ကန်ဒေါ်လာ ၁၃ ဘီလီယံ ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်း ဗီယက်နမ် အကောင်အထည် ဖော်မည်


20 August, 2022

ကန်ဒေါ်လာ ၁၃ ဘီလီယံ ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်း ဗီယက်နမ် အကောင်အထည် ဖော်မည်

ဗီယက်နမ်သည် အမေရိကန် စွမ်းအင်ကုမ္ပဏီတစ်ခုမှ  ဆောက်လုပ်ပေးမည့် ကမ်းလွန်ပင်လယ်ပြင် လေအားလျှပ်စစ်စီမံကိန်းကြီးတွင် ကန်ဒေါ်လာ ၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး လေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကို နှစ်ဆတိုးရန် မျှော်မှန်းထားသည်။

အမေရိကန် စွမ်းအင်လုပ်ငန်း AES Corporation က 4,000 megawatt (MW) ရရှိမည့် လေအားလျှပ်စစ်စီမံကိန်းကို ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Binh Thuan ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်တွင်  တည်ဆောက်မည်ဟု စက်မှုနှင့် ကုန်သွယ်မှု ဝန်ကြီးဌာနမှ ပြောကြားသည်။

 လောလောဆယ်တွင် လေအားလျှပ်စစ် 4,000 MW ထုတ်လုပ်သုံးစွဲလျက် ရှိသည်။ ၂၀၃၀ တွင်   11,700 MW အထိ ရောက်ရှိစေမည်ဖြစ်ပြီး ၂၀၄၅ တွင် 66,000 MW သို့ ရောက်ရှိစေမည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။
 
 အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပခဲ့သော ဗီယက်နမ်-အမေရိကန် စွမ်းအင်ဖူလုံရေး ဆွေးနွေးပွဲတွင် အဆိုပါလေအားလျှပ်စစ် စီမံကိန်းအတွက် letter of intent က AES က ဗီယက်နမ်အာဏာပိုင်တို့ကို ပေးအပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဟိုက်ဒရိုဂျင်၊ ဓာတ်အားသိုလှောင်မှုနှင့် နျူကလီးယားစွမ်းအင်တို့လည်း ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်း ကုန်ထုတ်လုပ်မှု ဗဟိုချက်ဖြစ်သည့် ဗီယက်နမ်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ဓာတ်အားထုတ်လုပ်ရန်အတွက် ကျောက်မီးသွေးအပေါ်  မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။
အမျိုးသားလျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမူကြမ်းမှ  စုစုပေါင်း ၁၄,၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ထုတ်ပယ်ရန် စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနက  တင်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၁ နှစ်ကုန်တွင် ရရှိသော အချက်အလက်များအရ ဓာတ်အား စုစုပေါင်း 76,620 MW ထုတ်လုပ်ပြှီး လေအားနှင့် ဆိုလာ ထုတ်လုပ်မှု ၂၇% ပါဝင်သည်။
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
Source: asiafinicial

Energy News Read 233 times