အမေရိကန်က  မှတ်ဉာဏ်ချစ်ပ် ထုတ်လုပ်သည့် စက်ပစ္စည်းများ တရုတ်သို့ ပေးပို့ခွင့် ပိတ်ပင်ရန် စဉ်းစားနေ


06 August, 2022

အမေရိကန်က  မှတ်ဉာဏ်ချစ်ပ် ထုတ်လုပ်သည့် စက်ပစ္စည်းများ တရုတ်သို့ ပေးပို့ခွင့် ပိတ်ပင်ရန် စဉ်းစားနေ

 

 Yangtze Memory Technologies Co Ltd (YMTC) အပါအဝင် တရုတ်နိုင်ငံရှိ Memory ချစ်ပ်ထုတ်လုပ်သူများထံသို့ အမေရိကန် ချစ်ပ်ပြုလုပ်သည့် စက်ပစ္စည်းများ တင်ပို့မှုကို ကန့်သတ်ရန် အမေရိကန်အစုိးရက စဉ်းစားနေပါတယ်။ 

 တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍ တိုးတက်မှုကို ရပ်တန့်သွား‌ေစရန်နှင့် အမေရိကန်ကုမ္ပဏီများကို ကာကွယ်ရန်အတွက် ဖြစ်ပါတယ်။

 

သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက ပိတ်ပင်မှုကို  ဆက်လက်လုပ်ဆောင်ပါက တောင်ကိုးရီးယား မမှတ်သားမှုချစ်ပ် ကစားသမားများ ဖြစ်ကြတဲ့ Samsung Electronics Co Ltd  နှင့် SK Hynix Inc  တို့လည်း တစ်နွယ်ငင် တစ်စင်ပါ ထိခိုက်နိုင်ပါတယ်။

 

တရုတ်ပြည်မှာ Samsung ရဲ့ အကြီးစား ချစ်ပ်စက်ရုံကြီးနှစ်ခု ရှိနေပါတယ်။ 

 Intel Corp ရဲ့ တရုတ်ပြည်မှာ တည်ရှိတဲ့ NAND flash memory ချစ်ပ်ထုတ်လုပ်ရေး စက်ရုံကို SK Hynix Inc က ဝယ်ယူထားပါတယ်။

စီမံချက်ကို အတည်ပြု သက်ရောက်စေခဲ့ရင် အဆင့်မြင့် NAND ချစ်ပ် ထုတ်လုပ်နေတဲ့ တရုတ်ပြည်ရှိ စက်ရုံများထံသို့ ချစ်ပ်ပြုလုပ်တဲ့ စက်ပစ္စည်းများ တင်ပို့မှုကိုလည်း ပိတ်ပင်မှာ ဖြစ်ပါတယ်။ 

တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ မှတ်သားမှုချစ်ပ်တွေထဲမှ စစ်ရေးအတွက် ယူသုံးတာ မုချ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေး ရှုထောင့်အရ ခွင့်မပြုနိုင်စရာ ဖြစ်နေပါတယ်။

 

ပိတ်ပင်ဖို့ ပြဋ္ဌာန်းလိုက်ရင် ပြိုင်ဘက်တရုတ်ပြည်ဖြစ်ချစ်ပ်များ ဈေးကွက်ထဲ မရှိသလောက် ဖြစ်သွားပြီး အမေရိကန်နိုင်ငံမှ ချစ်ပ် ထုတ်လုပ်သူများကို စီးပွားရေးအရ ချစ်ပ်ဈေးကွက်ထဲမှာ ကာကွယ်ပေးရာ ရောက်ပါတယ်။ 

တရုတ်နိုင်ငံမှ Yangtze Memory Technologies Corp YMTC က NAND ချစ်ပ် ထုတ်လုပ်မှု စွမ်းပကားကြီးမားပါတယ်။ တရုတ်အစိုးရက ပြည်တွင်းချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းများကို အထောက်အပံ့ ကန်ဒေါ်လာ ၂၄ ဘီလီယံ ပေးအပ်ခဲ့တဲ့အထဲ YMTC လည်း ပါဝင်တာကြောင့် YMTC က NAND ချစ်ပ်များကို ဈေးပနိမ့်များဖြင့် ရောင်းချတဲ့အတွက် အမေရိကန်မှ ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန် Micron Technology Inc နှင့် Western Digital Corp တို့ အခက်တွေ့ကြပါတယ်။

Western Digital Corp နှင့် Micron Technology Inc တို့က NAND ချစ်ပ်ဈေးကွက်ထဲမှာ ကုမ္ပဏီနှစ်ခုပေါင်း ဈေးကွက်ဝေစု ၂၅% ဝန်းကျင် ရရှိထားကြပါတယ်။

 NAND က  Boolean လောဂျစ်မှာ မှန်/မှား ထုတ်ပြန်ချက်အတွက် တန်ဖိုးများကို နှိုင်းယှဉ်တဲ့အခါ သုံးနှုန်းတဲ့ ပညာရပ် အသုံးအနှုန်း "NOT AND" ကို   ဆိုလိုပါတယ်။

