ဗီယက်နမ် ပြည်ပပို့ကုန် ဦးစိုက်နေခဲ့ရာမှ ဦးပြန်မော့


01 September, 2023

ဗီယက်နမ် ပြည်ပပို့ကုန် ဦးစိုက်နေခဲ့ရာမှ ဦးပြန်မော့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဗီယက်နမ် ပြည်ပပို့ကုန် ဦးစိုက်နေခဲ့ရာမှ ဦးပြန်မော့လာရခြင်းမှာ  နိုင်ငံစုံကုမ္ပဏီများက ကုန်ထုတ်လုပ်မှုကို  ဗီယက်နမ်သို့ အရှိန်အဟုန်ဖြင့် ရွှေ့ပြောင်းလာခြင်းကြောင့်ဖြစ်သည်ဟု VinaCapital ၏ စီးပွားရေးပညာရှင် အကြီးအကဲ Michael Kokalari က မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ဗီယက်နမ်၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး ဗီယက်နမ်၏ စုစုပေါင်းပို့ကုန်၏ လေးပုံတစ်ပုံခန့်ကို တင်ပို့သည်။

အမေရိကန် လက်လီရောင်းချသူများနှင့် အခြားလူသုံးကုန်ပစ္စည်းကုမ္ပဏီများသည်  ကိုဗစ်လွန်ကာလ ပြန်လည်ဖွင့်လှစ်သည့်အခါ အရှိန်အဟုန်ဖြင့် ပစ္စည်းများ ဝယ်ကြခြမ်းကြမည်ဟု မျှော်မှန်းကာ မနှစ်က Made in Vietnam/Made in Asia ထုတ်ကုန်များ အများအပြားကို ၀ယ်ယူခဲ့ကြပြီး အဝယ်လိုက်လာသည့်အခါ ရောင်းချဖို့ အသင့်ပြင်ထားကြသည်။ တကယ့်လက်တွေ့တွင် အဝာ်မလိုက်ခဲ့ချေ။ 
"ကိုဗစ် လော့ဒေါင်းတွေ ရုတ်သိမ်းလိုက်တဲ့အခါ အမေရိကန်မှ စားသုံးသူတွေက ထုတ်ကုန်ပစ္စည်းတွေ မဝယ်ကြဘူး။ လော့ဒေါင်းကာလ မသွားရ မလာရ ဖြစ်နေခဲ့တာတွေကို အတိုးချပြီး ခရီးတွေ ထွက်ကြတယ်။ ကိုဗစ်ကာလ ဆိုင်မှာ ထိုင်မစားခဲ့ရလို့ ဆိုင်တွေမှာ သွားရောက်ပြီး စားကြသောက်ကြပါတယ်"ဟု ၎င်းက ပြောကြားသည်။
ပိုဆိုးသွားစေသည်မှာ ကိုဗစ်ကာလ သယ်ယူပို့ဆောင်ရေး ကွင်းဆက် ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ရောင်းစရာ ပစ္စည်းများ ပြတ်လပ်မှု မရှိစေရန် အာရှမှ ပစ္စည်းမှာကြားသည့်အခါ ပိုပိုသာသာ မှာကြားခဲ့ကြသည်။ 
သို့ဖြစ်ရာ Walmart, Target, Nike အစရှိသည့် ကုမ္ပဏီများတွင် လက်ကျန် အများအပြား ကျန်ရှိနေသည်။

ရလဒ်အဖြစ် အမေရိကန် လက်လီအရောင်းလုပ်ငန်းများသည် ဗီယက်နမ်မှ စက်ရုံများကို အမှာစာ လျှော့ချမှာယူကြသည်။ သို့ဖြစ်ရာ အမေရိကန်သို့ ဗီယက်နမ်မှ တင်ပို့သည့် ပမာဏသည် ယခုနှစ် ပထမ ၇ လတွင် ယခင်နှစ်ထက် ၂၀% လျော့ကျသွားသည်။ ယမန်နှစ် အလားနူကာလတွင် ၂၀% မြင့်တက်ခဲ့သည်နှင့် ပြောင်းပြန် ဖြစ်သွားသည်။ 
Walmart အပါအဝင် လက်လီအရောင်း လုပ်ငန်းများသည် လျှော့ဈေး ပေးခြင်း၊ အရောင်းမြှင့်တင်ရေး အစီအစဉ်များ ကျင့်သုံးခြင်း အစရှိသည့် နည်းလမ်းများဖြင့် လက်ကျန်ပမာဏ လျော့ကျအောင် စီမံဆောင်ရွက်ကြသည်ဟု Kokalari က ပြောကြားသည်။
 ပစ္စည်းလက်ကျန်များပြားနေခဲ့သည့် ပထမ၃လပတ်တွင် ဗီယက်နမ်မှ အမေရိကန်သို့ တင်ပို့မှု လျော့ကျခဲ့သည်။ ယခုအခါ လက်ကျန်ပစ္စည်းများ ရှင်းထုတ်ပစ်ပြီးလုပြီ ဖြစ်သဖြင့် ပုံမှန် ပြန်ဖြစ်စ ပြုလာသည်။ သို့ဖြစ်ရာ ဗီယက်နမ်မှ အမေရိကန်သို့ တင်ပို့မှု ပြန်လည်ဦးမော့လာသည်ဟု ၎င်းက ရှင်းပြသည်။

ဗီယက်နမ်သည် အမေရိကန်သို့ တင်ပို့မှု ဦးမော့လာသည့်အပြင် ဗီယက်နမ်တွင် ကုန်ထုတ်လုပ်မှုများ လာရောက်လုပ်ကိုင်ကြသည့် ကုမ္ပဏီများကြောင့်လည်း ပို့ကုန်ပမာဏ မြင့်တက်သည်ဟု Kokalari က သုံးသပ်သည်။

ထုတ်လုပ်မှုကို ဗီယက်နမ်သို့ ရွှေ့ပြောင်းကြသဖြင့် ဗီယက်နမ်ကုိ ကမ္ဘာ့ဒုတိယအများဆုံး စမတ်ဖုန်းတင်ပို့သူဖြစ်လာစေသည်။
 Samsung တစ်ခုတည်းက ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း တင်ပို့မှု၏ လေးပုံတစ်ပုံကို ပစ္စည်းများ တင်ပို့နေသည်။
 Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 254 times