ကမ္ဘောဒီးယား  ပို့ကုန်  အမေရိကန်သို့ အများဆုံး တင်ပို့


14 January, 2024

ကမ္ဘောဒီးယား  ပို့ကုန်  အမေရိကန်သို့ အများဆုံး တင်ပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ် ပထမ ဆယ့်တစ်လအတွင်း အမေရိကန်သို့ ကန်ဒေါ်လာ ၈,၁၄၄ သန်းဖိုး ပို့ကုန်များ တင်ပို့ခဲ့ပြီး ၂၀၂၂ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀.၈၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကမ္ဘောဒီးယားနိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်သို့ နိုင်ငံ၏ တင်ပို့မှုမှာ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ စုစုပေါင်းပို့ကုန်ပမာဏ၏ ၃၈.၂၅ ရာခိုင်နှုန်း ရှိပြီး အမေရိကန်သည် ကမ္ဘောဒီးယား ထုတ်ကုန်များအတွက် အကြီးမားဆုံး စျေးကွက်အဖြစ် ဆက်လက်ရပ်တည်နေသည်။ 

အမေရိကန်မှ သွင်းကုန် ၂၃ ဒသမ ၉၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၂၂၃ သန်းဖိုး တင်သွင်းခဲ့သည်။


ကုန်သွယ်မှု အခွင့်အရေး အစီအစဉ် Generalized System of Preference (GSP) သည် ၂၀၂၀ ပြည့်နှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ဖြစ်သော်လည်း ကမ္ဘောဒီးယား၏ ပို့ကုန်များဖြစ်သည့် အဝတ်အထည်၊ ဖိနပ်နှင့် အပေါ့စား ထုတ်ကုန်ပစ္စည်းများကို အမေရိကန်ဈေးကွက်သို့ Most Favoured Nation  (MFN) အရ အခွန်စည်းကြပ်မှုဖြင့် အမေရိကန်သို့ ဆကလက်တင်ပို့လျက်ရှိသည်။

ကမ္ဘောဒီးယားမှ အမေရိကန်သို့  အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ အဝတ်အထည်၊ အဝတ်အစားအသုံးအဆောင်များ၊ သားရေ၊ ခရီးသွားကုန်ပစ္စည်းများ၊ လက်ကိုင်အိတ်များ၊ လျှပ်စစ်စက်ပစ္စည်းများနှင့် စက်ကိရိယာများနှင့် ဖိနပ်များ ဖြစ်ပါသည်။ 

အမေရိကန်မှ ကမ္ဘောဒီးယား တင်သွင်းသည့် အဓိက သွင်းကုန်များမှာ ယာဉ်များ၊ စက်ယန္တရားများနှင့် စက်ကိရိယာများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆေးဝါးပစ္စည်းများ ဖြစ်ပါသည်။ 
 
လက်ရှိ ကမ္ဘောဒီးယား၏ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်း  garment, footwear, and travel  (GTF) ကုန်စည်များအတွက် အဓိကစျေးကွက်များမှာ ဥရောပ၊ အမေရိကန်နှင့် ကနေဒါတို့ ဖြစ်ပါသည်။

ယူကရိန်းစစ်ပွဲနှင့် ငွေကြေးဖောင်းပွမှုကြောင့် အဓိကစျေးကွက်များဖြစ်သည့် ဥရောပနှင့် အမေရိကန်သို့ GTF ကုန်ပစ္စည်းများ တင်ပို့မှုမှာ ကျဆင်းခဲ့ကြောင်း ကမ္ဘောဒီးယားဖိနပ်အသင်း Cambodian Footwear Association မှ ပြောကြားသည်။ 

Source khmertimeskh

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Export, Import Read 295 times