ဗီယက်နမ် ပို့ကုန်ကဏ္ဍ အကျဘက် ရောက်ရှိနေ


26 March, 2023

ဗီယက်နမ် ပို့ကုန်ကဏ္ဍ အကျဘက် ရောက်ရှိနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

  • ဗီယက်နမ်၏ စီးပွားရေးသည် ယမန်နှစ်က Samsung အီElectronics ၊ LG နှင့် Hon Hai Precision Industry တို့ကဲ့သို့ ထုတ်လုပ်သူများ၏ ထုတ်ကုန်ပစ္စည်းမျ တင်ပို့မှုကြောင့် ၈% မြင့်တက်ခဲ့သည်။
  • ယခုအခါ ဗီယက်နမ် ပြည်တွင်းမှာ ချေးငွေ အကျပ်အတည်းနှင့် အဂတိလိုက်စားမှု ဖြိုခွင်းမှုများကြားတွင် ပြည်ပဝယ်လိုအား ကျဆင်းနေသည်။
  •  
  • ပြည်တွင်းဝယ်လိုအား အားနည်းနေခြင်းကြောင့် အခုအခံ ပြုစရာ မရနိုင်ချေ။


ဗီယက်နမ်သည် ထုတ်လုပ်မှုကို တရုတ်နိုင်ငံအစား ကုန်ကျစရိတ် သက်သာသည့် နေရာအဖြစ် ရွေးချယ်ခံရသည်မှာ ကြာမြင့်စွာကတည်းက ဖြစ်သည်။

 ဗီယက်နမ် ကုန်သွယ်မှု သဘောတူညီချက် ရရှိထားခြင်း၊ အမေရိကန်နှင့် ဆက်ဆံရေး နွေးထွေးခြင်းတို့ကလည်း ကုန်ထုတ်လုပ်သူများက တရုတ်နိုင်ငံထက် ဗီယက်နမ်ကို ဦးစားပေး ရွေးချယ်ကြသည်။
 တရုတ်နိုင်ငံရှိ ခေတ်မီကုန်ထုတ်လုပ်ငန်းများထံမှ ပစ္စည်းအစိတ်အပိုင်းများရယူရန် နီးကပ်သောနေရာ၌ ဗီယက်နမ်နိုင်ငံ တည်ရှိနေခြင်းကလည်း တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းများအတွက် အားသာချက်တစ်ခု ဖြစ်သည်။

အီလက်ထရွန်းနစ်၊ အဝတ်အစားနှင့် ရူးဖိနပ်များကို ကုမ္ပဏီများက “Made in Vietnam” ဖြင့် ထုတ်လုပ်ကြခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်က ၁၃.၅%  တိုးခဲ့ပြီး ကန်ဒေါ်လာ ၂၂  ဘီလီယံအထိ မြင့်တက်လာခဲ့သည်။
ပြည်တွင်း ထုတ်လုပ်မှု၏ ၉၀% ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ပို့ကုန်တန်ဖိုး စုစုပေါင်း ကန်ဒေါ်လာ ၃၇၂ ဘီလီယံ ရရှိခဲ့သည်။ 

