Uniqlo မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍတွင် ထုတ်လုပ်မှု ရပ်ဆိုင်း


30 March, 2023

Uniqlo မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍတွင် ထုတ်လုပ်မှု ရပ်ဆိုင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဂျပန်နိုင်ငံ၏ Fast Retailing နှင့် UK ကုမ္ပဏီကြီး Marks & Spencer ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ အဝတ်အထည် လက်လီအရောင်းဆိုင် လုပ်ငန်းများသည် လူ့အခွင့်အရေးနှင့် အလုပ်သမား‌အရေးဆိုင်ရာ စိုးရိမ်မှုများအပြင် လုပ်ငန်းများလည်ပတ်ရန် အခက်အခဲများကြောင့် မြန်မာနိုင်ငံတွင် ချုပ်ထည်များ  ထုတ်လုပ်မှုကို ရပ်ဆိုင်းကြပါသည်။

.
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်  နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ အစီအရီ တသီတတန်း ထွက်ခွာသွားခဲ့ကြသည်။
အထူးသဖြင့် စစ်တပ်နှင့် ဆက်စပ်နေသော ပြည်တွင်းလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်‌နေသော လုပ်ငန်းများ ထွက်ခွာကြသည်။
အဝတ်အထည်အမှတ်တံဆိပ်များသည် ခြွင်းချက်အနေဖြင့် အထည်ချုပ် စက်ရုံငယ်များတွင် ဆက်လက်ထုတ်လုပ်ခဲ့ပါသည်။ 

ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်ကြောင့် ဆက်လက်လုပ်ကိုင်ရန် မသင့်ဟု ဆုံးဖြတ်သော brand များသည် မြန်မာနိုင်ငံကို ကျောခိုင်းကြပါသည်။ 

.

ယခု နောက်ဆုံး ထွက်ခွာသည့် လုပ်ငန်းတစ်ခုမှာ ပေါ့ပေါ့ပါးပါး ထသွားထလာ အဝတ်အစားများ အဓိကထားသည့် ဂျပန် brand တစ်ခု ဖြစ်သော Uniqlo အဝတ်အထည် လက်လီအရောင်းဆိုင်များ လုပ်ငန်းကို လုပ်ကိုင်သည့် Fast Retailing ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လက်တွဲလုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်း စက်ရုံများနှင့် လက်တွဲဖြုတ်လိုက်ပါသည်။
Uniqlo ၏ နောက်ထပ် brand တစ်ခု ဖြစ်သော GU အတွက် ရှပ်အင်္ကျီများနှင့် အပေါ်အင်္ကျီ ဂျက်ကက်များကို မြန်မာနိုင်ငံမှ အထည်ချုပ်စက်ရုံများတွင် အလုပ်အပ်နှံပြီး ချုပ်လုပ်သည်ကို ရက်လိုက်ပြီဟု ကုမ္ပဏီက ပြောကြားပါသည်။ ၂၀၂၃  ဆောင်းဦးရာသီအတွက် ချုပ်ထည်များဖြင့် အဆုံးသတ်ပြီဟု ဆိုပါသည်။ 
.
ယခုလို မြန်မာနိုင်ငံမှ ထုတ်လုပ်မှု ရုပ်သိမ်းလိုက်သည့်အတွက် Fast Retailing အပေါ် ထိခိုက်မှု အနည်းအကျဉ်းသာ ဖြစ်ပေါ်နိုင်ပါသည်။ 
Fast Retailing တွင် တရုတ်နှင့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ကုန်ထုတ်လုပ်မှု မိတ်ဖက်ပေါင်း ၄၃၀ ကျော် ရှိပါသည်။

Advertisement

Click Here > T & D Power Tech

 .
Muji အိမ်သုံးပစ္စည်းများ အရောင်းဆိုင်များကို လုပ်ကိုင်သည့် Ryohin Keikaku သည် ဂျက်ကက်နှင့် အခြားချုပ်ထည်များ မြန်မာနိုင်ငံမှ ရယူခြင်းကို ဩဂုတ်လတွင် အဆုံးသတ်ရန် စီစဉ်နေပါသည်။
Marks & Spencer သည် ယခုမတ်လတွင် ထွက်မည်ဟု ပြီးခဲ့သည့်နှစ်က ကြေညာခဲ့သည်။
ကုမ္ပဏီသည် ပစ္သည်းထောက်ပံ့ရေးကွင်းဆက်၏ မည်သည့်အစိတ်အပိုင်းမှာမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို သည်းခံပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
.
 အိုင်ယာလန် အမြန်ဖက်ရှင် လက်လီရောင်းချသူ Primark ကလည်း မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ပြောကြားခဲ့သည်။
 ဖေဖေါ်ဝါရီလနှောင်းပိုင်းတွင် Primark အတွက် အဝတ်အထည်များ ချုပ်လုပ်သည့် စက်ရုံနှစ်ရုံ ရုတ်တရက်ပိတ်သွားသဖြင့် အလုပ်သမားဦးရေ ၂, ၂၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း အလုပ်သမားသမဂ္ဂတစ်ခုက ဆိုသည်။
အိုင်ယာလန်ကုမ္ပဏီထံ ချုပ်ထည် ပေးသွင်းသူများ၏ ရုတ်တရက်ပိတ်လိုက်ခြင်းသည် ၎င်း၏ကျင့်ဝတ်စည်းကမ်းကို ချိုးဖောက်ရာရောက်သည်ဟု Primark က ဆိုသည်။ 
“အလုပ်သမားအားလုံးကို အပြည့်အဝ ပေးဆောင်မယ်ဆိုတာ အခု အတည်ပြုနိုင်ပါပြီ” ဟု အလုပ်သမားများထံ ပေးဆောင်ရမည့် လစာနှင့် လျော်ကြေးများကို ရည်ညွှန်းပြောဆိုသည်။ 
.
လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပိုပိုဆိုးလာခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ် ပြတ်တောက်မှုများသည် အချိန်မီ ချုပ်လုပ် ပြီးစီးဖို့ ခက်ခဲနေ‌စေပြီး အချိန်မီ ပေးပို့နိုင်အောက်  စီမံခန့်ခွဲမှုပေးနိုင်ဖို့ ခဲယဉ်းနေစေသည်။

.
ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အဝတ်အထည်တင်ပို့မှု မြင့်တက်လာသည်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်း စံချိန်သစ်အဖြစ် ယမန်နှစ်တွင် ကန်ဒေါ်လာ ၄.၇ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့သည် မြန်မာမှ  တင်သွင်းမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
.
ဖက်ရှင်လက်လီအရောင်းဆိုင်လုပ်ငန်း Zara ၏ မိခင်လုပ်ငန်း စပိန်မှ Inditex နှင့်  ဆွီဒင်နိုင်ငံမှ H&M တို့သည် မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်လျက် ရှိသည်။
“လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံက လူတော်တော်များများဟာ သူတို့ရဲ့ စားဝတ်နေရေး အတွက် နိုင်ငံတကာ ကုမ္ပဏီတွေကို မှီခိုနေရတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ သတိချပ်မိပါတယ်" ဟု H&M ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။
Source nikkei asia 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Export, Import Investment/Divestment Read 661 times