ဗီယက်နမ်က မြန်မာအပါအဝင် ၅ နိုင်ငံကို သကြားအခွန် ပြဋ္ဌာန်း


03 August, 2022

ဗီယက်နမ်က မြန်မာအပါအဝင် ၅ နိုင်ငံကို သကြားအခွန် ပြဋ္ဌာန်း

ဗီယက်နမ်က ပြည်တွင်းသကြားလုပ်ငန်းကဏ္ဍကို အကာအကွယ်ပေးဖို့  နောက်ထပ်ငါးနိုင်ငံမှ သကြားထွက်ကုန်များအပေါ် အခွန် စည်းကြပ်မှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာနိုင်ငံတို့မှ တင်သွင်းသော သကြားထွက်ကုန်များအတွက် အခွန်စည်းကြပ်ဖို့   ဆုံးဖြတ်ချက်အမှတ် ၁၅၁၄ ကို ဩဂုတ် ၂ ရက် နံနက်တွင် ထုတ်ပြန်ခဲ့ကြောင်း စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနMinistry of Industry and Trade (MoIT)မှ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်တွင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတကာ ကတိကဝတ်များနှင့်အညီ ဓမ္မဓိဋ္ဌာန်ကျကျ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့သည့် စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံ၍ "ကုန်သွယ်မှု ရှောင်လွှဲခြင်း တားဆီးကာကွယ်ရေး အစီအမံများ ကျင့်သုံးခြင်းဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၁၅၁၄" ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း MoIT မှ အတည်ပြုခဲ့ပါတယ်။ 

လက်ရှိမှာ ထိုင်းနိုင်ငံထံမှ တင်သွင်းတဲ့ သကြားထုတ်ကုန်များကို ဗီယက်နမ်က အခွန် ၄၇.၆၄ % စည်းကြပ်ပါတယ်။ ပြည်တွင်းသကြားလုပ်ငန်းများကို အကာအကွယ်ပေးဖို့အတွက် anti-dumping tax အနေဖြင့် ၄၂.၉၉% ၊ anti-subsidy tax အနေဖြင့် ၄.၆၅% ၊ စုစုပေါင်း အခွန် ၄၇.၆၄ % စည်းကြပ်ပါတယ်။

အခွန်စည်းကြပ်တာကို ရှောင်လွှဲဖို့အတွက် ထိုင်းသကြားကို အိမ်နီးနားချင်းနိုင်ငံများသို့ အရင်တင်ပို့ပြီးမှ ၎င်းနိုင်ငံကို မူရင်းမူလနိုင်ငံအဖြစ် ကြေညာကာ ထိုင်းသကြားကို ဗီယက်နမ်သို့ ပေးပို့ပါတယ်။ 

MoIT မှ  ထုတ်ပြန်ချက်မှာ ပြည်တွင်းကုန်ထုတ်လုပ်ငန်း၊ ပြည်ပကုန်ထုတ်လုပ်ငန်းနှင့် တင်ပို့ရောင်းချသည့် လုပ်ငန်းများ၊ သွင်းကုန်လုပ်ငန်းများနှင့် ကျွမ်းကျင်အာဏာပိုင်များ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ရရှိခဲ့တဲ့ သတင်းအချက်အလက်နှင့် သဘောထားအမြင်များ အပေါ် အခြေခံ၍ စုံစမ်းလေ့လာမှုမှ အဆုံးအဖြတ်ပြုခဲ့သည်မှာ ထိုင်းနိုင်ငံမှ ထုတ်လုပ်တင်ပို့သော ကြံသကြား ထုတ်ကုန်များကို   ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့မှ လုပ်ငန်းများက  ဗီယက်နမ်နိုင်ငံသို့  တင်ပို့နေကြတာ ဖြစ်နေတယ်လို့ ဆုံးဖြတ်ပါတယ်။ 
သို့ဖြစ်ရာ ထိုင်းသကြားထုတ်ကုန်များအပေါ်   အခွန်စည်းကြပ်တဲ့နည်းတူ အဆိုပါ နိုင်ငံများကိုလည်း အခွန် ၄၇.၆၄ % စည်းကြပ်မှာ ဖြစ်ပါတယ်။ 

"ဒီငါးနိုင်ငံကနေ တင်သွင်းလာတဲ့ သကြားတွေဟာ ပြည်တွင်းမှာ စိုက်ပျိုးတဲ့ ကြံကနေ ထုတ်လုပ်ကြောင်း သက်သေပြနိုင်ရင် သူတို့ရဲ့ သကြားထွက်ကုန်တွေကို  အခွန် ၄၇.၆၄ % စည်းကြပ်မှ မဟုတ်ဘူး” လို့ MoIT က ဆိုပါတယ်။ 
ယခုကြေညာချက်ကို ၂၀၂၂ ဩဂုတ်လ ၇ ရက်မှ ၂၀၂၆ ဇွန်လ ၁၅ ရက်အထိ သက်ရောက်မှာ ဖြစ်ပါတယ်။ 

 

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း  COMTRADE  မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံက ဗီယက်နမ်နိုင်ငံသို့ သကြားနှင့် သကြားထုတ်ကုန်များ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၆၆.၁၃ သန်း တင်ပို့ခဲ့ပါတယ်။ 

#MyanmarFoodIndustryGuide
 Telegram Channel https://t.me/Guid4U
Source:sggpnews

Export, Import Read 549 times