ဈေးကွက်တည်ငြိမ်ရေးအတွက် ဗီယက်နမ်ဗဟိုဘဏ် ဒေါ်လာအရောင်း ကြိမ်ရေတိုး


23 June, 2022

ဈေးကွက်တည်ငြိမ်ရေးအတွက် ဗီယက်နမ်ဗဟိုဘဏ် ဒေါ်လာအရောင်း ကြိမ်ရေတိုး

အမေရိကန်က အတိုးနှုန်း တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် အမေရိကန်ဒေါ်လာ အားတောင့်တင်းလာနေချိန်မှာ ဗီယက်နမ် ဗဟိုဘဏ်  State Bank of Vietnam က နိုင်ငံခြားသုံးငွေ ရောင်းချပေးတဲ့ ကြိမ်ရေ တိုးဖို့ အစီအစဉ်ချမှတ်လိုက်ပါတယ်။

နိုင်ငံခြားငွေ အရန်ငွေ ဒေါ်လာ ၁၁၀ ဘီလီယံဝန်းကျင်ဖြင့် ဈေးကွက်တည်ငြိမ်စေရန် ဗီယက်နမ် ဗဟိုဘဏ်က ၎င်းရဲ့ နိုင်ငံခြားသုံးငွေများကို ဆက်လက်ရောင်းချမည်ဖြစ်ကြောင်း ဘဏ်ရဲ့ ငွေကြေးမူဝါဒဌာန လက်ထောက်အကြီးအကဲ Pham Chi Quang က တနင်္လာနေ့ (ဇွန် ၂၀)တွင် ပြောကြားခဲ့ပါတယ်။

 "ဗီယက်နမ်နိုင်ငံတော်ဘဏ် State Bank of Vietnamသည် စျေးကွက်ထဲသို့ ပေးသွင်းမှု တိုးမြှင့်ရန်အတွက် ၎င်း၏နိုင်ငံခြားသုံးငွေ ရောင်းချမှုကို တိုးမြှင့်မည်ဖြစ်သည်" လို့ အသိပေး ကြေညာခဲ့ပါတယ်။

မေလ ၁၆ ရက်တွင် US Federal Reserve က ၎င်းရဲ့ အတိုးနှုန်းကို ၀.၇၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပြီးသည့်နောက်မှာ ဗီယက်နမ်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေများ တိုးမြှင့်ရောင်းချပေးဖို့  ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 
အတိုးနှုန်း ၀.၇၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်တာဟာ ၂၈ နှစ်တာကာလအတွင်း အမြင့်မားဆုံးတိုးမြှင့်ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း တတိယအကြိမ်မြောက် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ယခုလို အတိုးနှုန်း မြှင်တက်တဲ့အတွက်ကြောင့် နိုင်ငံခြားသုံးငွေအမျိုးမျိုးနှင့် အမေရိကန်ဒေါ်လာ တန်ဖိုးကို တိုင်းတာတဲ့ အမေရိကန်ဒေါ်လာ အညွှန်းကိန်း မြင့်တက်စေခဲ့ပါတယ်။ ယခုနှစ်စနှင့် နှိုင်းယှဉ်ပါက ၁၀% မြင့်တက်ပါတယ်။
ဒါပေမဲ့ ဗီယက်နမ်နိုင်ငံသုံးငွေ ဒေါင်dong က အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းမှာ အနည်းငယ်သာ အားပျော့သွားကြောင်း Quang က ပြောကြားပါတယ်။ ယခုနှစ်မှာ ၂% ဝန်းကျင်အားပျော့သွားတာဖြစ်ပြီး ဒေါင် တည်ငြိမ်ပါတယ်လို့ ၎င်းက သုံးသပ်ပါတယ်။

 စွမ်းအင်နှင့် ကုန်ဈေးနှုန်းများ မြင့်တက်နေတဲ့ကြားတွင် အထူးသဖြင့် မရှိမဖြစ် လိုအပ်သော ပစ္စည်းများ တင်သွင်းလိုသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံခြားငွေ လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနေကြောင်း Quang က ပြောကြားပါတယ်။

ဗီယက်နမ် ဗဟိုဘဏ်က ပြင်ပမှ ရိုက်ခတ်မှုများကို ဒဏ်ခံကာကွယ်ပေးရန်၊ မက်ခရိုစီးပွားရေးကို တည်ငြိမ်စေရန်နှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်အတွက်  လိုက်လျောညီထွေစွာဖြင့် ငွေကြေးလဲလှယ်မှုနှုန်းကို ဆက်လက်စီမံခန့်ခွဲမယ်လို့ ဆိုပါတယ်။
 #MyanmarIndustryGuide 

Telegram Channel

https://t.me/Guid4U/267

https://t.me/Guid4U

 

Source: e.vnexpress

Banking & Loan Global News Read 2622 times