Forbes ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဗီယက်နမ် ဘီလျံနာများ ကြွယ်ဝမှု လျော့ကျ


08 April, 2023

Forbes ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဗီယက်နမ် ဘီလျံနာများ ကြွယ်ဝမှု လျော့ကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယခုနှစ် ထုတ်ပြန်သည့် Forbes ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းတွင် ဗီယက်နမ် ဘီလျံနာ ၆ ဦး ပါဝင်သည်။ ၎င်းတို့မှာ

  • ပုဂ္ဂလိက လုပ်ငန်းစု Vingroup ဥက္ကဋ္ဌ Pham Nhat Vuong
  • VietJet Air စီအီးအို Nguyen Thi Phuong Thao
  • စတ‌ီးထည် လုပ်ငန်း Hoa Phat ဥက္ကဋ္ဌ  Tran Dinh Long
  • Techcombank ဥက္ကဋ္ဌ Ho Hung Anh
  • Truong Hai Auto Company (Thaco) ဥက္ကဋ္ဌ Tran Ba Duong 
  • ပုဂ္ဂလိက လုပ်ငန်းစု Masan ဥက္ကဋ္ဌ Nguyen Dang Quang

တို့ ဖြစ်ပါသည်။ 

 

အိမ်ခြံမြေ ဖွံ့ဖြိုးရေးလုပ်ငန်း  Nova Group ဥက္ကဋ္ဌ Bui Thanh Nhon သည် ယခုနှစ်စာရင်းတွင် မပါဝင်ပါ။ သူသည် စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး ကန်ဒေါ်လာ ၂.၉ ဘီလီယံဖြင့် ယမန်နှစ်က Forbes ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းမှာ ပထမဆုံးအကြိမ် စာရင်းဝင်ခဲ့သည်။

ဗီယက်နမ် ဘီလျံနာများအားလုံးသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ပိုင်ဆိုင်မှုတန်ဖိုးများ လျော့ကျသွားသည်။
.
Vingroup ဥက္ကဋ္ဌ Pham Nhat Vuong ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ယမန်နှစ်က ကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ ရှိခဲ့ပြီး ယခုအခါ  ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံသို့ ကျဆင်းခဲ့သည်။ စာရင်းဝင် ဖြစ်နေခဲ့သည်မှာ ယခုအခါ  ၁၁ နှစ်ရှိပါပြီ။

VietJet Air စီအီးအို Nguyen Thi Phuong Thao ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာ ယမန်နှစ်က ကန်ဒေါ်လာ ၃.၁ ဘီလီယံ ရှိခဲ့ပြီး ယခု ကန်ဒေါ်လာ ၂.၂ ဘီလီယံ ရှိသည်။ သူမသည် HDBank စီမံရေးရာ ဘုတ်အဖွဲ့တွင် တွဲဘက်ဥက္ကဋ္ဌ ဖြစ်ပါသည်။

စတ‌ီးထည် လုပ်ငန်း Hoa Phat ဥက္ကဋ္ဌ  Tran Dinh Long ၏ ပိုင်ဆိုင်မှုသည် ယမန်နှစ်က ကန်ဒေါ်လာ ၃.၂ ဘီလီယံ ရှိခဲ့ပြီး ယခု ကန်ဒေါ်လာ ၁.၈ ဘီလီယံ ဖြစ်ပါသည်။

Techcombank ဥက္ကဋ္ဌ Ho Hung Anh ၏ ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိပြီး Forbes ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းမှာ ပဉ္စမအကြိမ်မြောက် ပါဝင်ခြင်း ဖြစ်သည်။ 

မော်တော်ယာဉ်လုပ်ငန်း Thaco ဥက္ကဋ္ဌ Tran Ba Duong သည် ယခုနှစ်တွင် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိသည်။ သူသည် ၂၀၁၈ ခုနှစ်ကတည်းက Forbes ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းမှာ နှစ်စဉ် ပါဝင်ခဲ့သည်။


ယခုနှစ်တွင် Masan ဥက္ကဋ္ဌ Nguyen Dang Quang ၏ ပိုင်ဆိုင်မှုမှာ ကန်ဒေါ်လာ ၁.၃ ဘီလီယံ ဖြစ်ပြီး Forbes ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းတွင် တတိယအကြိမ်မြောက် ပါဝင်ခြင်း ဖြစ်သည်။

Forbes ၏ ကမ္ဘာ့အချမ်းသာဆုံးသူဌေး စာရင်းတွင် လူတစ်ဦးချင်းစီ၏ အသားတင်တန်ဖိုးကို တွက်ချက်ရန် ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်တွင် ဖြစ်ပေါ်သော စတော့ရှယ်ယာ စျေးနှုန်းများနှင့် ငွေလဲနှုန်းများကို အသုံးပြုပါသည်။ 

ယခုနှစ်တွင် ကမ္ဘာပေါ်တွင် ဘီလီယံနာ ၂၆၄၀ ဦး ရှိသည်။ ယမန်နှစ်ထက် ၂၈ ဦး လျော့နည်းသည်။ ၎င်းတို့အားလုံး၏ ကြွယ်ဝမှု စုစုပေါင်းမှာ ကန်ဒေါ်လာ ၁၂.၂ ထရီလီယံ ရှိသည်။ ယမန်နှစ်ကထက် ကန်ဒေါ်လာ ၅၀၀ ဘီလီယံ လျော့နည်းသည်။ 


ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူဌေးမှာ LVMH ဥက္ကဋ္ဌနှင့် စီအီးအို Bernard Arnault ဖြစ်ပါသည်။ 
၎င်း၏ ပိုင်ဆိုင်မှု တန်ဖိုးမှာ ကန်ဒေါ်လာ ၂၁၁ ဘီလီယံ ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် ဒုတိယအချမ်းသာဆုံးသူဌေးမှာ Tesla ၏ စီအီးအို Elon Musk ဖြစ်ပြီး ပိုင်ဆိုင်မှု တန်ဖိုးမှာ ကန်ဒေါ်လာ ၁၈၀ ဘီလီယံ ဖြစ်ပါသည်။
တတိယနေရာတွင် Amazon ထူထောင်သူ Jeff Bezos က ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁၁၄ ဘီလီယံ ရှိပါသည်။ 
Oracle ဉက္ကဋ္ဌ Larry Ellison သည် ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁၀၇ ဘီလီယံဖြင့် စတုတ္ထနေရာတွင် ရှိနေပါသည်။
Source vnexpress 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 421 times