လာမည့်နှစ်တွင် အနည်းဆုံးလုပ်ခ ၆% တိုးရန် ဗီယက်နမ် ချမှတ်


21 December, 2023

လာမည့်နှစ်တွင် အနည်းဆုံးလုပ်ခ ၆% တိုးရန် ဗီယက်နမ် ချမှတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ် အလုပ်သမား အဖွဲ့ချုပ်က စီးပွားရေးလုပ်ငန်းများ အမှာစာများ လက်ခံရရှိမှု တိုးလာသည်ကို အကြောင်းပြု၍ လုပ်ခ ၆.၄၈% သို့မဟုတ် ၇.၄% တိုးပေးရန် အဆိုပြုခဲ့သည်။

စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြုသော ဗီယက်နမ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ၄.၅-၅% တိုးပေးရန် အဆိုပြုခဲ့သည်။ အမှာစာအသစ်များ ယခုမှ ပြန်လည်ရရှိခါစဖြစ်သဖြင့် လုပ်ငန်းလည်ပတ်မှုများကို ရေရှည်ရပ်တည်နိုင်ဖို့ အရေးကြီးသည်ဟု ဆိုသည်။

လာမည့်နှစ်အတွကအနည်းဆုံး လုပ်ခ တိုးမြှင့်ရေးကို ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။

ဩဂုတ်လတွင် ပထမအကြိမ် အစည်းအဝေး ထိုင်ခဲ့ကြစဉ်က သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ညှိနှိုင်းပြီးနောက် အမျိုးသားလုပ်ခလစာကောင်စီအဖွဲ့ဝင် ၁၆ ဦးက မဲခွဲဆုံးဖြတ်ခဲ့ရာ ၆ ရာခိုင်နှုန်းကို အတည်ပြုပေးလိုက်သည်။ 
ဒေသအပေါ် မူတည်ပြီး အနည်းဆုံးလုပ်ခ အနည်းအများ ကွာခြားချက် ရှိမည် ဖြစ်သည်။
အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြပြီး အတည်ပြုချက် ရယူမည် ဖြစ်သည်။ 

ဗီယက်နမ် အထွေထွေ အလုပ်သမားအဖွဲ့ချုပ်၏ ယခုနှစ် ပထမနှစ်ဝက်တွင် ဆောင်ရွက်ခဲ့သည့် စစ်တမ်းတစ်ခုအရ စက်ရုံအလုပ်သမားများသည် တစ်လလျှင် ပျမ်းမျှ ဒေါင် ၇.၈၈ သန်း ရရှိပြီး ၎င်းတို့၏ မိသားစုစရိတ်မှာ ဒေါင် ၁၁.၇ သန်းရှိကြောင်း တွေ့ရှိခဲ့သည်။
လူနေမှုစရိတ်သည် ၂၀၂၂ ခုနှစ်ထက် ၁၉% တိုးလာကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။
Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 225 times