အရေးကြီးသော လုပ်ငန်းများ၏ စွန့်ပစ်ရေဆိုးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ(၂၀၁၇)


09 October, 2017

လုပ်ငန်းများမှ ရေဆိုးစွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်ရသဖြင့် အရေးယူဆောင်ရွက်မှုများ ရှိခဲ့သည်။

ထိုအခါ စက်ရုံပိတ်သိမ်းပါက လုပ်ငန်းရှင်အနေဖြင့် များစွားနစ်နာသည့်အပြင် လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများလည်း ရုတ်တရက်အလုပ်လက်မဲ့အဖြစ်သို့ ရောက်ရှိပြီး ဒုက္ခရောက်ကြရသည်။

ထိုသို့ ဆိုးကျိုးများ ရှိနေသော်လည်း ယခုတိုင်း ရေဆိုးစွန့်ပစ်ရေးကို နည်းလမ်းတကျဖြင့် ဆောင်ရွက်နိုင်ကြခြင်း မရှိကြသေးပေရာ အဖြေရှာဖို့ အခါမနှောင်းခင်မှာ လိုအပ်နေပေသည်၊

ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှထွက်ရှိသောစွန့်ပစ်ရေစိုးများကြောင့်ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေရေးအလုပ်ရုံဆွေးနွေးပွဲအတွက်သတင်းရှင်းလင်းပွဲကိုအောက်တိုဘာလ ၉ရက်တွင်UMFCCI တွင်ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ခုနှစ်အောက်တိုဘာလ(၁၂)ရက်နှင့် (၁၃)ရက်တွင် နံနက်၉းဝဝနာရီမှညနေ၅းဝဝနာရီထိ UMFCCI Office Tower ၊ မင်္ဂလာခန်းမ ၌ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့မှ ကြီးမှုး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန ၊ရန်ကုန်မြီု့တော်စည်ပင်သာယာရေးကော်မတီ ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဓာတုအင်ဂျင်နီယာဌာန ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပြည်တွင်းပြည်အဖွဲ့အစည်းများမှပူးပေါင်းပါ၀င်ဆောက်ရွက်မည်ဖြစ်ကြောင်းသိရပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို အပိုင်း(၅)ပိုင်းခွဲ၍ကျင်းပသွားမည်ဖြစ်ကြောာင်းသိရပါသည်။

အောက်တိုဘာလ ၁၂ ရက်တွင် တင်ပြဆွေးနွေးမည့် အပိုင်း(၁) အနေဖြင့် အစိုးရပိုင်းမှ ဆွေးနွေးတင်ပြသွားမည်ဖြစ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထန်းသိမ်းရေး ၀န်ကြီးဌာန၊စက်မှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ဆွေးနွေးတင်ပြမည် ဖြစ်သည်ဟု သိရပါသည်။

အပိုင်း(၂) တွင် အဓိကအားဖြင့် JICA အပါ၀င် NGO များမှ တင်ပြသွားမည်ဖြစ်သည်။

အောက်တိုဘာလ ၁၃ ရက်တွင် တင်ပြဆွေးနွေးမည့် အပိုင်း(၃)၌ စက်မှုဇုန်များတွင် ဘေးထွက်ရေဆိုးစွန့်ပစ်ခြင်းနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမည် ဖြစ်သည်။

အပိုင်း(၄)တွင်နည်းပညာရှင်များမှ လက်ရှိတွေ့ကြုံ ဆောင်ရွက်နေသည်များကို စုစည်း၍ တင်ပြသွားမည် ဖြစ်သည်။

နောက်ဆုံးအပိုင်း ဖြစ်သည့် အပိုင်း(၅)တွင် ၀ုိင်းဖွဲ့ဆွေးနွေးမှု ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနိင်ငံတော်မှပြဌာန်းထားသောဥပဒေများကိုကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ၊

ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှထွက်ရှိသောသောရေဆိုးများကြောင့်ပတ်ဝန်းကျင်ညစ်ညမး်မှုဖြစ်ပေါ်နေမှုများဖော်ထုတ်သိရှိရေး ၊

ရေဆိုးများကြောင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုအပေါ်စီမံခန့်ခွဲမှုအခက်အခဲနှင့်စိန်ခေါ်မှုများဖော်ထုတ်သိရှိရေး ၊

ရေဆိုးသန့်စင်ခြင်းဆိုင်ရာမှန်ကန်သောနည်းပညာများရရှိရေး ၊

ကုန်ထုတ်လုပ်သည့်စက်ရုံများမှရေဆိုးသန့်စင်စနစ်များတည်ဆောက်တပ်ဆင်အသုံးပြုရေးအခက်အခဲနှင့်စိန်ခေါ်မှုများဖော်ထုတ်သိရှိရေး ၊

စက်မှုဇုံများအလိုက်ဗဟိုရေဆိုးသန့်စင်စက်ရုံများထူထောင်နိင်ရေး ၊

ရေဆိုးသန်စင်ခြင်းစနစ်များထိရောက်မှုရှိ/မရှိစောင့်ကြပ်ကြည့်ရှုရေးတို့ဖြစ်ကြောင်းသိရပါသည်။

Local News Events & Exhibition Read 1036 times