ဗီယက်နမ်ဗဟိုဘဏ် အတိုးနှုန်း မြှင့်တင်၊ ရည်ညွှန်းဈေးနှုန်း ဘောင်ချဲ့


28 October, 2022

ဗီယက်နမ်ဗဟိုဘဏ် အတိုးနှုန်း မြှင့်တင်၊ ရည်ညွှန်းဈေးနှုန်း ဘောင်ချဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ဗီယက်နမ်ဗဟိုဘဏ် State Bank of Vietnam SBV သည် စံချိန်တင်နိမ့်ကျနေသည့် ဒေါင်ငွေကြေးအပေါ်  ဖိအားများကို ဖြေလျှော့ပေးရန်အတွက် နှစ်လ ဆက်တိုက်အဖြစ် အတိုးနှုန်းကို နောက်ထပ် ၁ ရာခိုင်နှုန်းကို အများက မထင်မှတ်ထားဘဲ ဒုတိယအကြိမ်မြောက် မြှင့်တင်ခဲ့သည်။
.
Refinance နှုန်းသည် ၆% သို့ တိုးသည်။ discount နှုန်းသည် ၄.၅% သို့ တိုးသည်။  အောက်တိုဘာလ ၂၅ ရက်တွင် စတင်သက်ရောက်ခဲ့သည်။
.
ဗဟိုဘဏ်သည် တစ်လမှ ခြောက်လအောက် သက်တမ်းအတွက် ဘဏ်သို့ အပ်နှံငွေကို ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။ ဘဏ်အချင်းချင်း ညအိပ်ချေးငွေနှုန်းကို ၇% သို့ တိုးမြှင့်ခဲ့သည်။
.
"ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်၊ ဒေါင်ကို တည်ငြိမ်စေရန်နှင့် တည်ငြိမ်သော မက်ခရိုစီးပွားရေးကို ထိန်းသိမ်းရန်နှင့် ဘဏ်လုပ်ငန်းစနစ်၏ လုပ်ငန်းလည်ပတ်မှု စိတ်ချရစေရေးကို သေချာစေရန်" တို့အတွက် ယခုလို အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်ကြောင်း SBV ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
.
ငွေကြေးဈေးကွက်တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ်သည် ဘဏ်များ၏ ဒေါ်လာလိုအပ်ချက်များ ဖြည့်ဆည်းရန်အတွက် “နိုင်ငံခြားငွေဈေးကွက်တွင် ၀င်ရောက်စွက်ဖက်ရန်”ကတိပြုခဲ့သည်။
ဗဟိုဘဏ် နိုင်ငံခြားငွေလဲနှုန်း ရည်ညွှန်းဈေး၏ ဘောင်ကို ±၃% မှ ±၅ သို့ ချဲ့ပေးခဲ့ပြီး တစ်ပတ်အကြာတွင် အတိုးနှုန်းကို များများစားစား မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
.
အာရှဗဟိုဘဏ်များသည် နိုင်ငံသုံးငွေကို အကျမကြမ်းအောင် ဖော့ပေးရန်၊ သွင်းကုန်များကြောင့် ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းကို ချုပ်ထိန်းရန်၊  အရန်နိုင်ငံခြားငွေ ဒေါ်လာလက်ကျန်ကို ထိန်းထားရန်တို့အတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရသည့်အထဲ ဗီယက်နမ် ဗဟိုဘဏ်လည်း ပါဝင်သည်။
 အမေရိကန် ဗဟိုဘဏ် Federal Reserve က အတိုးနှုန်း အတက်ကြမ်းသမျှ ဒေါင်အပါအဝင်  ကမ္ဘာတစ်လွှားမှ နိုင်ငံသုံးငွေများအပေါ် ဖိအားကျရောက်နေသည်။
အောက်တိုဘာ ၂၄ ရက်တွင် တစ်ဒေါ်လာလျှင် ဒေါင် 24,842 အထိ စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။ ၎င်းရက် နံနက် ၁၀ နာရီတွင် 24,858 ဖြင့် ရောင်းဝယ်ကြသည်။ တစ်ပတ်တာအတွင်း ဒေါင်တန်ဖိုး ၂.၃% ကျဆင်းသည်။ ၂၀၁၂ ဖေဖော်ဝါရီလ နောက်ပိုင်း တစ်ပတ်တာ အကျအများဆုံး စံချိန်သစ် ဖြစ်ပါသည်။
 အတိုးနှုန်းမြှင့်တင်ခြင်းနှင့် ငွေလဲနှုန်း ရည်ညွှန်းဈေး ဘောင်ကို ချဲ့ပေးခြင်းတို့ ဆောင်ရွက်သဖြင့်  ဒေါင်တန်ဖိုး ထိန်းပေးဖို့ အရန်နိုင်ငံခြားငွေ ထုတ်ရောင်းပေးရခြင်း အထိုက်အလျောက် သက်သာသွားမည်။
 .
 SBV သည် ၎င်း၏ အရန်ငွေ ဒေါ်လာ ၂၃ ဘီလီယံကို အသုံးပြုထားပြီးဖြစ်ကြောင်း Malayan Banking Bhd သည်က ခန့်မှန်းခဲ့သည်။
 လက်ကျန် ကန်ဒေါ်လာ ၉၀ ဘီလီယံ အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သွင်းကုန် ၃ လစာအတွက်သာ လက်ကျန် ကျန်ရှိတော့သည်။
Source Bloomberg

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 310 times