ဗီယက်နမ် စင်ကာပူ စက်မှုဥယျာဉ် ဖက်စပ်လုပ်ငန်း အမြတ်ထက်ဝက်ကျော် လျော့ကျ


11 September, 2023

ဗီယက်နမ် စင်ကာပူ စက်မှုဥယျာဉ် ဖက်စပ်လုပ်ငန်း အမြတ်ထက်ဝက်ကျော် လျော့ကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဗီယက်နမ်နိုင်ငံမှ Vietnam-Singapore Industrial Park Joint Venture ကုမ္ပဏီသည် ယခုနှစ် ပထမနှစ်ဝက်အတွက် အခွန်ဆောင်ပြီး အမြတ်ငွေ ဒေါင် ၄၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၃ သန်း) ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅၅% ကျဆင်းသွားသည်ဟု ဆိုသည်။

၂၀၂၀မှစ၍  ကုမ္ပဏီ၏ အမြတ်အစွန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် ပြန်လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။


ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည့် ကုမ္ပဏီကို ဗီယက်နမ်မှ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်း (Becamex IDC) နှင့် Sembcorp Development ကော်ပိုရေးရှင်းမှ ဦးဆောင်သည့် စင်ကာပူရင်းနှီးမြှုပ်နှံသူများ ပူးပေါင်းအဖွဲ့တို့က ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ယခုအခါ ဗီယက်နမ်တွင် စက်မှုဇုန်ကိုးခု ဖွင့်လှစ်ထားပြီးဖြစ်သည်။

 ယခုအခါ စက်မှုဥယျာဉ်များတွင် နိုင်ငံပေါင်း ၃၀ မှ လုပ်ငန်းများ  ၈၈၀ ခန့်ရှိကြောင်း ကုမ္ပဏီက ပြောကြားခဲသည်။
စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ ဘီလီယံ ရှိသည်။ အလုပ်အကိုင် ၂ သိန်းခွဲ အလုပ်ခန့်ထားသည်။

Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 642 times