ဗီယက်နမ်မှာ  အနည်းဆုံး ဒေသဆိုင်ရာ လုပ်ခ  ၆ ရာခိုင်နှုန်း တိုးမြှင့်မည်


15 June, 2022

ဗီယက်နမ်မှာ  အနည်းဆုံး ဒေသဆိုင်ရာ လုပ်ခ  ၆ ရာခိုင်နှုန်း တိုးမြှင့်မည်

ကပ်ရောဂါကြောင့် အလုပ်သမား အတော်များများ အခက်အခဲကြုံနေရပြီး ၎င်းတို့ဘဝတည်ငြိမ်ရေးအတွက် အထောက်အကူ ရစေရန်နှင့်အလုပ်ရှင်တွေနဲ့ အတူဆက်လက်လုပ်ကုိင်နေနိုင်ဖို့ အနိမ့်ဆုံးလုပ်ခလစာ တိုးပေးဖို့ ယခုအခါမှာ လိုအပ်နေတဲ့အတွက်ကြောင့် ဗီယက်နမ် အမျိုးသား လုပ်ခ ကောင်စီက ဒေသအနိမ့်ဆုံးလုပ်ခကို ဇူလိုင် ၁ ရက်မှစ၍  ၆ ရာခိုင်နှုန်း တိုးမြှင့်ရန် အတည်ပြုပါတယ်။

ဒုတိယဝန်ကြီးချုပ် Pham Binh Minh က ဇွန်လ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သော အစိုးရအမိန့်စာကို ထုတ်ပြန်ကြေညာပါတယ်။
၂၀၀၉ မှစ၍ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်ခြင်းကို အမြဲတမ်း နှစ်အစ ဇန်နဝါရီလ (၁)ရက်မှာ စတင်သက်ရောက်လေ့ ရှိပါတယ်။ နှစ်လယ်ပိုင်းမှာ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်သတ်မှတ်ပေးတာ ယခု ပထမဆုံးအကြိမ် ကြုံကြရခြင်း ဖြစ်ပါတယ်။

ဗီယက်နမ် အစိုးရက လစာဒေသ ၄ ခု သတ်မှတ်ထားပြီး ဒေသအပေါ်မူတည်ပြီး တိုးသည့်ပမာဏများ အနည်းအများ ကွာခြားမှာ ဖြစ်ပါတယ်။
လုပ်ခတိုးသည့် အစီအစဉ်အရ လုပ်သား တစ္ဦး တစ်လခစာမှာ US$7.8-11.2 တိုးမှာ ဖြစ်ပါတယ်။ 
ယခုလို တိုးမြှင့်လိုက်တဲ့အတွက် ရရှိလာမယ့် အနည်းဆုံး  တစ်လစာ လုပ်ခ  $140.19-201.88 ရရှိကြမှာ ဖြစ်ပါတယ်။

"နေ့စဉ် သို့မဟုတ် အပတ်စဉ် သို့မဟုတ် ပြီးစီးတဲ့ ခုရေအရ လုပ်ခရရှိတဲ့  အလုပ်သမားများ ရရှိတဲ့လစာဟာ တစ်နာရီနှုန်းထား သို့မဟုတ် တစ်လစာ အဖြစ် တွက်ချက်တဲ့အခါ အနိမ့်ဆုံး လုပ်ခထက် နည်း‌‌နေလို့ မရဘူး"လို့ အမျိုးသားလုပ်ခလစာကောင်စီ ဥက္ကဋ္ဌဖြစ်သူ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Le Van Thanh က ပြောကြားပါတယ်။ ၆ ရာခိုင်နှုန်း တိုးခြင်းသည် အလုပ်သမားများ၏ လိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်မယ်လို့ လည်း Mr Thanh က ပြောကြားပါတယ်။

ဒေသဆိုင်ရာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ခြင်း မပြုသေးဘဲ   ဆိုင်းငံ့ထားတာ နှစ်နှစ်ခွဲ ရှိနေပြီ ဖြစ်ပြီး  လုပ်ခစားများသည် ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းနှင့် Covid-19 ကြောင့် ဝင်ငွေကျဆင်းခြင်းတို့ကို ကြုံတွေ့နေရပါတယ်လို့ ဗီယက်နမ် အလုပ်သမား အထွေထွေ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ Ngo Duy Hieu က ပြောကြားပါတယ်။

အနိမ့်ဆုံးဒေသဆိုင်ရာ လုပ်ခလစာရဲ့  နောက်ဆုံးပြန်လည်ပြင်ဆင်မှုကို ဇန်နဝါရီ ၁ ရက်၊ ၂၀၂၀ တွင် ပြုလုပ်ခဲ့ပါတယ်။ ၂ နှစ်ခွဲ ကြာပြီးချိန်မှာ ၆% တိုးမြှင့်တာ ဖြစ်ပါတယ်။ ၂၀၀၉ မှစ၍ ၁၈ ကြိမ် တိုးမြှင့်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
#MyanmarIndustryGuide 

Labour Affairs Read 506 times