ဗီယက်နမ်  မြေရှား တူးဖော်ထုတ်လုပ်မှု ၁၀ ဆ တိုး


05 May, 2023

ဗီယက်နမ်  မြေရှား တူးဖော်ထုတ်လုပ်မှု ၁၀ ဆ တိုး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်သည် ယမန်နှစ်က မြေရှား တူးဖော်ထုတ်လုပ်မှု ၁၀ ဆ တိုးခဲ့သည်။

 တူးဖော်ရရှိသည့် ရှားပါးမြေများသည် ယမန်နှစ်တွင် ဆယ်ဆ တိုးမြင့်ခဲ့သည်။
ဗီယက်နမ် မြေရှားသတ္တုသိုက်သည် ကမ္ဘာ့ဒုတိယ အကြီးဆုံးဟု ခန့်မှန်းထားကြသည်။
မြေရှားအတွက် တရုတ်အပေါ် မှီခိုအားထားနေရခြင်းကို လျှော့ချရန် ဗီယက်နမ်ကို နိုင်ငံတကာ လုပ်ငန်းကြီးများက မျက်စိကျကြသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့မြေရှား တူးဖော်ထုတ်လုပ်မှု၏ ၆၃%၊ ကမ္ဘာ့မြေရှားသန့်စင်မှု၏ ၈၅% ၊ ကမ္ဘာ့မြေရှားသံလိုက်ထုတ်လုပ်မှု၏ ၉၂% ကို လုပ်ကိုင်နေသည်။


ဗီယက်နမ်နိုင်ငံတွင် မြေရှားလုပ်ငန်းကဏ္ဍကို ထူထောင်ရန် ယခင်က ကြိုးပမ်းခဲ့ဖူးသည်။ ထိုစဉ်က မြေရှားသတ္တုအမျိုးမျိုးတို့ ဈေးကျနေသည်က တစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲများကြောင့် တစ်ကြောင်း မြေရှားလုပ်ငန်းကဏ္ဍ မထွန်းကားနိုင်ခဲ့ချေ။

 ယခုအခါ လျှပ်စစ်မော်တော်ယာဉ်များအတွက် မြေရှားသတ္တုများ လိုအပ်ချက်မြင့်မားပြီး ဈေးကောင်းရကြသဖြင့် ဗီယက်နမ်ထံမှ မြေရှားသတ္တု ဝယ်ယူမှု များလာခဲ့သည်။

Australian Strategic Materials Ltd (ASM) က ယခုနှစ်တွင်  Vietnam Rare Earth Co ထံမှ မြေရှား တန်ချိန် ၁၀၀ ဝယ်ယူမည်ဟု ပြောကြားခဲ့သည်။ နှစ်ရှည်စာချုပ်ဖြင့် ဝယ်ယူရန်အတွက်လည်း စီစဉ်ထားသည်။
ဗီယက်နမ်မြေရှားကို တောင်ကိုရီးယားရှိ ASM ၏ စက်ရုံအတွက်လည်း အသုံးပြုမည် ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၏ မြေတွင်းမိုင်းတွင်း ထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄၀၀ မှ ယမန်နှစ်တွင် တန်ချိန် ၄၃၀၀ သို့ ခုန်တက်သွားခဲ့ကြောင်း United States Geological Survey အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အဆိုအရ သိရသည်။
ဗီယက်နမ် မြေရှားထုတ်လုပ်မှုသည် ထိပ်တန်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အသေးအမွှားမျှသာ ရှိနေသေးသည်။
၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံးထုတ်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံသည်  တန်ချိန် ၂၁၀,၀၀၀ တူးဖော်ထုတ်လုပ်ခဲ့သည်။ အမေရိကန်က တန်ချိန် ၄၃,၀၀၀ ၊ ဩစတေးလျက တန်ချိန် ၁၈,၀၀၀ တူးဖော်ထုတ်လုပ်ခဲ့သည်။ 

ဗီယက်နမ် မြေရှားသတ္တုသိုက်သည် တန်ချိန် ၂၂ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားရာ တရုတ်နိုင်ငံ၏ ထက်ဝက်ပမာဏ ဖြစ်ပြီး အခြားနိုင်ငံများ အားလုံးထက် ပိုများသည်။
ထုတ်လုပ်မှုအနေဖြင့် ဗီယက်နမ်သည် ၂၀၂၁ တွင် နံပါတ်(၁၀) နေရာတွင် ရှိနေပြီး ၂၀၂၂ တွင် ဆဌမ အများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာသည်။

အရှေ့တောင်အာရှ နိုင်ငံများတွင် ထိုင်းနှင့် မြန်မာတို့သည် ၂၀၂၂ တွင် ထုတ်လုပ်မှု လျော့ကျခဲ့ကြပြီး ဗီယက်နမ်က ၁၀ ဆ တိုးခဲ့သည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်မြေရှားဒြပ်စင်များ rare earth elements (REEs) များ တိုးမြှင့်တင်သွင်းခဲ့သည်။ အီးဗီများ၊ စမတ်ဖုန်းအပါအဝင် အီလက်ထရွန်းနစ်ပစ္စည်းများအတွက် မြေရှားသတ္တု အမျိုးမျိုးတို့ကို ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁၂,၀၀၀ နီးပါး ဗီယက်နမ်မှ တင်သွင်းခဲ့သည်။

ဗီယက်နမ်သည် မြေရှား တင်ပို့နေသည့် နိုင်ငံ ဖြစ်သည့်အပြင် မြေရှား တင်သွင်းသည့် နိုင်ငံလည်း ဖြစ်သည်။ မြေရှားကို တင်သွင်းပြီး သန့်စင်သည်။ ထို့နောက် ပြည်ပသို့ ပြန်လည်တင်ပို့သည်။

Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 280 times