ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ပြည်ပသို့ လုပ်သား ၁ သိန်းကျော် ဗီယက်နမ် စေလွှတ်မည်


21 February, 2024

ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ပြည်ပသို့ လုပ်သား ၁ သိန်းကျော် ဗီယက်နမ် စေလွှတ်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်၊ ဂျပန်၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့ကဲ့သို့ အဓိက စျေးကွက်များကို အာရုံစိုက်ထားပြီး ၂၀၂၄ ခုနှစ်တွင် စာချုပ်များဖြင့် အလုပ်သမား ၁၂၅,၀၀၀ ဦးကို ပြည်ပသို့ စေလွှတ်ရန် ရည်မှန်းထားသည်။

 

အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဌာန လက်ထောက်အကြီးအကဲ Nguyen Nhu Tuan ၏ ပြောကြားချက်အရ 

• ဂျပန်သို့ ၆၃,၀၀၀ ခန့်

• ထိုင်ဝမ်သို့ ၄၈,၀၀၀ ခန့်

• ကိုရီးယားသို့ ၈,၅၀၀ ခန့် စေလွှတ်မည်။

 

ဗီယက်နမ်သည် အလားအလာရှိသော စျေးကွက်များသို့ လုပ်သားစေလွှတ်ရာ၌ မြင့်မားသော ဝင်ငွေရရှိစေရန်၊ ဘေးကင်းလုံခြုံရန်၊ တတ်ကျွမ်းမှုနှင့် သက်ဆိုင်သည့် အလုပ်အကိုင်များ ရရှိရန် ဦးစားပေးမည် ဖြစ်ကြောင်း Tuan က ပြောကြားသည်။

 

ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ စေလွှတ်သည့် လုပ်သားများ၏ အရည်အသွေး မြှင့်တင်ရေးကို လုပ်ဆောင်ပေးမည်။ 

 

နိုင်ငံရပ်ခြားသို့ လုပ်သားစေလွှတ်ခြင်းသည် အလုပ်သမားများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေဖန်တီးပေးရုံမျှမက ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးသာမက နိုင်ငံ အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ဗီယက်နမ်သည် ၂၀၂၃ ခုနှစ်တွင် စာချုပ်ဖြင့် ပြည်ပသို့ အလုပ်သမား ၁၅၉,၀၀၀ ကျော် စေလွှတ်ခဲ့သည်။ ၁၀ နှစ်တာကာလအတွင်း ဦးရေ အများဆုံး ဖြစ်သည်။ 

 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Labour Affairs Read 195 times