အမေရိကန် ဗဟိုဘဏ် ယခုအပတ်တွင်  အတိုးနှုန်း ထပ်တက်မည်ဟု  ခန့်မှန်းထား


20 September, 2022

 

အမေရိကန် ဗဟိုဘဏ် ယခုအပတ်တွင်  အတိုးနှုန်း ထပ်တက်မည်ဟု  ခန့်မှန်းထား

အမေရိကန် ဗဟိုဘဏ်ဖြစ်‌ေသာ US Federal Reserve သည် ယခုသီတင်းပတ်အတွင်း ပြင်းထန်‌ေနသော ငွေကြေးဖောင်းပွမှုကို လိုက်လျောညီထွေဖြစ်စေရန်အတွက် အတိုးနှုန်းကို ထပ်မံတိုးမြှင့်ရန် စီစဉ်ထားပြီးပြီဟု ရင်းနှီးမြှုပ်နှံသူများက ထင်ကြေးပေးနေကြပါသည်။

.

ဗဟိုဘဏ် သည် စီးပွားပျက်ကပ်ဆိုးများနှင့် သမိုင်းဝင် ကုန်စျေးနှုန်းများ မြင့်တက်မှုများကို ဖြတ်ကျော်နေရစဉ်  ဆက်လက်တိုက်ဖျက်ရန်အတွက် အတိုးနှုန်း မြှင့်တင်လိမ့်မည်ဟု  မျှော်လင့်ထားကြသည်။

.

ကုန်စျေးနှုန်းဖိအားများသည် အမေရိကန်စီးပွားရေးတွင် စတင်အမြစ်တွယ်နေပြီဟု သုံးသပ်သူများက သတိပေးထားသည်။

သို့ဖြစ်ရာ မလွဲ‌မရှောင်သာသဖြင့် Federal Reserve အကြီးအကဲ Jerome Powell နှင့် အတိုးနှုန်းထား သတ်မှတ်ရေးကော်မတီဝင်များသည် ဗုဒ္ဓဟူးနေ့တွင် အတိုးနှုန်းထားကို တတိယအကြိမ်မြောက်အဖြစ် အခြေခံ ဒသမ ၇၅ ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လိမ့်မည်။

Wall Street ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs မှ ကျွမ်းကျင်သူများက ဗဟိုဘဏ်သည် အတိုးနှုန်းကို ၂.၇၅~၃ % တွင် ထားရှိလိမ့်မည်ဟု ဆိုသည်။

သို့သော် ကမ္ဘာ့ဩဇာအရှိဆုံး ဗဟိုဘဏ်ဖြစ်သည့်  Federal Reserve သည် ထိုမျှဖြင့် ရပ်မည်မဟုတ်ပေ။

"နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ အခြေခံ ဒသမ ၅၀ ထပ်တက်ဖို့ကိုမျှော်လင့်ထားပြီး နှစ်ကုန်မှာ ၄~၄.၂၅ ရာခိုင်နှုန်းအထိ အတိုးနှုန်းထားကို ရယူလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" ဟု ကျွမ်းကျင်သူတို့က ဆိုသည်။

.

ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏာန်းများအရ အမေရိကန်ပြည်ထောင်စုတွင် ပင်မငွေကြေးဖောင်းပွမှုမှာ ပူ‌လောင်နေဆဲဖြစ်ပြီး ပြီးခဲ့သောလတွင် ၆.၃ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့သည်။ Wall Street ၏ ခန့်မှန်းချက်ထက် ပိုမျာနေပါသည်။

..

မကြာသေးမီအထိ အမေရိကန် ပြည်တွင်း ငွေကြေးဖောင်းပွမှုသည်  ဗဟိုဘဏ်က ဩဇာမသက်ရောက်နိုင်သည့်  နိုင်ငံတကာ အကြောင်းအချက်များကြောင့် မြင့်တက်လာခဲ့ရသည်။

ယခုအခါ ပြည်တွင်းမှာ ကုန်ဈေးနှုန်းတက်သဖြင့် လုပ်ခများ မြင့်တက်ခြင်း၊ စီးပွားရေးလုပ်ငန်းများက ကုန်ကျစရိတ်များ မြင့်တက်သည့် ဝန်ထုပ်ဝန်ပိုးကို ရောင်းဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ခြင်းဖြင့် ပိုတိုးလာသည့် ဝန်ထုပ်ဝန်ပိုးကို စားသုံးသူတို့၏ ပခုံးပေါ်သို့  လွှဲပြောင်း တင်ပေးနေကြခြင်းတို့က အမေရိကန် ပြည်တွင်း ငွေကြေးဖောင်းပွမှုကို ကြီးထွားနေစေသည်ဟု လေ့လာသုံးသပ်သူများက စိုးရိမ်နေကြပါသည်။

Source oilprice
#MyanmarIndustriesGuide
To join Telegram Channel  https://t.me/Guid4U

 

Banking & Loan Read 1288 times