အမေရိကန်ဗဟိုဘဏ် အတိုးနှုန်း ထပ်မံမြှင့်တင်


22 September, 2022

အမေရိကန်ဗဟိုဘဏ် အတိုးနှုန်း  ၀.၇၅ % ထပ်မံမြှင့်တင်

 

အမေရိကန်ဗဟိုဘဏ် Federal Reserve သည် အမေရိကန်၏ အဓိက အတိုးနှုန်းကို ဗုဒ္ဓဟူးနေ့တွင် ထပ်မံ မြှင့်တင်ခဲ့ပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကို တိုက်ဖျက်နေချိန်တွင် အတိုးနှုန်းပိုမို မြင့်တက်ဦးမည်ဟု ပြောကြားခဲ့ပါသည်။ ယခုလို အတိုးနှုန်း အတက်ကြမ်းသဖြင့် စီးပွားရေး ကျဆင်းမည့်အရေးကို ပူပန်နေကြပါသည်။

 

 ဗဟိုဘဏ် မူဝါဒချမှတ်သည့်  Federal Open Market Committee (FOMC) က ၀.၇၅ ရာခိုင်နှုန်း ဆက်တိုက် တိုးလာခဲ့သည်မှာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်ပါသည်။ Federal Reserve ဥက္ကဋ္ဌ Jerome Powell က ရှင်းလင်းပြတ်သွားစွာ အသိပေးခဲ့ရာ၌ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင်  အမေရိကန် ငွေကြေးဖောင်းပွမှု  ထိန်းမနိုင်သိမ်းမရအောင် ဖြစ်ခဲ့ရသည့် အဖြစ်မျိုးသို့ ထပ်မရောက်ရလေအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  တာဝန်ရှိသူများသည် စီးပွားရေးအေးစေရန် ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ 

FOMC  အဖွဲ့ဝင်များက အမေရိကန် ဂျီဒီပီခုနှစ် ကြီးထွားနှုန်းကို ၀.၂% သာရရှိမည်ဟု မျှော်လင့်ထားပြီး ဖြစ်သည်။ ၂၀၂၃ တွင် ၁.၂% ရရှိမည်ဟု မျှော်မှန်းထားသည်။ FOMC အဖွဲ့ဝင်များသည် ယခုနှစ်နှင့် နောက်နှစ်များတွင် နှုန်းထားများ ထပ်မံတိုးလာသည်ကို မြင်တွေ့ရလိမ့်မည်ဖြစ်ပြီး ၂၀၂၄ ကျမှ ပြန်လျှော့ချဖို့ကို မျှော်လင့်နိုင်မည်ဟု ဆိုသည်။

 

Powell နှင့် အခြားသော ဗဟိုဘဏ်များမှ တူညီသော အမြင်သဘောထားမှာ- အတိုးနှုန်း မြင့်မားသဖြင့် နိုင်ငံ့စီးပွား အကျဘက်ရောက်သည်က ဆက်တိုက်မြင့်မားသော ငွေကြေးဖောင်းပွမှုထက် ပိုမိုကောင်းမွန်ပါသည်။ ငွေကြေးဖောင်းပွမှု ဆက်တိုက်မြင့်မားနေလျှင်  ကုန်ဈေးနှုန်းဒဏ်က နှိပ်စက်မည်။ အထူးသဖြင့် ကုန်ဈေးနှုန်းဒဏ် ခံနိုင်ရည် အနည်းဆုံး ဖြစ်သည့် လူများစုကို ဒုက္ခရောက်စေမည်။


သို့ဖြစ်ရာ ငွေကြေးဖောင်းပွမှုကို အတိုးနှုန်း မြှင့်တင်ခြင်းဖြင့် နိုင်အောင်တိုက်ရမည်ဖြစ်သည်။

 

#MyanmarIndustriesGuide

To join Telegram Channel  https://t.me/Guid4U

Banking & Loan Read 418 times