အရှေ့တောင် အာရှ ချစ်ပ်ထုတ်လုပ်ရေး ထိပ်တန်းနိုင်ငံဖြစ်လာရန် ဗီယက်နမ် ရည်မှန်းထား


10 October, 2023

အရှေ့တောင် အာရှ ချစ်ပ်ထုတ်လုပ်ရေး ထိပ်တန်းနိုင်ငံဖြစ်လာရန် ဗီယက်နမ် ရည်မှန်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဗီယက်နမ်သည် ၂၀၃၀ ခုနှစ်တွင် အရှေ့တောင် အာရှ ချစ်ပ်ထုတ်လုပ်ရေး ထိပ်တန်းနိုင်ငံဖြစ်လာရန် ရည်မှန်းထားသည်။

ဗီယက်နမ်နှင့် အမေရိကန်တို့ကြား ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများကြောင့်  ချစ်ပ်လုပ်ငန်းကြီးများသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။  

ဗီယက်နမ်သည် အာဆီ ယံနှင့် အရှေအာရှတွင် ချစ်ပ်ထုတ်လုပ်ရေးကဏ္ဍမှာ ဦးဆောင်နိုင်ငံဖြစ်လာရန် ရည်မှန်းထားပြီး ၂၀၃၀ ခုနှစ်တွင် ကမ္ဘာ့ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်တွင် ထဲထဲဝင်ဝင်  ပါဝင်ဆောင်ရွက်သွားရန် ရည်မှန်းထားသည်။

  Vietnam Automation Association ၏ ဥက္ကဋ္ဌ၊  သိပ္ပံနှင့်နည်းပညာဝန်ကြီးဟောင်း Nguyen Quan က အမေရိကန်-ဗီယက်နမ် ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုအဖြစ် မြှင့်တင်လိုက်ခြင်းသည် ဗီယက်နမ်တွင် ချစ်ပ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများဖွင့်ပေးမည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နှင့် အမေရိကန်တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် ဆီမီးကွန်ဒတ်တာနှင့် ချစ်ပ် နယ်ပယ်မှ ကြီးမားသော လုပ်ငန်းကြီးများသည် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံရန်အတွက် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ 
ဗီယက်နမ်တွင် ဆီမီးကွန်ဒတ်တာ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုမည် ဖြစ်သည်။ 

Quan ၏ အဆိုအရ ယခင်က ဗီယက်နမ်တွင် ဆီမီးကွန်ဒတ်တာ အီလက်ထရွန်နစ် ကုန်ကြမ်းပစ္စည်းလုပ်ငန်း မရှိခဲ့ပေ။
ဗီယက်နမ်မှ မြေရှားသတ္တုသိုက်သည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံးဟု ခန့်မှန်းထားသော်လည်း ထုတ်လုပ်မှု နည်းပါးခဲ့သည်။ 
ဗီယက်နမ်သည် မြေရှားသတ္တုတူးဖော်ရေးတွင် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ထိုအချိန်က ဈေးကွက်ဝယ်လိုအားမှာ အလွန်နည်းပါးခဲ့သည်။
ယခုအခါ မြေရှားသတ္တုများ ဈေးကွက်သည် ကြီးမားနေပြီ ဖြစ်သည်။ 

ဖွံ့ဖြိုးပြီး နိုင်ငံများထံမှ နည်းပညာနှင့် ငွေကြေး ကူညီမှုများဖြင့် ဗီယက်နမ်မှ မြေရှားသတ္တု အရင်ူအမြစ်များကို တူးဖော်သန့်စင် ထုတ်လုပ်ရန် အခွင့်အလမ်းကောင်း ရှိနေပြီ ဖြစ်သည်။ ပြည်တွင်း ဆီမီးကွန်ဒတ်တာ လုပ်ငန်းကဏ္ဍအတွက် ကုန်ကြမ်းများ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။
Source Vietnam News
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Global News Read 276 times