Virgin Orbit တရားဝင်ပိတ်သိမ်း


31 March, 2023

Virgin Orbit တရားဝင်ပိတ်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Virgin Orbit  အာကာသပေးပို့ရေး လုပ်ငန်းများကို တရားဝင်ပိတ်သိမ်းလိုက်ပြီဖြစ်သည်။

နောက်ဆုံးအပြီးသတ် စာရင်းတွင် Virgin Orbit သည် ခြောက်ကြိမ်တိုင်တိုင် ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်ခဲ့ရာ၌ လေးကြိမ်သာ အောင်မြင်ခဲ့ပါသည်။

Virgin Orbit ၏ အာကာသထဲသို့ ဂြိုလ်တုများကို လေယာဉ်ပေါ်မှ ဒုံးပျံဖြင့် လွှတ်တင်ပေးသည့် လုပ်ငန်းစဉ်သည် မတ်လ ၃၀ ရက်တွင် ရပ်လိုက်ပြီ ဖြစ်သည်။
Virgin ၏ ဂြိုလ်တုလွှတ်တင်ရေး လုပ်ငန်းခွဲသည်အာကာသ ကမ္ဘာပတ်လမ်းသို့ ဂြိုဟ်တုများ ပေးပို့သည့် စီးပွားရေးလုပ်ငန်းနယ်ပယ်တွင်  ခြောက်နှစ်ကြာပြီးနောက်၊  လုပ်ငန်းဆက်လက်လည်ပတ်ရန် ရန်ပုံငွေ မရှိသည့် အနာဂတ်” အတွက် ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 Virgin Orbit ၏ ဝန်ထမ်း ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်သော  စုစုပေါင်း ဝန်ထမ်း ၆၇၅ ဦးတို့သည်အလုပ်မှ ချက်ချင်းထုတ်ပယ်ခြင်း ခံရမည်။

 Virgin Orbit သည် LauncherOne ကို အကောင်အထည်ဖော်ရန်နှင့် စီးပွားဖြစ်ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

 

 LauncherOne သည် ဂြိုဟ်တုလွှတ်တင်ရေး စနစ် တစ်မျိုးဖြစ်ပြီး Cosmic Girl ဟု အမည်ပေးထားသည့် Boeing 747 ကို ဒုံးပျံ သယ်ဆောင်ရန်နှင့် လွှတ်တင်ရန် အသုံးပြုသည်။
 လေယာဉ်ပျံက အမြင့်ပေ ၃၀,၀၀၀-၅၀,၀၀၀ တွင် ပျံသန်းနေစဉ် လေယာဉ်မှာ သယ်ဆောင်လာသည့် ဂြိုဟ်တုများ ပါသည့် ဒုံးပျံကို ကမ္ဘာပတ်လမ်း အနိမ့်သို့ စေလွှတ်သည်။ 
စမ်းသပ်စေလွှတ်မှုများ အောင်မြင်ခဲ့သည်။ ယူကေ စစ်တပ်ထံမှ ကန်ထရိုက်ရယူပြီး ဂြိုဟ်တုများ ပို့ဆောင်သည့် ခရီးစဉ်ကို ၂၀၂၀ မေလတွင် လုပ်ဆောင်ခဲ့ရာ၌ မအောင်မြင်ခဲ့ချေ။ 
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုမှာ အောင်မြင်ခဲ့ပါသည်။NASA ၏ ကုဗတုံး ဂြိုဟ်တု ၁၀ ခုကို ပို့ဆောင်ပေးခဲ့သည်။ ၎င်းလတွင် နောက်ထပ် ဂြိုဟ်တု ၇ ခုကို အောင်မြင်စွာ ပို့ဆောင်ပေးခဲ့သည်။ ဇူလိုင်လတွင်လည်း ပို့ဆောင်မှုတစ်ခု ထပ်မံ အောင်မြင်ခဲ့သည်။ 
၂၀၂၂ ဇန်နဝါရီလတွင် တစ်ကြိမ် ပို့ဆောင်ခဲ့ရာတွင် မအောင်မြင်ခဲ့ချေ။ 

အပြည့်အစုံဖတ်ရှုရန် 
https://t.me/Guid4U/4139

Virgin Orbit သည် ၂၀၂၀ နှင့် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း ပို့ဆောင်မှု ခြောက်ကြိမ် ပြုလုပ်ခဲ့ပြီး လေးကြိမ်သာ အောင်မြင်ခဲ့သည်။

Virgin Group ထူထောင်သူ ဘီလျံနာ Sir Richard Branson က အရှုံးပြနေသည့် Virgin Orbit တွင် ကန်ဒေါ်လာ ၅၅ သန်း ထပ်ထည့်ခဲ့သော်လည်း လတ်တလော မအောင်မြင်ခဲ့သည့် ခရီးစဉ်ကြောင့် ရင်းနှီးမြှုပ်နှံသူများက Virgin Orbit ကို လက်ရှောင်ထားလိုက်ကြသည်။
မတ်လ ၁၆ ရက်နေ့တွင် Virgin Orbit သည် "လုပ်ငန်းလည်ပတ်မှုခေတ္တရပ်သည်" ဟု ကြေညာခဲ့သည်။ ဝန်ထမ်းဦးရေ ၇၅၀ ခန့်ကို အလုပ်ယာယီရပ်ဆိုင်းထားလိုက်သည်။  အရင်းအနှီး။ ထည့်ဝင်မည့် ရင်းနှီးမြှုပ်နှံသူများကို ဆက်လက် ရှာဖွေခဲ့ပြီး အလုပ်ယာယီရပ်ဆိုင်းထားခြင်းကို သက်တမ်း ၂ ပတ် တိုးခဲ့သည်။ မတ်လ ၃၀ ရက်တွင် ကုမ္ပဏီ ရပ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။
Source engadget

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Global News Investment/Divestment Read 205 times