ဗီယက်နမ် အိမ်ခေါင်မိုး ဆိုလာ သုံးစွဲမှု တိုးမြှင့်


19 November, 2023

ဗီယက်နမ် အိမ်ခေါင်မိုး ဆိုလာ သုံးစွဲမှု တိုးမြှင့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Trinh Can သည် ဟိုချီမင်းမြို့တွင် မကြာခဏ မီးပျက်နေသောကြောင့် စိတ်ပျက်မိသည်။ မီးမှန်မှန် မလာသော်လည်း မီတာခက ဈေးတက်သည်။ သူ့အိမ်  ခေါင်မိုးပေါ် ဆိုလာပြားများ ခင်းဖို့ ယခုနှစ် နွေရာသီမှာ သူဆုံးဖြတ်လိုက်သည်။

 "ဒီနည်းလမ်းက ပိုတည်ငြိမ်တယ်" ဟု အသက် ၇၁ နှစ်အရွယ် Can က ပြောသည်။ "သဘာဝ ပတ်ဝန်းကျင် မထိခိုက်တဲ့ နည်းလမ်းဖြစ်ဖို့ကိုလည်း ကျွန်တော် ထည့်စဉ်းစားပါတယ်" ဟု သူက ဆိုသည်။

 ဗီယက်နမ်တွင် အိမ်ခေါင်မိုးများကို ဆိုလာပြားများဖြင့် စောင်ခြုံပေးထားကြသည်။ အိမ်သုံးအတွက် ဓာတ်အားစက်ရုံ အသေးစားများ ဖြစ်ကြသည်။

ယခုအခါ အိမ်အမိုး တသိန်းကျော်တွင် ဆိုလာပြားများ ခင်းထားပြီ ဖြစ်သည်။ 

ဗီယက်နမ်အစိုးရက အိမ်သုံးလျှပ်စစ် ရုံးသုံးလျှပ်စစ် စုစုပေါင်း၏ ၅၀% ကို ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး ဆိုလာပြားများဖြင့် ထုတ်လုပ်ရန် ရည်မှန်းချက် ချထားသည်။


ဗီယက်နမ်တွင် အိမ်သုံးအတွက် ဖူဖူလုံလုံ ထုတ်လုပ်ပေးနိုင်မည့်  အိမ်သုံးဆိုလာစနစ်တစ်ခုသည် $2,000 မှ $5,000 အတွင်း ကုန်ကျပြီး ယင်းတွင် ဘက်ထရီဖိုးနှင့် ပြုပြင်ထိန်းသိမ်းသည့် စရိတ်စကများ မပါချေ။

ဗီယက်နမ်နိုင်ငံသည် ဖိုတိုဗို့တစ် photovoltaic (PV) ဆဲလ် အမြောက်အများ ထုတ်လုပ်နေသည့် နိုင်ငံဖြစ်သည်။ ဆိုလာပြားများတွင်  ဖိုတိုဗို့တစ်ဆဲလ်များက နေရောင်ခြည်ကို လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးသည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 222 times