စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်း


05 June, 2020

“မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း - MRCCI” နှင့် “ဂျာမနီ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း - IHK, Reutlingen” တို့ ပူးပေါင်း၍ SES (Senior Experten Service) - ဝါရင့်ကျွမ်းကျင်ပညာရှင်များ၏ အကြံပေးဝန်ဆောင်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ကူညီဆောင်ရွက်ပေးလာသည်မှာ လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၂၀ ကျော်ကို ကူညီပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ 

ယခုအခါ ခရီးသွားလာရန် ခက်ခဲသည့် Covid-19 ကာလအတွင်း မိမိတို့၏ လုပ်ငန်းတည်နေရာများမှ သင်ယူလေ့လာနိုင်ရန် “SES Online Assignments service” ကို စတင်မိတ်ဆက်လျက် ရှိပါသည်။

အဆိုပါ ဝန်ဆောင်မှုကို မိမိတို့၏ လုပ်ငန်းအတွက် သီအိုရီပိုင်းဆိုင်ရာ လေ့လာလိုသော လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်ပညာရှင်များအတွက် ပြည်တွင်းကုန်ကျစရိတ်ကို ထောက်ပံ့နိုင်ရန် ခက်ခဲသော လုပ်ငန်းရှင်များအတွက် အဓိက ရည်ရွယ်ထားသည်။

Online Assignments ပြုလုပ်ရန်အတွက်

(၁) နည်းပညာဆိုင်ရာ အ‌ထောက်အပံ့ (ဥပမာ - ကောင်းမွန်သော အင်တာနက်၊ ကွန်ပျူတာ စသဖြင့်)၊

(၂) ဂျာမနီနိုင်ငံမှ ပို့ချပေးမည့် ပညာရှင်နှင့် မိမိတို့အကြား သင့်တင့်လျောက်ပတ်သော သင်တန်းချိန်နှင့်

(၃) သင်ယူလေ့လာမည့် ဝန်ထမ်းများကို ရွေးချယ်ရန် စသည်တို့ကိုသာ လိုအပ်မည်ဖြစ်ပါသည်။

*** SES_ Senior Experten Service နှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်တွင် လေ့လာနိုင်ပါသည်။

☎ 09 796763293 [email protected]

☎ 09 972890044 [email protected]

☎ 02 4069326, 024069311

Local News Tips Read 629 times