ယခုနှစ်တွင် ပင်လယ်ရပ်ခြားမှ အမှာစာများ လျော့ကျနေသည်။ ပြည်တွင်း သုံးစွဲမှုမှာ ကြီးကြီးမားမား မရှိသဖြင့် ပို့ကုန်ကိုသာ တည်မှီထားသောကြောင့် ကုန်ထုတ်လုပ်ငန်းများ အခက်ကြုံနေသည်။
၂၀၂၁ ခုနှစ်တွင် တစ်ဦးချင်းအရ ဝင်ငွေမှာ $3,600 ဝန်းကျင်ဖြစ်သည်။ တရုတ်နိုင်ငံတွင် တစ်ဦးချင်းအရ ဝင်ငွေမှာ $12,000 ဖြစ်သည်။
သို့ဖြစ်ရာ ဝင်ငွေ မြင့်မားသည့်အပြင် လူဦးရေလည်း ကြီးမားသော တရုတ်နိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများအနေဖြင့် ပြည်တွင်းဈေးကွက်မှာ အရွယ်အစားကြီးမားသော ဝယ်လိုအား ရှိနေပြီး ဗီယက်နမ်တွင် မရှိချေ။
ဗီယက်နမ်လုပ်သား အများစုမှာ ငယ်ရွယ်သူများ ဖြစ်သည်။ အသက်အပိုင်းအခြားသည် တရုတ်ပြည်ထက် ငယ်သည်။ သို့သော် အင်ဒိုနီးရှားနှင့် အိန္ဒိယတို့ထက် အသက်ကြီးသဖြင့် အသက်ငယ်သဖြင့် လုပ်သားစရိတ် သက်သာသည့် အားသာချက်သည် တာရှည်ခံမည် မဟုတ်ချေ။ 

ဗီယက်နမ် ပြည်တွင်းမှာ စီးပွားရေး လုပ်ငန်းများအပေါ် ပိနေသည့် အလေးအပင်များ ရှိနေသည်။ 
အဂတိလိုက်စားမှု နှိမ်နင်းရေးကို ရေရှည်ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ဇန်န၀ါရီလက သမ္မတ Nguyen Xuan Phuc နေရာဖယ်ပေးခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ရေရှည်တွင် အကျိုးရှိမည်ဖြစ်သော်လည်း ယခုအခါ ကမောက်ကမများ ဖြစ်ပေါ်နေစေသည်။ ဗျူရိုကရေစီကယန္တရား ရပ်တန့်စေသည်။ အိမ်ခြံမြေကဏ္ဍ ထိခိုက်သည်။ စတော့ရှယ်ယာများ ဈေးကျစေသည်။
အဂတိလိုက်စားမှု နှိမ်နင်းရေး စီမံချက်သည် စီးပွားရေး အမှုဆောင်အရာရှိများကို ပစ်မှတ်ထားသည်။ ဆေးဝါးများ အပါအဝင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ တစ်နွယ်ငင် တစ်စင်ပါ ထိခိုက်သည်။
ကုန်ထုတ်လုပ်သူများ၏ စိတ်အားထက်သန်မှုအချို့ ဆုံးရှုံးကုန်သည်။

 နာမည်ကြီး အမှတ်တံဆိပ် အားကစား ရူးဖိနပ်များ ထုတ်လုပ်ရာတွင် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းရဖြစ်သော Pou Chen သည် လွန်ခဲ့သည့် ၂ နှစ်က လုပ်သားအင်အား လိုသလောက် မရသည့် အခက်အခဲကို ကြုံခဲ့သည်အထိ အမှာစာများ လက်ခံရရှိခဲ့သည်။ ယခုနှစ်တွင် ဟိုချီမင်းစီးတီးမှာ လုပ်သားအင်အား ဦးရေ ၆,၀၀၀ ဝန်းကျင် လျှော့ချခဲ့ရသည်။ 

သမ္မတအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ နိုင်ငံရေး လှိုင်းလေထန်နေသဖြင့် အခြေအနေကို စောင့်ကြည့်နေကြသောကြောင့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ လျော့ကျသည်။ ပြည်ပတိုက်ရိုက် မတည်ငွေ စာရင်းဝင်သည့် ပမာဏသည် ယခုနှစ် ပထမ ၇ ပတ်တွင် ၃၈% ကျဆင်းခဲ့သည်။

ဗီယက်နမ်၏စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၈.၀၂%% တိုးတက်ခဲ့သည်။ ၁၉၇၇ နောက်ပိုင်း အမြင့်မားဆုံးစံချိန်ဖြစ်သည်။ 

ဗီယက်နမ် ပို့ကုန်သည် ၂၀၂၃ ဇန်နဝါရီလတွင် ၂၀၂၂ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၂၃.၄% ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီလတွင် အတိုးအလျော့ မရှိခဲ့ချေ။

Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 333 times