ယေဘုယျအားဖြင့် NAND ချစ်ပ်အရွယ်အစားက လက်ခလယ် လက်သည်းအရွယ်လောက် ဖြစ်ပါတယ်။ ဒေတာ အမြောက်အမြားကို သိမ်းဆည်းပေးထားနိုင်ပါတယ်။ 

 NAND မှတ်သားမှု ချစ်ပ်ကို NAND Flash chip, memory chip စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ မှတ်သားသိမ်းဆည်းဖို့အတွက် ပစ္စည်းကိရိယာများမှာ သုံးစွဲပါတယ်။ အနီးစပ်ဆုံး ဥပမာတစ်ခုကို ပြောရရင် စမတ်ဖုန်းမှာ ဓာတ်ပုံများ၊ ရုပ်ပုံများ၊ သီချင်းများ၊ ဗီဒီယိုများ စသည်တို့ကို မှတ်သားသိမ်းဆည်းပေးဖို့ သုံးစွဲပါတယ်။ 

စမတ်ဖုန်း၊ ကွန်ပျူတာစတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းများမှာ NAND ချစ်ပ်ကို သုံးကြတဲ့အပြင် Amazon, Facebook, Google အစရှိတဲ့ လုပ်ငန်းများရဲ့ ဒေတာစင်တာတွေမှာလည်း သုံးစွဲပါတယ်။

 

ဖုန်းတစ်လုံးမှာ ဒေတာ gigabytes ဘယ်လောက်အထိ မှတ်သားသိမ်းဆည်းပေးထားနိုင်သလဲဆိုတာ NAND ချစ် ဘယ်နှခု သုံးထားသလဲ၊ NAND ချစ်ပ် ဘယ်လောက်အဆင့်မြင့်သလဲဆိုတဲ့အချက်များအပေါ် မူတည်ပါတယ်။

တရုတ်နိုင်ငံတွင် ၁၂၈ လွှာအထက် NANDချစ်ပ်များ ထုတ်လုပ်လျက် ရှိရာ အမေရိကန်မှ စက်ပစ္စည်းများကို အသုံးပြုပါတယ်။ စက်ပစ္စည်းများ အဓိကတင်ပို့တဲ့ လုပ်ငန်းနှစ်ခုက 

LAM Research Corp နှင့်  Applied Materials တို့ ဖြစ်ပါတယ် 

ချစ်ပ်ပြုလုပ်တဲ့ စက်ပစ္စည်းများ တရုတ်ပြည်သို့ တင်ပို့မှု ပိတ်ပင်ဖို့ စဉ်းစားနေတဲ့အထဲမှာ တရုတ်ပြည်ရဲ့ အကြီးမားဆုံး ချစ်ပ်လုပ်ငန်း Semiconductor Manufacturing International Corporation  SMIC သုံးစွဲနေတဲ့ အမေရိကန်ပြည်ဖြစ် စက်ပစ္စည်းများလည်း အကျုံးဝင်ပါတယ်။ SMIC က အဆင့်မြင့် လောဂျစ် ချစ်ပ်များ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

 

ပြည်တွင်းချစ်ပ်ထုတ်လုပ်မှုတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမေရိကန်ပြည်ထောင်စုမှ လုပ်ငန်းများက  တရုတ်နိုင်ငံမှ လုပ်ငန်ူများနှင့် ယှဉ်ပြိုင်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်တဲ့ ဥပဒေတစ်ရပ်ကို ပြီးခဲ့တဲ့သီတင်းပတ်တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အဆိုပါ အထောက်အပံ့ကို ရယူထားတဲ့ အမေရိကန်ကုမ္ပဏီများကုိ တရုတ်ပြည်မှာ အဆင့်မြင့် ချစ်ပ်များ ထုတ်လုပ်ခွင့် တားမြစ်ထားပါတယ်။ 

 

 တရုတ်နိုင်ငံမှာ NAND ချစ်ပ်ထုတ်လုပ်မှုဟာ  ကမ္ဘာတစ်ဝှမ်း ထုန်လုပ်မှု စုစုပေါင်းရဲ့ ၁၄% အောက်တွင်သာ ၂၀၁၉ တွင် ရှိခဲ့ရာမှ  ယခုနှစ်တွင် ၂၃% ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။

 အမေရိကန်ချစ်ပ်ထုတ်လုပ်မှုက ၂၀၁၉ မှာ ၂.၃ % ရှိခဲ့ပြီး ယခုအခါ ၁.၆% မျှသာ ရှိပါတော့တယ်။ အခုလို ကျဆင်းရတဲ့ အဓိကအကြောင်းရင်းက အမေရိကန်ကုမ္ပဏီများက ၎င်းတို့ရဲ့ ချစ်ပ်ထုန်လုပ်မှု အားလုံးနီးပါးကို တရုတ်ပြည်အပါအဝင် ပြည်ပမှာ ထုတ်လုပ်နေကြလို့ ဖြစ်ပါတယ်။

 #MyanmarICTGuide 

 Telegram Channel https://t.me/Guid4U

Source: Reuters

Export, Import Global News Read 743 times