင်းရှည်များဖြင့်  တံမြက်စည်း ပြုလုပ်သည်။ တရက်လျှင် တံမြက်စည်း ၄၀၀ ထုတ်လုပ်သည်။  

 

လွန်ခဲ့သည့် ၁၁ လအတွင်း ၎င်းတို့သည် စွန့်ပစ် ရေသန့်ဘူးခွံ တန်ချိန် ၄၀ ခန့်ကို တံမြက်စည်းများ အဖြစ်သို့ ပြောင်းလဲပေးခဲ့ကြသည်။ တရက်လျှင် ရေသန့်ဘူးခွံ ၅,၀၀၀ ခန့် သုံးစွဲသည်။

ရေသန့်ဘူးခွံ တံမြက်စည်းကို နှစ်မျိုး ထုတ်လုပ်သည်။ တမျိုးကို ရီအယ်လ် ၁၀,၀၀၀ ($2.50) ၊ ကျန်တမျိုးကို ရီအယ်လ် ၂၅,၀၀၀ ($3.75) ဖြင့် ရောင်းသည်။

 

အသက် ၄၁ နှစ်ရှိသူ ကမ္ဘောဒီးယားလုပ်ငန်းရှင် Has Kea သည် ပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချလိုသဖြင့် ရေသန့်ဘူးခွံ တံမြက်စည်း ထုတ်လုပ်သည့် လုပ်ငန်းကို စတင်ခဲ့သည်။ 

 

"ဒီတံမြက်စည်းက အချောင်းကလေးတွေက တော်တော်ခိုင်မာတယ်၊ လွယ်လွယ်နဲ့ မကျိုးဘူး" ဟု သက်တော် ၂၆ နှစ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးဖြစ်သည့် Suon Kosal က ဆိုသည်။ ပြီးခဲ့သည့်လက ရေသန့်ဘူးခွံ တံမြက်စည်း အချောင်း ၈၀ ဝယ်ယူခဲ့သည်။

Kea က ရေသန့်ဘူးခွံများကို စွန့်ပစ် ပလတ်စတစ် လိုက်လံကောက်ယူသူများထံမှ ဝယ်ယူသည်။ ကုန်ကြမ်း အလျှံပယ် ရရှိနေသည်။ ကုန်ကြမ်း မရမှာအတွက် ပူပန်ဖို့ မလိုအပ်ချေ။

သူ့လုပ်ငန်း ရေရှည်တည်တံ့မည်ဟု ယုံကြည်သည်။ ပြိုင်ဘက်များ ပေါ်လာလျှင် ကြိုဆိုဖို့ အသင့်ရှိသည်။ 

ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့ကျဖို့ကသာ အဓိက ဖြစ်သည်။ ပလတ်စတစ် လိုက်ကောက်သူများအဖို့လည်း ထိုက်ထိုက်တန်တန် ဈေးရသည်ဟု Kea က ပြောကြားသည်။ 

 

 

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Global News Read 285 times