ဗဟိုဘဏ်က ၁၃၀၀ ကျပ်အောက် ငွေလဲနှုန်းဖြင့် ဒေါ်လာ တစ်သိန်း ဝယ်ယူ


04 November, 2020

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ တစ်သိန်းကို ဝယ်ယူခဲ့သည်။

ပျမ်းမျှ ငွေလဲနှုန်းမှာ ၁၂၈၄.၆ ကျပ် ဖြစ်သည်။ 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်တွင် အမေရိကန်ဒေါ်လာ ၃၃ သိန်းခွဲကို ပျမ်းမျှ ငွေလဲနှုန်း ၁၂၈၇.၉ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီးသည့်နောက်တွင် နိုဝင်ဘာလတွင် ပထမဆုံးအကြိမ် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Local News Read 622 times