ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ


21 September, 2018

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။

ဝင်ကြေးငွေပေးသွင်း

******

မြန်မာ့ ကျောက်မျက်ရတနာဥပဒေ ၊ နည်းဥပဒေများနှင့် အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း ၊ ကျောက်မျက်ရတနာရောင်းချပွဲသို့တက်ရောက် ဝယ်ယူလိုသော နိုင်ငံသားရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

တက်ရောက်ခွင့်ပြု

******

ကျောက်မျက်ရတနာရောင်းချပွဲသို့ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ ၊ ကျောက်မျက်ရတနာကုမ္ပဏီ မှတ်ပုံတင်ရရှိပြီးသူများ ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

တင်ပြရောင်းချလိုလျှင်

******

ရောင်းချပွဲတွင် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်စိမ်းအတွဲ စာရင်း လျှောက်လွှာများကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း ကျောက်စိမ်းလုပ်ငန်းကော်မတီသို့လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ရောင်းချပွဲတွင်တင်ပြရောင်းချမည့် ကျောက်မျက်ရတနာများ စစ်ဆေးလက်ခံခြင်း ၊ အခြေခံရောင်းဈေးညှိနှိုင်းသတ်မှတ်ခြင်း ၊ ခင်းကျင်းနေရာချထားခြင်းများကို အောက်တိုဘာ ၁၀ ရက်မှ ၃၁ ရက်အထိ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရောင်းချပွဲသို့တက်ရောက်လိုသော နိုင်ငံသား ရတနာကုန်သည်များကို နိုဝင်ဘာ ၅ ရက်မှစ၍ နေပြည်တော် ၊ မဏိရတနာ ကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင် အဆောက်အအုံတွင် ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ခြင်း

******

နိုင်ငံသား ရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့် ပုံစံများကို ဝန်ကြီးဌာန

Website www.mining.gov.mm နှင့် မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း

Website www.mge.gov.mm တွင် Download ရယူနိုင်ကြောင်း ၊ Online မှတဆင့် လျှောက်ထားလိုပါက

Website www.mge.gov.mm, On-Line Pre-Registration System တွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Source: Xinhua

Events & Exhibition Read 620 times