အမေရိကန်က တရုတ် အဖွဲ့အစည်းခုနစ်ခုကို ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင်  ထပ်ဖြည့်ထည့်


25 August, 2022

အမေရိကန်က တရုတ် အဖွဲ့အစည်းခုနစ်ခုကို ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင်  ထပ်ဖြည့်ထည့်

 
အမေရိကန်သည် ၎င်း၏ ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင် တရုတ်နိုင်ငံမှ  အာကာသနှင့် သက်ဆိုင်သည့်  အဖွဲ့အစည်း ၇ ခုကို ထည့်သွင်းပါသည်။
အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိုးရိမ်မကင်းဖြစ်စရာများကြောင့် အဆိုပါစာရင်းတွင် ထည့်သွင်းရခြင်းဖြစ်ကြောင်း  အမေရိကန်ကုန်သွယ်ရေးဌာနက အင်္ဂါနေ့ (ဩဂုတ် ၂၃) တွင် အွန်လိုင်းမျာ ထုတ်ပြန်သည့် အသိပေးကြေညာချက်တွင် ဖော်ပြထားပါသည်။
 
ပို့ကုန်ထိန်းချုပ်မှုစာရင်းမှာ ထပ်ထည့်သည့် အဖွဲ့အစည်း ၇ ခုမှာ 
 

  • China Aerospace Science and Technology Corporation 9th Academy 771 Research Institute, 
  • China Aerospace Science and Technology Corporation 9th Academy 772 Research Institute, 
  • China Academy of Space Technology 502 Research Institute, 
  • China Academy of Space Technology 513 Research Institute, 
  • China Electronics Technology Group Corporation 43 Research Institute, 
  • China Electronics Technology Group Corporation 58 Research Institute, 
  •  Zhuhai Orbita Control Systems 

 

 တို့ ဖြစ်ပါသည်။
 
ဤအဖွဲ့အစည်းများသို့ အမေရိကန် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးသွင်းသည့်သူများသည် မည်သည့်ကုန်ပစ္စည်းကိုမဆို မပို့ဆောင်မီ ပို့ကုန်လိုင်စင်‌ေလျှာက်ထားရန် လိုအပ်မည်ဖြစ်ပါသည်။
Source Reuters
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Export, Import Read 374 times